The Bible Software
bible.software › Isaiah › Isaiah 58 › Isaiah 58:4

Isaiah 58:4

သင်​တို့​အ​စာ​ရှောင်​ခြင်း​သည်​သင်​တို့​အား အ​စဉ်​အ​မြဲ​အ​ချင်း​များ​စေ​လျက်​ခိုက်​ရန် ဒေါ​သ​ဖြစ်​ကာ​အ​ကြမ်း​ဖက်​စေ​ကြ​၏။ ဤ နည်း​အား​ဖြင့်​သင်​တို့​တောင်း​လျှောက်​ကြ​သည့် ဆု​တောင်း​ပတ္ထ​နာ​များ​သည် ငါ့​ကို​နား​ညောင်း စေ​နိုင်​လိမ့်​မည်​ဟု​သင်​တို့​ထင်​မှတ်​ကြ​ပါ သ​လော။-

Common Language Bible

In The King James Version

Behold, ye fast for strife and debate, and to smite with the fist of wickedness: ye shall not fast as ye do this day, to make your voice to be heard on high.

In Context

3သူ​တို့​က``အ​ကယ်​၍​ထာ​ဝ​ရ​ဘု​ရား​သည် ငါ​တို့​ကို​အ​ဘယ်​အ​ခါ​၌​မျှ​မြင်​တော်​မ မူ​လျှင် ငါ​တို့​အ​ဘယ်​ကြောင့်​အ​စာ​ရှောင် ကြ​ပါ​တော့​မည်​နည်း။ ကိုယ်​တော်​သည်​ငါ​တို့ နှိမ့်​ချ​သည်​ကို​မြင်​တော်​မ​မူ​လျှင် အ​ဘယ် ကြောင့်​ငါ​တို့​ဒုက္ခ​ခံ​ကြ​ပါ​မည်​နည်း'' ဟု ဆို​ကြ​၏။ ထာ​ဝ​ရ​ဘု​ရား​က​သူ​တို့​အား``အ​ဖြစ်​မှန် မှာ​သင်​တို့​သည်​အ​စာ​ရှောင်​လျက်​နေ​စဉ်​၌ ပင်​ကိုယ်​ကျိုး​ရှာ​လျက် မိ​မိ​တို့​ငယ်​သား များ​ကို​လည်း​နှိပ်​စက်​ညှင်း​ဆဲ​ကြ​၏။-

5သင်​တို့​သည်​အ​စာ​ရှောင်​လျက်​တစ်​ရက်​တာ​မျှ မိ​မိ​ကိုယ်​ကို​နှိမ့်​ချ​ခြင်း​ကို​ငါ​နှစ်​သက်​သည် ဟု​ထင်​မှတ်​ကြ​သ​လော။ ဒုက္ခ​ခံ​လျက်​မြက်​ပင် များ​သ​ဖွယ်​ဦး​ခေါင်း​များ​ကို​ကိုင်း​ညွှတ်​၍ မိ​မိ​တို့​ထိုင်​ရန်​လျှော်​တေ​အ​ဝတ်​နှင့်​ပြာ ကို​ခင်း​တတ်​ကြ​၏။ ဤ​အ​ပြု​အ​မူ​ကား အ​စာ​ရှောင်​ခြင်း​ဟု သင်​တို့​ခေါ်​ဆို​ကြ​သည့် အ​ရာ​ပေ​လော။ ယင်း​သို့​သင်​တို့​ပြု​မူ​သော နေ့​ရက်​ကို ငါ​နှစ်​သက်​မြတ်​နိုး​တော်​မူ သည်​ဟု​သင်​တို့​ထင်​မှတ်​ကြ​ပါ​သ​လော။

Read all of Isaiah 58

Cross References

Proverbs 21:27မတရားသော သူပူဇော်သော ယဇ်သည် စက်ဆုပ်ရွံ့ရှာဘွယ်ဖြစ်၏။ ထိုမျှမက၊ မတရားသော စိတ်နှင့်ပူဇော်လျှင် သာ၍ဖြစ်၏။

Isaiah 59:6ယင်း​တို့​သည်​ပင့်​ကူ​မြှေး​ဖြင့်​ယက်​လုပ်​သော အ​ထည်​ကဲ့​သို့ အ​ချည်း​နှီး​သာ​လျှင်​ဖြစ်​ကြ ၏။ မိ​မိ​တို့​ယက်​လုပ်​သော​အ​ရာ​သည် လုံ​ခြုံ မှု​ကို​မ​ပေး​နိုင်၊ ဆိုး​ညစ်​၍​အ​ကြမ်း​ဖက် သော​အ​မှု​တို့​ပြု​လုပ်​ကြ​၏။-

Jonah 3:7ထို​နောက်​နိ​နေ​ဝေ​ဘု​ရင်​သည်​နိ​နေ​ဝေ​မြို့ သူ​မြို့​သား​တို့​သိ​ကြ​စေ​ရန်​အ​မိန့်​တော် ကို​ထုတ်​ပြန်​လိုက်​၏။ ထုတ်​ပြန်​ချက်​မှာ``ဤ အ​မိန့်​ကား​ဘု​ရင်​နှင့်​မှူး​မတ်​များ​ထံ​မှ ဖြစ်​၏။ အ​ဘယ်​သူ​မျှ​အ​စား​အ​စာ​မ​စား​ရ၊ လူ​အား​လုံး​နှင့်​တိ​ရစ္ဆာန်​အား​လုံး​တို့​သည် အ​စာ​မ​စား​ရ၊ ရေ​မ​သောက်​ရ။-

Matthew 23:13``ကြောင်​သူ​တော်​ဖာ​ရိ​ရှဲ​နှင့်​ကျမ်း​တတ်​ဆ​ရာ​တို့၊ သင်​တို့​သည်​အ​မင်္ဂ​လာ​ရှိ​ကြ​၏။ လူ​တို့​ကောင်း​ကင် နိုင်​ငံ​တော်​သို့​ဝင်​မည်​ပြု​သော​အ​ခါ​သင်​တို့​သည် တံခါး​ပိတ်​လိုက်​ကြ​၏။ သင်​တို့​ကိုယ်​တိုင်​လည်း​မ​ဝင်၊ ဝင်​ရန်​ကြိုး​စား​သူ​များ​ကို​လည်း​ဝင်​ခွင့်​မ​ပြု​ကြ။

John 18:28လူ​တို့​သည်​သ​ခင်​ယေ​ရှု​အား​က​ယာ​ဖ​ထံ​မှ ဘု​ရင်​ခံ​မင်း​၏​အိမ်​တော်​သို့​ခေါ်​ဆောင်​သွား​ကြ ၏။ အ​ချိန်​ကား​နံ​နက်​စော​စော​ဖြစ်​၏။ ယု​ဒ အ​မျိုး​သား​တို့​သည်​ပ​သ​ခါ​ည​စာ​စား​နိုင်​ရန် မိ​မိ​တို့​ကိုယ်​ကို​ဘာ​သာ​ရေး​ကျင့်​ထုံး​အ​ရ သန့်​စင်​စေ​လို​သ​ဖြင့်​အိမ်​တော်​ထဲ​သို့​မ​ဝင် ကြ။-

Philippians 1:14ဤ​သို့​ငါ​အ​ကျဉ်း​ခံ​ရ​ခြင်း​ကြောင့်​ခ​ရစ်​ယာန် ညီ​အစ်​ကို​အ​များ​ပင်​သ​ခင်​ဘု​ရား​အ​ပေါ်​တွင် ပို​၍​ယုံ​ကြည်​စိတ်​ချ​လာ​ကြ​၏။ သို့​ဖြစ်​၍​သူ​တို့ သည်​မ​ကြောက်​မ​ရွံ့​ဘဲ​နှုတ်​က​ပတ်​တ​ရား​တော် ကို​ပို​မို​၍​ဟော​ပြော​ဝံ့​ကြ​ပေ​သည်။

This Verse In Other Editions

King James VersionBíblia Portuguesa MundialLuther Bibel (Deutsch)Bible Louis Segond (Français)Библия (Русский)新标点和合本성경 (한국어)الكتاب المقدس باللغة العربية، فان دايكBibbia Diodati (Italiano)Kinh Thánh (Tiếng Việt)Biblia Cornilescu (Română)Polish Biblia Gdanska (1881)Statenvertaling (Nederlands)

Study Isaiah 58:4

Matthew HenryJamieson-Fausset-BrownAdam ClarkeJohn WesleyJohn CalvinKeil and DelitzschScofieldFamily Bible NotesGeneva Bible Notes (1599)
← Isaiah 58:3Isaiah 58Isaiah 58:5 →