Isaiah 58:8
``သင်တို့သည်ဤအတိုင်းပြုကျင့်ကြပါမူ ငါ၏ကျေးဇူးတော်အလင်းသည်တက်သစ်စ နေရောင်ခြည်သဖွယ် သင်တို့အပေါ်သို့သက် ရောက်၍သင်တို့အနာရောဂါများသည်လည်း လျင်မြန်စွာပျောက်ကင်းသွားလိမ့်မည်။ ဖြောင့် မတ်သောအရှင်သည်သင်တို့နှင့်ထာဝစဉ် အတူရှိနေမည်။ အဘက်ဘက်မှနေ၍ငါ ၏ဘုန်းတော်သည် သင်တို့အားကာကွယ် စောင့်ရှောက်မည်။-
Common Language Bible
In The King James Version
In Context
Cross References
Job 11:17သင်၏အသက်သည်မွန်းတည့်အရောင်ထက် ထွန်းလင်းလိမ့်မည်။ ယခုမှောင်မိုက်သော်လည်း နံနက် ကဲ့သို့ လင်းလိမ့်မည်။
Psalms 85:13တရားမျှတမှုသည်ထာဝရဘုရား၏ ရှေ့တော်ပြေးဖြစ်၍ကြွလာတော်မူရာလမ်း ခရီးကို ကြိုတင်ပြင်ဆင်ပေးလိမ့်မည်။
Psalms 112:4သနားကြင်နာတတ်၍ကရုဏာနှင့်ပြည့်ဝ လျက် တရားမျှတသောသူတော်ကောင်းတို့အတွက် အမှောင်ထဲ၌အလင်းရောင်ပေါ်ထွန်းတတ်၏။
Proverbs 11:17သနားတတ်သောသူသည် မိမိကိုယ်၌ ကျေးဇူး ပြုတတ်၏။ ကြမ်းကြုတ်သောသူမူကား၊ မိမိကိုယ်ကိုပင် နှောင့်ရှက်တတ်၏။
Isaiah 30:26လသည်နေတမျှထွန်းလင်းတောက်ပလျက် နေသည်လည်း ခုနစ်စင်းပြိုင်တူထွက်သကဲ့ သို့ ခါတိုင်းထက်ခုနစ်ဆထွန်းလင်းတောက်ပ လိမ့်မည်။ ကိုယ်တော်သည်မိမိ၏လူမျိုးတော် ရရှိခဲ့သည်ဒဏ်ရာဒဏ်ချက်များကိုအဝတ် နှင့်ပတ်စည်း၍ အနာများကိုကုသပျောက် ကင်းစေတော်မူသောအခါ၊ ဤအမှုအရာ အပေါင်းသည်ဖြစ်ပျက်၍လာလိမ့်မည်။
Isaiah 57:18``သူတို့အဘယ်သို့ပြုမူကျင့်ကြံကြသည် ကိုငါမြင်ရပြီ။ သို့ရာတွင်ငါသည်သူတို့ အားကုစားမည်။ ရှေ့ဆောင်လမ်းပြ၍ကူမ မည်။ သူတို့အားငါနှစ်သိမ့်စေမည်။-