Isaiah 60:2
အခြားအမျိုးသားတို့နှင့်ကမ္ဘာပေါ်တွင်အမှောင် လွှမ်းလျက်နေမည်ဖြစ်သော်လည်း၊ သင်၏အပေါ်၌မူထာဝရဘုရား၏အလင်းတော် ထွန်းတောက်လျက်နေလိမ့်မည်။ မျက်နှာတော်မှဘုန်းအသရေရောင်ခြည်တော်သည် သင့်အပေါ်သို့သက်ရောက်၍ တည်နေတော်မူလိမ့်မည်။
Common Language Bible
In The King James Version
In Context
Cross References
Leviticus 9:23မောရှေနှင့်အာရုန်တို့သည်ထာဝရဘုရား စံတော်မူရာတဲတော်ထဲသို့ဝင်ကြ၏။ ပြန်၍ ထွက်လာကြသောအခါ သူတို့သည်လူတို့ ကိုကောင်းချီးပေးလေသည်။ ထိုအခါလူ အပေါင်းတို့သည် ထာဝရဘုရား၏တောက်ပ သောဘုန်းအသရေတော်ကိုဖူးမြင်ရကြ၏။-
1 Kings 8:11ယင်းသို့ဗိမာန်တော်သည်ထာဝရဘုရား ၏ဘုန်းအသရေတော်နှင့်ပြည့်လျက်နေ သဖြင့် ယဇ်ပုရောဟိတ်တို့သည်မိမိတို့ တာဝန်ဝတ္တရားများကိုဆောင်ရွက်ရန် ဗိမာန် တော်ထဲသို့ပြန်၍မဝင်နိုင်ကြ။-
Isaiah 8:22မြေကြီးသို့စိုက်ကြည့်သည့်အခါသော် လည်းကောင်းဆင်းရဲဒုက္ခနှင့်ကံဆိုးမိုးမှောင် မှတစ်ပါး အဘယ်အရာကိုမျှတွေ့ရကြ လိမ့်မည်မဟုတ်။ ထိုသူတို့အပေါ်သို့ထိတ် လန့်ဖွယ်ရာကံဆိုးမိုးမှောင်ကျရောက်လာ လိမ့်မည်။ ဤသို့ဆင်းရဲဒုက္ခရောက်ရာကာလ နှင့်သူတို့ကင်းလွတ်ရန်လမ်းရှိတော့မည် မဟုတ်။
Isaiah 62:1ငါသည်ယေရုရှလင်မြို့ကိုအားပေးစကား ဖွင့်ဟပြောဆိုမည်။ ထိုမြို့သည်ကယ်တင်ခြင်းကိုခံရ၍သူ၏ အောင်မြင်ခြင်းသည် မီးရှူးတိုင်သဖွယ်ထွန်းတောက်၍ မလာမချင်း၊ငါသည်ဇိအုန်မြို့အတွက် ဆိတ်ဆိတ်နေလိမ့်မည်မဟုတ်။
Ezekiel 10:4ထာဝရဘုရား၏တောက်ပသောအသရေ တော်သည် ထိုသတ္တဝါများမှအထက်သို့လျှံ တက်ပြီးလျှင် ဗိမာန်တော်အဝင်ဝသို့ရွေ့ လျား၏။ ထိုနောက်ဗိမာန်တော်သည်မိုးတိမ် များဖြင့်ပြည့်သဖြင့် တံတိုင်းသည်ဘုရားသခင်၏ဘုန်းအသရေဖြင့်ထွန်းတောက် လျက်နေ၏။-
Haggai 2:7လူမျိုးတကာတို့အားဖြိုခွင်းပစ်မည်။ ထို သူတို့၏ရွှေငွေဘဏ္ဍာများကို ဤအရပ်သို့ လူတို့အားယူဆောင်လာစေမည်။ ဗိမာန် တော်သည်လည်းရွှေငွေဘဏ္ဍာများဖြင့် ပြည့်နှက်လျက်နေလိမ့်မည်ဟု အနန္တ တန်ခိုးရှင်ထာဝရဘုရားမိန့်တော်မူ၏။-