The Bible Software
bible.software › Isaiah › Isaiah 60 › Isaiah 60:10

Isaiah 60:10

ထာ​ဝ​ရ​ဘု​ရား​က​ယေ​ရု​ရှ​လင်​မြို့​အား ``လူ​မျိုး​ခြား​တို့​သည်​သင်​၏​မြို့​ရိုး​များ​ကို ပြန်​လည်​တည်​ဆောက်​ကြ​လိမ့်​မည်။ သူ​တို့​၏​ဘု​ရင်​များ​သည်​လည်း​သင်​တို့​၏ အ​စေ​ကို​ခံ​ကြ​လိမ့်​မည်။ ငါ​သည်​အ​မျက်​ထွက်​သ​ဖြင့်​သင်​တို့​အား အ​ပြစ်​ဒဏ်​ခတ်​ခဲ့​၏။ သို့​ရာ​တွင်​ယ​ခု​အ​ခါ​သင်​တို့​အား​မျက်​နှာ သာ​ပေး​၍ က​ရု​ဏာ​ပြ​တော်​မူ​မည်။

Common Language Bible

In The King James Version

And the sons of strangers shall build up thy walls, and their kings shall minister unto thee: for in my wrath I smote thee, but in my favour have I had mercy on thee.

In Context

9ထို​သ​င်္ဘော​တို့​သည်​ရပ်​ဝေး​မှ ဘု​ရား​သ​ခင်​၏​လူ​မျိုး​တော်​အား မိ​မိ​တို့​ပြည်​သို့​တင်​ဆောင်​လာ​သည့် သ​င်္ဘော​များ​ဖြစ်​၏။ ယင်း​တို့​သည်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏ သန့်​ရှင်း​သော​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ကို​ချီး​မြှောက်​ရန်၊ ရွှေ​နှင့်​ငွေ​များ​ကို​ယူ​ဆောင် လာ​ကြ​ခြင်း​ဖြစ်​၏။ ကိုယ်​တော်​သည်​မိ​မိ​၏​လူ​မျိုး​တော်​ကို ချီး​မြှောက်​စေ​တော်​မူ​ပြီ။

11လူ​မျိုး​တ​ကာ​တို့​၏​ဘု​ရင်​များ​သည် မိ​မိ​တို့​ပစ္စည်း​များ​ကို​ယူ​ဆောင်​လာ​နိုင်​ရန်၊ သင်​သည်​မိ​မိ​၏​တံ​ခါး​ကို​နေ့​ရော​ညဥ့်​ပါ ဖွင့်​၍​ထား​ရ​လိမ့်​မည်။

Read all of Isaiah 60

Cross References

Ezra 6:3ထို​စာ​လိပ်​တွင်``ကု​ရု​ဘု​ရင်​သည်​မိ​မိ​နန်း​စံ​ပ​ထ​မ​နှစ်​၌​ယဇ်​များ​ကို​ပူ​ဇော်​ရန်​နှင့် ပူ​ဇော်​သကာ​များ​ကို​မီး​ရှို့​ရန်​ဌာ​န​တော်​အ​ဖြစ်​ဖြင့် ယေ​ရု​ရှ​လင်​မြို့​ဗိ​မာန်​တော်​ကို​ပြန်​လည်​တည်​ဆောက်​ရ​မည်​ဟု​အ​မိန့်​တော်​ရှိ​၏။ ဗိ​မာန်​တော်​သည်​အ​မြင့်​ပေ​ကိုး​ဆယ်​နှင့်​အ​ချင်း​ပေ​ကိုး​ဆယ်​ရှိ​ရ​မည်။-

Nehemiah 2:7ထို​နောက်​ငါ​သည်​ယု​ဒ​ပြည်​သို့​ခ​ရီး​ပြု ရာ​တွင် လို​အပ်​သည့်​အ​ကူ​အ​ညီ​ပေး​ရန် အ​တွက်​ဥ​ဖ​ရတ်​မြစ်​ကြီး​အ​နောက်​ဘက် ပြည်​နယ်​ဘု​ရင်​ခံ​များ​ထံ​သို့​အ​မှာ​တော် စာ​ကို​လည်း​ကောင်း၊-

Isaiah 12:1``အို ထာ​ဝ​ရ​ဘု​ရား​ကိုယ်​တော်​ရှင်​အား၊ ကျွန်​တော်​မျိုး​ထော​မ​နာ​ပြု​ပါ​၏။ ကိုယ်​တော်​ရှင်​သည်​ယ​ခင်​က​ကျွန်​တော်​မျိုး​အား အ​မျက်​ထွက်​တော်​မူ​ခဲ့​သော်​လည်း၊ ယ​ခု​အ​ခါ​အ​မျက်​ထွက်​တော်​မ​မူ​တော့​ဘဲ နှစ်​သိမ့်​မှု​ကို​ပေး​တော်​မူ​ပါ​ပြီ'' ဟု လူ​တို့​သီ​ဆို​ကူး​ဧ​ကြ​မည့်​အ​ချိန်​ကာ​လ ရောက်​လာ​လိမ့်​မည်။

Isaiah 49:23ရှင်​ဘု​ရင်​များ​သည်​သ​ခင်​သ​ဖွယ်​သင်​တို့​ကို စောင့်​ရှောက်​၍၊ မိ​ဖု​ရား​များ​သည်​လည်း​မိ​ခင်​သ​ဖွယ် ကျွေး​မွေး​ပြု​စု​ကြ​လိမ့်​မည်။ သူ​တို့​သည်​ဦး​ညွှတ်​ပျပ်​ဝပ်​လျက် သင့်​အား​အ​လေး​ပြု​ကြ​လိမ့်​မည်။ ထို​အ​ခါ​ငါ​သည်​ထာ​ဝ​ရ​ဘု​ရား ဖြစ်​တော်​မူ​ကြောင်း​သင်​တို့​သိ​ရှိ​ကြ​လိမ့်​မည်။ ငါ​ကူ​မ​တော်​မူ​မည်​ကို​စောင့်​မျှော်​သူ​မှန် သ​မျှ​သည် စိတ်​ပျက်​ရ​လိမ့်​မည်​မ​ဟုတ်​ဟု​မိန့်​တော်​မူ​၏။

Isaiah 54:8ငါ​သည်​အ​မျက်​ထွက်​သ​ဖြင့်​သင်​တို့​ထံ​မှ မျက်​နှာ​လွှဲ​၍​နေ​ခဲ့​၏။ သို့​ရာ​တွင်​မေတ္တာ​တော်​ကို​သင်​တို့​အား​ထာ​ဝ​စဉ် ငါ​ပြ​မည်'' ဟု သင်​တို့​ကို​ကယ်​တင်​တော်​မူ​သော​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​ပါ​၏။

Isaiah 60:3လူ​မျိုး​တ​ကာ​တို့​သည်​သင်​၏ အ​လင်း​ရှိ​ရာ​သို့​လည်း​ကောင်း၊ ရှင်​ဘု​ရင်​တို့​သည်​သင်​၏​တက်​သစ်​စ နေ​အ​ရုဏ်​ရောင်​ခြည်​သို့​လည်း​ကောင်း လာ​ရောက်​ကြ​လိမ့်​မည်။

This Verse In Other Editions

King James VersionBíblia Portuguesa MundialLuther Bibel (Deutsch)Bible Louis Segond (Français)Библия (Русский)新标点和合本성경 (한국어)الكتاب المقدس باللغة العربية، فان دايكBibbia Diodati (Italiano)Kinh Thánh (Tiếng Việt)Biblia Cornilescu (Română)Polish Biblia Gdanska (1881)Statenvertaling (Nederlands)

Study Isaiah 60:10

Matthew HenryJamieson-Fausset-BrownAdam ClarkeJohn WesleyJohn CalvinKeil and DelitzschScofieldFamily Bible NotesGeneva Bible Notes (1599)
← Isaiah 60:9Isaiah 60Isaiah 60:11 →