Isaiah 56:11
သူတို့သည်စား၍အားမရနိုင်၊ လောဘကြီး သည့်ခွေးများနှင့်တူကြ၏။ သူတို့သည်ကား အသိတရားကင်းမဲ့သည့်ခေါင်းဆောင်များ တည်း။ မိမိတို့နှစ်သက်ရာကိုကိုယ်စီကိုယ်ငှ ဆောင်ရွက်ကြလျက်ကိုယ်ကျိုးကိုသာလျှင် ရှာကြံတတ်ကြ၏။-
Common Language Bible
In The King James Version
In Context
Cross References
Numbers 22:7ထို့ကြောင့်မောဘအမျိုးသားနှင့်မိဒျန် အမျိုးသားခေါင်းဆောင်တို့သည် ခြေကြွခ ငွေကိုယူဆောင်၍ ဗာလမ်ထံသို့သွားပြီး လျှင်ဗာလက်၏လျှောက်ထားချက်ကို တင်ပြကြလေသည်။-
1 Samuel 2:12ဧလိ၏သားတို့သည်သူယုတ်မာများဖြစ် ကြ၏။ သူတို့သည်ထာဝရဘုရားကိုလည်း ကောင်း၊-
Ecclesiastes 5:10ငွေကိုတပ်မက်သောသူသည် ငွေနှင့်အလိုဆန္ဒ မပြေနိုင်။ စည်းစိမ်ကိုတပ်မက်သောသူသည် စည်းစိမ် တိုးပွားသော်လည်း မရောင့်ရဲနိုင်။ ထိုအမှုအရာသည် လည်း အနတ္တဖြစ်၏။
Isaiah 57:17ငါသည်သူတို့၏အပြစ်များနှင့်လောဘ လွန်ကူးမှုများအတွက်အမျက်ထွက်သဖြင့် သူတို့အားအပြစ်ဒဏ်ခတ်၍သူတို့ထံမှ လွှဲရှောင်ခဲ့၏။ သို့သော်လည်းသူတို့သည်ခေါင်း မာလျက် မိမိတို့ပြုလိုရာပင်ပြုကျင့်လျက် နေကြ၏။
Jeremiah 22:17``သို့ရာတွင်သင်မူကားတစ်ကိုယ်ကောင်းစိတ်နှင့် မိမိအကျိုးရှိမှုကိုသာလျှင်စိတ်ဝင်စား၏။ အပြစ်မဲ့သူတို့ကိုသတ်ဖြတ်၍မိမိ၏ အမျိုးသား တို့အားပြင်းပြင်းထန်ထန်နှိပ်စက်ညှင်းပန်း၏။''
Ezekiel 34:2ကိုယ်တော်က``အချင်းလူသား၊ ဣသရေလ အမျိုးသားတို့၏သိုးထိန်းတို့အားရှုတ် ချလော့။ သူတို့အားငါအရှင်ထာဝရ ဘုရားထံတော်မှဗျာဒိတ်တော်ကိုဆင့်ဆို ရမည်မှာ အချင်းဣသရေလအမျိုးသား များ၏သိုးထိန်းတို့၊ သင်တို့သည်အမင်္ဂလာ ရှိကြ၏။ သင်တို့သည်မိမိတို့ကိုယ်ကို ကျွေးမွေးပြုစုကြသော်လည်းသိုးများ ကိုမူမစောင့်ထိန်းကြ။-