Isaiah 60:12
သို့ရာတွင်သင်၏အစေကိုမခံသည့် လူမျိုးတို့မူကား၊လုံးဝသုတ်သင်ဖျက်ဆီး ခြင်းကို ခံရကြလိမ့်မည်။
Common Language Bible
In The King James Version
In Context
Cross References
Isaiah 14:2လူမျိုးတကာတို့သည်ဣသရေလအမျိုး သားတို့အား ထာဝရဘုရားပေးသနား တော်မူသောပြည်တော်သို့ပြန်လာနိုင်ကြ စေရန်ကူညီမစကြလိမ့်မည်။ ထိုပြည်၌ လူမျိုးခြားတို့သည်ဣသရေလအမျိုး သားတို့အားကျွန်များကဲ့သို့အစေခံ ကြလိမ့်မည်။ ဣသရေလအမျိုးသားတို့ အားဖမ်းဆီးချုပ်နှောင်သူတို့သည် ယခု အခါဣသရေလအမျိုးသားတို့၏ဖမ်း ဆီးချုပ်နှောင်ခြင်းကိုခံရကြလိမ့်မည်။ ဣသရေလပြည်သူတို့သည်လည်းအခါ တစ်ပါးကမိမိတို့အား ဖိနှိပ်ချုပ်ချယ် ခဲ့သူတို့ကိုအုပ်စိုးရကြလိမ့်မည်။
Isaiah 54:15အကယ်၍သင့်အားထိပါးတိုက်ခိုက်လာသူ တစ်စုံတစ်ယောက်ရှိပါမူ၊ ထိုသူသည်ငါ၏ခွင့်ပြုချက်ကိုရရှိလိမ့်မည်မဟုတ်။ သင့်အားစစ်ပြိုင်လာသူမှန်သမျှသည် ကျဆုံးရကြလိမ့်မည်။
Daniel 2:35ချက်ချင်းပင်သံ၊ ရွှံ့စေးသရွတ်၊ ကြေးဝါ၊ ငွေနှင့်ရွှေတို့သည်ကြေမွ၍သွားပါ၏။ ယင်းတို့သည်နွေရာသီကောက်နယ်တလင်း က မြေမှုန့်များသဖွယ်လေတိုက်ရာသို့ လွင့်ပါသွားလေသည်။ အစအနတစ်စုံ တစ်ရာမျှပင်မကျန်ခဲ့ပါ။ သို့ရာတွင် ကျောက်ခဲကြီးမူကားကမ္ဘာမြေတစ်ပြင် လုံးကိုလွှမ်းမိုးသည့်တောင်ကြီးဖြစ်လာ ပါ၏။
Zechariah 12:2ကိုယ်တော်က``ငါသည်ယေရုရှလင်မြို့ကို စပျစ်ရည်ခွက်ဖလားနှင့်တူစေမည်။ မြို့ ပတ်ဝန်းကျင်ရှိလူမျိုးတကာတို့သည် ထိုစပျစ်ရည်ကိုသောက်၍ သေသောက်ကြူး များကဲ့သို့ယိမ်းယိုင်လျက်နေကြလိမ့်မည်။ သူတို့သည်ယေရုရှလင်မြို့ကိုဝိုင်းရံ တိုက်ခိုက်ကြသောအခါ အခြားယုဒမြို့ တို့သည်လည်းအဝိုင်းခံရကြလိမ့်မည်။-
Zechariah 14:17အကြင်လူမျိုးသည်အနန္တတန်ခိုးရှင် ထာဝရဘုရား၏အုပ်စိုးမှုကိုဝန်ခံ၍ ကိုယ်တော်အားရှိခိုးဝတ်ပြုရန်ငြင်းဆန် ၏။ ထိုလူမျိုးတို့၏ပြည်သည်မိုးခေါင် လိမ့်မည်။-
Matthew 21:44(ထိုကျောက်အပေါ်သို့ကျသောသူသည်ကြေမွ ၍သွားပေအံ့။ မိမိ၏အပေါ်သို့ထိုကျောက် အကျခံရသူသည်ညက်ညက်ကြေ၍သွားပေ အံ့'') ဟုမိန့်တော်မူ၏။