Isaiah 56:3
ထာဝရဘုရား၏လူမျိုးတော်တွင်ပါဝင်လာ သူလူမျိုးခြားတစ်စုံတစ်ယောက်သည်``ငါ့အား ထာဝရဘုရားသည် မိမိလူမျိုးတော်နှင့်အတူ ဝတ်ပြုကိုးကွယ်ခွင့်ပြုလိမ့်မည်မဟုတ်'' ဟု မဆိုသင့်။ မိန်းမစိုးတစ်စုံတစ်ယောက်ကလည်း မိမိသည် သားသမီးမရနိုင်သဖြင့်၊ ဘုရားသခင်၏ လူမျိုးတော်တွင်အပါအဝင်မဖြစ်နိုင်ဟု အဘယ်အခါ၌မျှမဆိုအပ်။-
Common Language Bible
In The King James Version
In Context
Cross References
Numbers 18:4သူတို့သည်သင်နှင့်အတူတဲတော်နှင့်ဆိုင် သောတာဝန်များကိုထမ်းဆောင်ရမည်။ လေဝိ အနွယ်ဝင်မှတစ်ပါးအခြားမည်သူမျှ သင်နှင့်အတူတဲတော်တာဝန်ကိုမဆောင် ရွက်စေရ။-
Deuteronomy 23:1``သင်းကွပ်ထားသောယောကျာ်း သို့မဟုတ် ယောကျာ်းတန်ဆာပြတ်နေသူအား ထာဝရ ဘုရား၏လူမျိုးတော်စာရင်းတွင်မပါ ဝင်စေရ။
Deuteronomy 23:9``သင်တို့သည်ရန်သူကိုစစ်ချီတိုက်ခိုက်နေ စဉ် တပ်စခန်း၌ဘာသာရေးထုံးနည်းအရ မသန့်ရှင်းမှုဟူသမျှကိုရှောင်ကြဉ်ရမည်။-
Isaiah 14:1ထာဝရဘုရားသည်မိမိ၏လူမျိုးတော်ဣသ ရေလအမျိုးသားတို့အား တစ်ဖန်ကရုဏာသက် တော်မူပြန်၏။ မိမိပိုင်ဆိုင်သူများအဖြစ်ဖြင့် ရွေးချယ်တော်မူလိမ့်မည်။ ကိုယ်တော်သည်သူ တို့အားမိမိတို့နေရင်းပြည်၌ပြန်လည်နေ ထိုင်ခွင့်ပြုတော်မူလိမ့်မည်။ လူမျိုးခြားများ သည်သူတို့နှင့်အတူလာရောက်နေထိုင် ကြလိမ့်မည်။-
Isaiah 56:5ငါ၏ထံမှသားသမီးများထက်မွန်မြတ် သည့်ဆုကျေးဇူးကိုခံစားရကြလိမ့်မည်။ ငါ၏ဗိမာန်တော်၌လည်းကောင်း၊ ငါ၏လူ မျိုးတော်ထဲ၌လည်းကောင်းမမေ့မပျောက် နိုင်သောအမည်နာမကိုခံယူရရှိကြလိမ့် မည်။ လူတို့သည်သင်တို့ကိုအဘယ်အခါ ၌မျှမေ့လျော့ကြလိမ့်မည်မဟုတ်'' ဟု မိန့်တော်မူ၏။
Jeremiah 39:16ကိုယ်တော်က``သင်သည်ဆူဒန်အမျိုးသား ဧဗဒမေလက်အား`ဣသရေလအမျိုးသား တို့၏ဘုရားသခင်၊ အနန္တတန်ခိုးရှင်ထာဝရ ဘုရားကငါသည်ယခင်ကဖော်ပြခဲ့သည့် အတိုင်းဤမြို့ကိုယိုယွင်းပျက်စီးစေမည်။ ယင်းကိုချမ်းသာကြွယ်ဝစေလိမ့်မည်မဟုတ်။ အချိန်ကျသောအခါဤအမှုအရာများ ဖြစ်ပျက်လာသည်ကိုတွေ့မြင်နိုင်ရန်သင် သည်ထိုမြို့တွင်ရှိနေပေလိမ့်မည်။-