The Bible Software
bible.software › Isaiah › Isaiah 57 › Isaiah 57:19

Isaiah 57:19

ဣ​သ​ရေ​လ​နိုင်​ငံ​ရှိ​ဝမ်း​နည်း​ပူ​ဆွေး​လျက် နေ​သူ​တို့​၏​နှုတ်​မှ​ကျေး​ဇူး​တော်​ချီး​မွမ်း ကြ​စေ၊ ရပ်​နီး​ရပ်​ဝေး​ရှိ​လူ​အ​ပေါင်း​တို့​အား ငြိမ်း​ချမ်း​သာ​ယာ​မှု​ကို​ငါ​ပေး​၏။ ငြိမ်​သက် ခြင်း​ကို​ငါ​ပေး​၏။ ငါ​၏​လူ​မျိုး​တော်​ကို​ငါ ကု​စား​မည်​ဟု ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​၏။-

Common Language Bible

In The King James Version

I create the fruit of the lips; Peace, peace to him that is far off, and to him that is near, saith the LORD; and I will heal him.

In Context

18``သူ​တို့​အ​ဘယ်​သို့​ပြု​မူ​ကျင့်​ကြံ​ကြ​သည် ကို​ငါ​မြင်​ရ​ပြီ။ သို့​ရာ​တွင်​ငါ​သည်​သူ​တို့ အား​ကု​စား​မည်။ ရှေ့​ဆောင်​လမ်း​ပြ​၍​ကူ​မ မည်။ သူ​တို့​အား​ငါ​နှစ်​သိမ့်​စေ​မည်။-

20သို့​ရာ​တွင်​ဆိုး​ညစ်​သူ​တို့​သည်​အ​မြဲ​လှုပ်​ရှား လျက် လှိုင်း​လုံး​များ​ဖြင့်​အ​ဆက်​မ​ပြတ်​ရိုက် ခတ်​ကာ၊ ရွှံ့​နှင့်​အ​မှိုက်​သ​ရိုက်​များ​ကို​ယူ ဆောင်​လာ​တတ်​သော​ပင်​လယ်​ရေ​နှင့်​တူ​ကြ​၏။-

Read all of Isaiah 57

Cross References

Isaiah 6:7သူ​သည်​ငါ့​နှုတ်​ခမ်း​ကို​မီး​ခဲ​နှင့်​တို့​ပြီး​လျှင် ``သင်​၏​နှုတ်​ခမ်း​သည်​ဤ​မီး​ခဲ​နှင့်​တို့​ထိ​ရ​ပြီး​ဖြစ်​သ​ဖြင့်​သင့်​မှာ​အ​ပြစ်​မ​ရှိ​တော့။ သင်​သည်​အ​ပြစ်​များ​မှ​ဖြေ​လွှတ်​၍​သွား​ပေ​ပြီ'' ဟု​ဆို​၏။

Jeremiah 33:6သို့​ရာ​တွင်​ငါ​သည်​မြို့​နှင့်​မြို့​သား​တို့​ကို ကု​စား​၍ ပြန်​လည်​ကျန်း​မာ​လာ​စေ​မည်။ မြို့ သူ​မြို့​သား​တို့​အား​ငြိမ်း​ချမ်း​သာ​ယာ​မှု နှင့်​ဘေး​မဲ့​လုံ​ခြုံ​မှု​တို့​ကို​ရ​ရှိ​ရန်​ငါ ပြ​သ​မည်။-

Hosea 14:5မိုး​ရေ​သည်​ခြောက်​သွေ့​သော​မြေ​ကို​စို​ပြေ​စေ သ​ကဲ့​သို့ ငါ​သည်​ဣ​သ​ရေ​လ​ပြည်​သား​တို့​အား စို​ပြေ​ပွင့်​လန်း​စေ​မည်။ သူ​တို့​သည်​ပန်း​ပင်​ကဲ့​သို့​ဖူး​ပွင့်​ကြ​လိမ့်​မည်။ လေ​ဗ​နုန်​တော​မှ​သစ်​ပင်​ကဲ့​သို့​အ​မြစ်​စွဲ​လိမ့်​မည်။

Mark 16:15ကိုယ်တော်က``သင်တို့သည်ကမ္ဘာအရပ်ရပ်သို့ သွား၍ လူသတ္တဝါအပေါင်းတို့အားသတင်း ကောင်းကိုဟောပြောကြေညာကြလော့။-

Luke 10:5သင်​တို့​မည်​သည့်​အိမ်​သို့​မ​ဆို​ဝင်​သော​အ​ခါ ``ဤ အိမ်​၌​ငြိမ်​သက်​ခြင်း​ရှိ​ပါ​စေ'' ဟု​ဦး​စွာ​မေတ္တာ ပို့​ကြ​လော့။-

Acts 2:39ထို​ဆု​ကျေး​ဇူး​ကို​ပေး​မည်​ဟူ​သော​ဘု​ရား သ​ခင်​၏​က​တိ​တော်​သည် သင်​တို့​အ​တွက်​လည်း ကောင်း၊ သင်​တို့​၏​သား​သ​မီး​များ​အ​တွက်​လည်း ကောင်း၊ ရပ်​ဝေး​ရှိ​သူ​တို့​အ​တွက်​လည်း​ကောင်း ဖြစ်​၏။ တစ်​နည်း​အား​ဖြင့်​ငါ​တို့​၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား ခေါ်​ယူ​တော်​မူ​သော​သူ​အ​ပေါင်း တို့​အ​တွက် ဖြစ်​၏'' ဟု​ဖြေ​ဆို​လေ​၏။

This Verse In Other Editions

King James VersionBíblia Portuguesa MundialLuther Bibel (Deutsch)Bible Louis Segond (Français)Библия (Русский)新标点和合本성경 (한국어)الكتاب المقدس باللغة العربية، فان دايكBibbia Diodati (Italiano)Kinh Thánh (Tiếng Việt)Biblia Cornilescu (Română)Polish Biblia Gdanska (1881)Statenvertaling (Nederlands)

Study Isaiah 57:19

Matthew HenryJamieson-Fausset-BrownAdam ClarkeJohn WesleyJohn CalvinKeil and DelitzschScofieldFamily Bible NotesGeneva Bible Notes (1599)
← Isaiah 57:18Isaiah 57Isaiah 57:20 →