Isaiah 57:2
သူတော်ကောင်းတို့သည်သေလွန်သောအခါ ငြိမ်းချမ်းစွာနားနေခွင့်ကိုရရှိကြ၏။
Common Language Bible
In The King James Version
He shall enter into peace: they shall rest in their beds, each one walking in his uprightness.
In Context
Cross References
2 Chronicles 16:14ဒါဝိဒ်မြို့တွင်သူ၏အတွက်ပြုလုပ်ထား သည့်ကျောက်ဂူတွင်သင်္ဂြိုဟ်ကြ၏။ ပြည်သူတို့ သည်သင်္ဂြိုဟ်ရန်အတွက်မင်းကြီး၏အလောင်း ကို နံ့သာမျိုးများ၊ ဆီမွှေးများနှင့်မွမ်းမံ ပြင်ဆင်ကြပြီလျှင်ဝမ်းနည်းကြေကွဲသည့် အထိမ်းအမှတ်ဖြင့်မီးပုံပွဲကြီးကို ကျင်းပကြလေသည်။
Ecclesiastes 12:7ထိုကာလ၌ မြေမှုန့်သည် နေရင်းမြေသို့၎င်း၊ ဝိညာဉ်သည် အရင်ပေးတော်မူသော ဘုရားသခင့်ထံသို့ ၎င်း ပြန်သွားရလိမ့်မည်။
Isaiah 26:7အို ထာဝရဘုရား၊ကိုယ်တော်ရှင်သည် သူတော်ကောင်းတို့လမ်းကိုဖြောင့်စေတော်မူပါ၏။ သူတို့သွားရသောခရီးလမ်းသည်လည်းညီညာ ပါ၏။
Ezekiel 32:25ဧလံသည်စစ်ပွဲတွင်ကျဆုံးသူများနှင့် အတူလဲ၍နေရ၏။ သူ၏ပတ်လည်၌စစ် သူရဲတို့၏သင်္ချိုင်းများရှိ၏။ ထိုသူတို့ အားလုံးပင်အရေဖျားလှီးမင်္ဂလာမခံသူ များနှင့်စစ်ပွဲတွင်ကျဆုံးသူများဖြစ် ကြ၏။ သူတို့သည်အသက်ရှင်စဉ်အခါ ကသူတစ်ပါးတို့အားတုန်လှုပ်ချောက် ချားအောင်ပြုခဲ့ကြသော်လည်း ယခု အခါ၌မူစစ်ပွဲတွင်ကျဆုံးသူတို့၏ ကံကြမ္မာကိုခံယူကာ မရဏာနိုင်ငံသို့ ဆင်းသက်သူများနှင့်အတူအသရေ ပျက်၍သေရကြလေပြီ။
Luke 1:6ထိုသူနှစ်ဦးလုံးပင်ဘုရားသခင်၏ရှေ့တော် တွင်သူကောင်းများဖြစ်ကြ၏။ ထာဝရဘုရား ၏ပညတ်တော်ရှိသမျှနှင့်ညွှန်ကြားတော်မူ ချက်များကိုတစ်သဝေမတိမ်းလိုက်နာကြ၏။-
Luke 7:50သို့ရာတွင်ကိုယ်တော်ကထိုအမျိုးသမီး အား ``သင်၏ယုံကြည်ခြင်းသည်သင့်ကိုကယ် တင်ပြီ။ စိတ်ချမ်းသာစွာသွားလော့'' ဟုမိန့် တော်မူ၏။