Isaiah 57:6
ထိုအရပ်မှချောမွတ်သည့်ကျောက်ခဲများကို ယူ၍ သင်တို့၏ဘုရားများအဖြစ်ကိုးကွယ် ကြ၏။ သင်တို့သည်စပျစ်ရည်ကိုသွန်းလောင်း၍ ထိုဘုရားတို့ကိုပူဇော်ကြ၏။ ဘောဇဉ်သကာကို ဆက်သကြ၏။ ဤသို့သင်တို့ပြုသည်ကိုငါ နှစ်သက်တော်မူသည်ဟု သင်တို့ထင်မှတ်ကြ ပါသလော။-
Common Language Bible
In The King James Version
In Context
7သင်တို့သည်တောင်မြင့်ပေါ်သို့တက်၍ယဇ် ပူဇော်လျက်ကာမရာဂစပ်ယှက်ကြ၏။-
Cross References
Deuteronomy 32:37ထိုအခါထာဝရဘုရားသည်မိမိ၏လူမျိုး တော်အား `သင်တို့ယုံကြည်ကိုးစားရာ၊တန်ခိုးကြီးသော ဘုရားများအဘယ်မှာရှိသနည်း။
Isaiah 66:3လူတို့သည်မိမိတို့စိတ်အလိုဆန္ဒအတိုင်း ပြုကျင့်တတ်ကြ၏။ သူတို့အတွက်နွားကို သတ်၍ယဇ်ပူဇော်ခြင်းသည်လူကိုသတ်၍ ပူဇော်ခြင်းနှင့်အတူတူဖြစ်၏။ သိုးကိုပူ ဇော်ခြင်းနှင့်ခွေးကိုပူဇော်ခြင်းအတူတူ ဖြစ်၏။ သီးနှံပူဇော်သကာသည်ဝက်သွေး ပူဇော်သကာနှင့်တူ၏။ နံ့သာပေါင်းကိုမီး ရှို့ပူဇော်ခြင်းသည်ရုပ်တုရှေ့တွင်ဆုတောင်း ခြင်းနှင့်အတူတူပင်ဖြစ်သည်။ သူတို့သည် စက်ဆုတ်ရွံရှာဖွယ်ကောင်းသည့်အရာများ ၌မွေ့လျော်တတ်ကြ၏။-
Jeremiah 5:9ဤအမှုအရာများအတွက်ငါသည်သူတို့အားအပြစ်ဒဏ်မခတ်ဘဲနေသင့်သလော။ ဤသို့သောပြည်သူတို့ကိုလက်စားမချေဘဲနေသင့်သလော။''
Jeremiah 7:18ကလေးသူငယ်များသည်ထင်းခွေ၍အမျိုး သားကြီးများကမီးမွေးကာအမျိုးသမီး ကြီးများက ကောင်းကင်မိဖုရားအမည်တွင် သောနတ်သမီးအားပူဇော်ရန်မုန့်ညက်ကို နယ်၍မုန့်ဖုတ်ကြ၏။ သူတို့သည်ငါ့စိတ်တော် မသာမယာစေရန်အခြားဘုရားများ အတွက် စပျစ်ရည်ပူဇော်သကာကိုလည်း သွန်းလောင်းဆက်သကြ၏။-
Jeremiah 19:13``ယေရုရှလင်မြို့ရှိအိမ်များနှင့်ယုဒဘုရင် တို့၏နန်းတော်များ မိမိတို့အမိုးပေါ်တွင် ကြယ်နက္ခတ်များအားနံ့သာပေါင်းဖြင့်မီးရှို့ ပူဇော်ရာအိမ်များနှင့်အခြားဘုရားများ အား စပျစ်ရည်ပူဇော်သကာသွန်းလောင်း ကြသည့်အိမ်မှန်သမျှတို့သည်တောဖက်မြို့ ကဲ့သို့ မသန့်စင်သည့်အရပ်များဖြစ်ရကြ လိမ့်မည်'' ဟုမိန့်တော်မူ၏။
Jeremiah 44:17ငါတို့သည်မိမိတို့ယခင်ကပြောကြားခဲ့ သည့်အမှုတို့ကိုသာပြုကြပါမည်။ ယုဒ မြို့များနှင့်ယေရုရှလင်လမ်းများတွင်ငါ တို့နှင့်ငါတို့ဘိုးဘေးများ၊ ငါတို့ဘုရင် နှင့်ခေါင်းဆောင်များပြုလေ့ရှိသည့်အတိုင်း ကောင်းကင်ဘုရင်မဟုအမည်တွင်သော နတ်သမီးကိုယဇ်ပူဇော်၍ သူ၏အဖို့ စပျစ်ရည်ပူဇော်သကာများကိုသွန်းလောင်း ပါမည်။ ထိုစဉ်အခါကငါတို့သည်ဝစွာ စားရကြ၏။ ချမ်းသာကြွယ်ဝလျက်ဘေး ဒုက္ခနှင့်ကင်းဝေးခဲ့ကြ၏။-