Isaiah 6:1
သြဇိမင်းနတ်ရွာစံသောနှစ်၌ငါသည်ထာဝရဘုရားကိုဖူးမြင်ရ၏။ ကိုယ်တော်သည်မြင့်မြတ်သည့်ပလ္လင်တော်ပေါ်တွင်ထိုင်လျက်နေတော်မူ၏။ ဗိမာန်တော်တစ်ခုလုံးသည်လည်းကိုယ်တော်၏ဝတ်ရုံတော်နှင့်ပြည့်၍နေ၏။-
Common Language Bible
In The King James Version
In Context
Cross References
Exodus 24:10ဣသရေလအမျိုးသားတို့၏ဘုရားသခင်ကို ဖူးမြင်ရကြ၏။ ကိုယ်တော်၏ခြေတော်အောက်တွင် မိုးကောင်းကင်သဖွယ်ပြာလက်နေသောနီလာ ကျောက်ခင်းထားသည်ဟုထင်ရ၏။-
1 Kings 8:10ဗိမာန်တော်ထဲမှယဇ်ပုရောဟိတ်များထွက် ခွာသွားကြစဉ် ဗိမာန်တော်သည်မိုးတိမ် ဖြင့်ချက်ချင်းပြည့်၍လာလေသည်။-
1 Kings 22:19မိက္ခာကဆက်လက်၍အာဟပ်အား``ထာဝရ ဘုရားမိန့်တော်မူသောစကားကိုယခုနား ထောင်ပါလော့။ ထာဝရဘုရားသည်ကောင်းကင် ဘုံရှိပလ္လင်တော်ပေါ်တွင်ထိုင်လျက်နေတော်မူ သည်ကိုလည်းကောင်း၊ ကိုယ်တော်၏အပါးတော် တွင်ကောင်းကင်တမန်များရပ်လျက်နေကြ သည်ကိုလည်းကောင်းငါမြင်၏။-
2 Chronicles 26:22နန်းသက်တစ်လျှောက်သြဇိမင်းဆောင်ရွက်ခဲ့ သည့်အခြားအမှုအရာရှိသမျှကို အာမုတ် ၏သားပရောဖက်ဟေရှာယကမှတ်တမ်း တင်ထားသတည်း။-
Job 42:5သိတင်းတော်ကို အကျွန်ုပ်သည် နားနှင့်ကြားဘူး ပါပြီ။ ယခုမူကား၊ ကိုယ်တော်ကို မျက်စိနှင့်မြင်ရပါ၏။
Psalms 108:5အို ဘုရားသခင်၊ ကိုယ်တော်ရှင်၏ကြီးမြတ်သောဂုဏ်တော်ကို မိုးကောင်းကင်၌လည်းကောင်း၊ဘုန်းအသရေ တော်ကို ကမ္ဘာတစ်ဝှမ်းလုံးတွင်လည်းကောင်းပြတော်မူပါ။