Isaiah 59:15
ထိုအရပ်တွင်ရိုးသားဖြောင့်မှန်သူနည်းပါး လှသည်ဖြစ်၍ မကောင်းမှုကိုရှောင်ကြဉ်သူ သည်သူရူးဟုပင်အထင်ခံရတတ်ပါ၏။'' ဤအဖြစ်သနစ်ကိုမြင်တော်မူသဖြင့် ထာဝရဘုရားသည်တရားမျှတခြင်း ကင်းမဲ့မှုကိုနှစ်သက်တော်မမူ။-
Common Language Bible
In The King James Version
In Context
Cross References
2 Samuel 11:27ငိုကြွေးမြည်တမ်းချိန်ကုန်လွန်သောအခါဒါဝိဒ် သည် သူ့အားနန်းတော်သို့ခေါ်စေ၍မိဖုရားမြှောက် ရာသားတော်ကိုဖွားမြင်လေသည်။ သို့ရာတွင် ထာဝရဘုရားသည်ဒါဝိဒ်ပြုခဲ့သည့်အမှု ကိုနှစ်သက်တော်မမူ။
2 Chronicles 21:7သို့ရာတွင်ထာဝရဘုရားသည်ဒါဝိဒ်နှင့် ပဋိညာဉ်ပြုတော်မူ၍ သူ၏အမျိုးမင်းရိုး မပြတ်စေရန်ကတိထားတော်မူခဲ့သဖြင့် ဒါဝိဒ်မင်းဆက်ပျက်သုဉ်းသွားစေရန် အလိုတော်မရှိချေ။
Psalms 12:1အို ထာဝရဘုရား၊ ကျွန်တော်မျိုးတို့အားကူမတော်မူပါ။ သူတော်ကောင်းတစ်ယောက်မျှမကျန်မရှိ တော့ပါ။ ရိုးသားဖြောင့်မတ်သူများကိုလည်းရှာ၍ မတွေ့နိုင်တော့ပါ။
Isaiah 48:1အချင်းယုဒမှဆင်းသက်လာသူ၊ ဣသရေလအမျိုးသားတို့၊ ဤစကားကိုနားထောင်ကြလော့။ သင်တို့သည်ထာဝရဘုရား၏နာမတော်ကို တိုင်တည်ကျိန်ဆိုကာ၊ ဣသရေလအမျိုးသားတို့၏ဘုရားသခင်ကို ဝတ်ပြုကိုးကွယ်ပါသည်ဟုဆိုသော်လည်း သင်တို့၏စကားများသည်တစ်ခွန်းမျှမမှန်။
Isaiah 66:4ထို့ကြောင့်ငါသည်သူတို့ကြောက်လန့်လျက် ရှိသည့်ဘေးအန္တရာယ်ဆိုးကိုပင်သူတို့အပေါ် သို့သက်ရောက်စေတော်မူ၏။ အဘယ်ကြောင့် ဆိုသော်ငါခေါ်သောအခါအဘယ်သူမျှ မထူးကြ။ ငါပြောသောအခါ၌လည်း အဘယ်သူမျှနားမထောင်ကြသော ကြောင့်ဖြစ်၏။ သူတို့သည်ငါ့စကားကို နားမထောင်၊ ဒုစရိုက်မှုပြုရန်ကိုသာ ရွေးချယ်ကြ၏'' ဟုမိန့်တော်မူ၏။
Jeremiah 7:28သူတို့သည်မိမိတို့ဘုရားသခင်ထာဝရ ဘုရား၏စကားကိုနားထောင်ကာ အပြစ် ဒဏ်ခံရမှုမှသင်ခန်းစာကိုခံယူမည့်လူ မျိုးမဟုတ်ကြောင်းကိုသူတို့အားပြော ကြားလော့။ သစ္စာစကားသည်ကွယ်ပျောက် သွားပြီ။ ဟုတ်မှန်ရာကိုမပြောကြတော့ပြီ။