The Bible Software
bible.software › Isaiah › Isaiah 58 › Isaiah 58:12

Isaiah 58:12

သင်​တို့​အ​မျိုး​သား​များ​သည်​လည်း​ကြာ​မြင့် စွာ​ယို​ယွင်း​ပျက်​စီး​နေ​ခဲ့​သည့်​အ​ဆောက်​အ​ဦ များ​ကို​အုတ်​မြစ်​ဟောင်း​များ​အ​ပေါ်​တွင်​ပြန် လည်​တည်​ဆောက်​ရကြ​လိမ့်​မည်။ သင်​တို့​သည် ပြို​ပျက်​လျက်​ရှိ​သည့်​မြို့​ရိုး​များ​ကို​ပြု​ပြင် လျက်၊ ယို​ယွင်း​ပျက်​စီး​နေ​သော​အ​ဆောက် အ​ဦ​များ​နှင့် လမ်း​များ​ကို​ပြန်​လည်​တည် ဆောက်​သူ​များ​ဟု​ခေါ်​ဝေါ်​သ​မုတ်​ခြင်း ကို​ခံ​ရကြ​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။

Common Language Bible

In The King James Version

And they that shall be of thee shall build the old waste places: thou shalt raise up the foundations of many generations; and thou shalt be called, The repairer of the breach, The restorer of paths to dwell in.

In Context

11ငါ​သည်​လည်း​သင်​တို့​ကို​ထာ​ဝ​စဉ်​လမ်း​ပြ ပို့​ဆောင်​ကာ နေ​ပူ​ပြင်း​လျက်​ခြောက်​သွေ့​ရာ ဒေ​သ​၌​ကောင်း​မြတ်​သည့်​အ​စား​အ​စာ များ​အား​ဖြင့်​ရောင့်​ရဲ​စေ​မည်။ သင်​တို့​အား ကျန်း​မာ​သန်​စွမ်း​စေ​မည်။ သင်​တို့​သည်​ရေ အ​လုံ​အ​လောက်​ရ​ရှိ​သည့်​ဥ​ယျာဉ်​ကဲ့​သို့ လည်း​ကောင်း၊ အ​ဘယ်​အ​ခါ​၌​မျှ​မ​ခန်း မ​ခြောက်​သည့်​စမ်း​ချောင်း​ကဲ့​သို့​လည်း​ကောင်း ဖြစ်​လိမ့်​မည်။-

13ထာ​ဝ​ရ​ဘု​ရား​က``အ​ကယ်​၍​သင်​တို့​သည် ဥ​ပုသ်​နေ့​ကို​သန့်​ရှင်း​မြင့်​မြတ်​သည့်​နေ့​အ ဖြစ်​ထား​ရှိ​လျက်၊ ထို​နေ့​၌​ကိုယ်​ကျိုး​ရှာ​လုပ် ငန်း​များ​ကို​ရှောင်​ရှား​ကြ​မည်​ဆို​လျှင်​လည်း ကောင်း၊ အ​ကယ်​၍​သင်​တို့​သည်​မိ​မိ​နှစ်​သက် သော​ခ​ရီး​သွား​ခြင်း၊ နှစ်​သက်​သော​အ​လုပ် လုပ်​ခြင်း၊ သို့​မ​ဟုတ်​အ​ကျိုး​မ​ရှိ​သော​စ​ကား များ​ကို​ပြော​ဆို​ခြင်း​တို့​ကို​ရှောင်​ကြဉ်​၍၊ ငါ​၏ မြင့်​မြတ်​သန့်​ရှင်း​သည့်​နေ့​တော်​ကို​နှစ်​သက် လျက် တန်​ဖိုး​ထား​ကာ​ရို​သေ​လေး​စား​ကြ မည်​ဆို​လျှင်​လည်း​ကောင်း၊-

Read all of Isaiah 58

Cross References

Nehemiah 2:17သို့​ရာ​တွင်​ယ​ခု​ငါ​သည်​သူ​တို့​အား``ယေ​ရု ရှ​လင်​မြို့​သည်​ယို​ယွင်း​ပျက်​စီး​လျက်​မြို့​ရိုး များ​သည်​လည်း​ပြို​ကျ​လျက်​နေ​သ​ဖြင့် ငါ တို့​အ​ဘယ်​သို့​ဒုက္ခ​ရောက်​နေ​သည်​ကို​သင် တို့​သိ​ကြ​၏။ ငါ​တို့​ဆက်​လက်​၍​အ​ရှက်​ကွဲ ခြင်း​မ​ခံ​ရ​စေ​ရန်​မြို့​ရိုး​တို့​ကို​ပြန်​လည် ပြု​ပြင်​ကြ​ကုန်​အံ့'' ဟု​ပြော​ဆို​ပြီး​လျှင်၊-

Nehemiah 6:1ငါ​တို့​သည်​မြို့​တံ​ခါး​များ​ကို​မ​တပ်​ဆင် ရ​ကြ​သေး​သော်​လည်း မြို့​ရိုး​ကို​တည်​ဆောက် ပြီး​ကြောင်း​ကို​လည်း​ကောင်း၊ မြို့​ရိုး​တွင်​ပေါက် ပျက်​နေ​သည့်​နေ​ရာ​များ​လည်း​မ​ရှိ​တော့ ကြောင်း​ကို​လည်း​ကောင်း​သမ္ဘာ​လတ်၊ တော​ဘိ၊ ဂေ​ရှင်​နှင့်​အ​ခြား​ရန်​သူ​များ​ကြား​သိ ကြ​၏။-

Isaiah 49:8ထာ​ဝ​ရ​ဘု​ရား​သည်​မိ​မိ​၏​လူ​မျိုး​တော်​အား ``သင်​တို့​ကို​ကယ်​ရန်​အ​ချိန်​ကျ​သော​အ​ခါ၊ ငါ​သည်​သင်​တို့​အား​အ​ခွင့်​အ​ရေး​ပေး​၍၊ ကူ​မ​တော်​မူ​ရန်​သင်​တို့​ဟစ်​အော်​သံ​ကို နား​ညောင်း​မည်။ ငါ​သည်​သင်​တို့​အား​ထိန်း​သိမ်း​ကွယ်​ကာ စောင့်​ရှောက်​မည်။ သင်​တို့​အား​ဖြင့်​လူ​အ​ပေါင်း​တို့​နှင့်​လည်း ပ​ဋိ​ညာဉ်​ဖွဲ့​မည်။ ယ​ခု​ယို​ယွင်း​ပျက်​စီး​လျက်​ရှိ​သည့်​သင်​တို့ ၏​ပြည်​တွင်၊ တစ်​ဖန်​အ​တည်​တ​ကျ​ပြန်​လည်​နေ​ထိုင်​ခွင့်​ကို သင်​တို့​အား​ငါ​ပေး​မည်။

Isaiah 52:9အ​ချင်း​ယို​ယွင်း​ပျက်​စီး​လျက်​ရှိ​သည့် ယေ​ရု​ရှ​လင်​အ​ဆောက်​အ​ဦ​တို့၊အား​ရ​ရွှင်​လန်း​စွာ ကြွေး​ကြော်​ကြ​လော့။ ထာ​ဝ​ရ​ဘု​ရား​သည်​မိ​မိ​၏​လူ​မျိုး​တော်​အား နှစ်​သိမ့်​စေ​တော်​မူ​ပြီ။ ကိုယ်​တော်​သည်​ယေ​ရု​ရှ​လင်​မြို့​တော်​ကို ကယ်​တင်​တော်​မူ​ပြီ။

Jeremiah 31:38ထာ​ဝ​ရ​ဘု​ရား​က``မြို့​တော်​တစ်​ခု​လုံး​ကို ဟာ​န​နေ​လ​ရဲ​တိုက်​မှ မြို့​ထောင့်​တံ​ခါး​တိုင် အောင်​ပြန်​လည်​တည်​ဆောက်​ရ​မည့်​အ​ချိန် ကာ​လ​ကျ​ရောက်​လာ​လိမ့်​မည်။-

Ezekiel 36:8သို့​ရာ​တွင်​ဣ​သ​ရေ​လ​တောင်​များ​၌​မူ​ကား သစ်​ပင်​တို့​သည်​အ​ရွက်​များ​ပြန်​၍​ထွက်​လာ ပြီး​လျှင် ငါ​၏​လူ​မျိုး​တော်​ဖြစ်​သော​အ​သင် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အ​တွက်​အ​သီး များ​သီး​ကြ​လိမ့်​မည်။ သင်​တို့​သည်​မ​ကြာ​မီ မိ​မိ​တို့​ပြည်​သို့​ပြန်​ရ​ကြ​အံ့။-

This Verse In Other Editions

King James VersionBíblia Portuguesa MundialLuther Bibel (Deutsch)Bible Louis Segond (Français)Библия (Русский)新标点和合本성경 (한국어)الكتاب المقدس باللغة العربية، فان دايكBibbia Diodati (Italiano)Kinh Thánh (Tiếng Việt)Biblia Cornilescu (Română)Polish Biblia Gdanska (1881)Statenvertaling (Nederlands)

Study Isaiah 58:12

Matthew HenryJamieson-Fausset-BrownAdam ClarkeJohn WesleyJohn CalvinKeil and DelitzschScofieldFamily Bible NotesGeneva Bible Notes (1599)
← Isaiah 58:11Isaiah 58Isaiah 58:13 →