The Bible Software
bible.software › Isaiah › Isaiah 60 › Isaiah 60:5

Isaiah 60:5

သင်​သည်​ဤ​အ​မှု​အ​ရာ​ကို​မြင်​၍​ရွှင်​လန်း ဝမ်း​မြောက်​ရ​လိမ့်​မည်။ စိတ်​နှ​လုံး​ထိ​ခိုက်​တုန်​လှုပ်​လာ​လိမ့်​မည်။ လူ​မျိုး​တ​ကာ​တို့​သည်​မိမိ​တို့​၏​စည်း​စိမ် ချမ်း​သာ​များ​ကို သင်​၏​ထံ​သို့​ယူ​ဆောင်​လာ​ကြ​လိမ့်​မည်။ သူ​တို့​၏​ပစ္စည်း​ဥစ္စာ​များ​သည်​ပင်​လယ်​ရပ်​ခြား မှ ရောက်​ရှိ​လာ​လိမ့်​မည်။

Common Language Bible

In The King James Version

Then thou shalt see, and flow together, and thine heart shall fear, and be enlarged; because the abundance of the sea shall be converted unto thee, the forces of the Gentiles shall come unto thee.

In Context

4သင်​၏​ပတ်​ဝန်း​ကျင်​တွင်​အ​ဘယ်​သို့​ဖြစ်​ပျက်​လျက် ရှိ​သည်​ကို​ကြည့်​ရှု​လော့။ သင်​၏​အ​မျိုး​သား​များ​သည်​မိ​မိ​တို့​ပြည်​သို့ ပြန်​လာ​ရန်​စု​ရုံး​လျက်​ရှိ​ကြ​၏။ သင်​၏​သား​တို့​သည်​ရပ်​ဝေး​မှ​ပြန်​လာ​ကြ လိမ့်​မည်။ သင်​၏​သ​မီး​များ​အား​ပွေ့​ချီ​လျက်​လာ​ကြ လိမ့်​မည်။

6ဝန်​တင်​ကု​လား​အုပ်​တပ်​ကြီး​များ​သည် မိ​ဒျန်​ပြည်​နှင့်​ဧ​ဖာ​ပြည်​မှ​ရောက်​ရှိ​လာ​၍ သင်​၏​ဒေ​သ​ကို​လွှမ်း​မိုး​လိမ့်​မည်။ ရှေ​ဘ​ပြည်​မှ​ရွှေ​နှင့်​နံ့​သာ​ပေါင်း​ကို​ယူ​ဆောင် လာ​ကြ​လိမ့်​မည်။ လူ​တို့​သည်​ဘု​ရား​သ​ခင်​ပြု​တော်​မူ​သော အ​မှု​တော်​အ​ကြောင်း​သ​တင်း​ကောင်း​ကို ချီး​မွမ်း​ကြ​လိမ့်​မည်။

Read all of Isaiah 60

Cross References

Deuteronomy 33:19သူ​တို့​သည်​လူ​မျိုး​ခြား​တို့​ကို​တောင်​ပေါ်​သို့ ဖိတ်​ခေါ်​လျက် ပူ​ဇော်​ထိုက်​သော​ယဇ်​များ​ကို​ပူ​ဇော်​ကြ​၏။ သူ​တို့​သည်​ပင်​လယ်​မှ​လည်း​ကောင်း ကမ်း​ခြေ​တစ်​လျှောက်​ရှိ​သဲ​မှ​လည်း​ကောင်း ဥစ္စာ​ဘဏ္ဍာ​များ​ရ​ရှိ​ကြ​သည်။''

Psalms 34:5အ​နှိပ်​အ​စက်​ခံ​ရ​သူ​တို့​သည်​ကိုယ်​တော်​ကို မျှော်​ကြည့်​၍​ဝမ်း​မြောက်​ပါ​၏။ သူ​တို့​သည်​အ​ဘယ်​အ​ခါ​၌​မျှ​စိတ်​ပျက်​ကြ ရ​လိမ့်​မည်​မ​ဟုတ်။

Psalms 98:7အ​ချင်း​ပင်​လယ်​နှင့်​ပင်​လယ်​ရှိ​သတ္တ​ဝါ​အ​ပေါင်း တို့၊ အ​သံ​ကျယ်​စွာ​ကြွေး​ကြော်​ကြ​လော့။ အ​ချင်း​ကုန်း​မြေ​နှင့်​ကုန်း​မြေ​ပေါ်​တွင် အ​သက်​ရှင်​သူ​အ​ပေါင်း​တို့​သီ​ချင်း​ဆို​ကြ လော့။

Isaiah 24:14အ​သက်​မ​သေ​ဘဲ​ကျန်​ရှိ​ကြ​သူ​တို့​သည် ရွှင် လန်း​ဝမ်း​မြောက်​လျက်​သီ​ချင်း​ဆို​ကြ​လိမ့် မည်။ အ​နောက်​အ​ရပ်​မှ​လူ​တို့​သည်​ဘု​ရား​သ​ခင်​၏​ကြီး​မြတ်​တော်​မူ​ပုံ​ကို​ဖော်​ပြ​၍၊-

Isaiah 60:11လူ​မျိုး​တ​ကာ​တို့​၏​ဘု​ရင်​များ​သည် မိ​မိ​တို့​ပစ္စည်း​များ​ကို​ယူ​ဆောင်​လာ​နိုင်​ရန်၊ သင်​သည်​မိ​မိ​၏​တံ​ခါး​ကို​နေ့​ရော​ညဥ့်​ပါ ဖွင့်​၍​ထား​ရ​လိမ့်​မည်။

Isaiah 66:12ထာ​ဝ​ရ​ဘု​ရား​က``ငါ​သည်​သင်​တို့​အား တည်​မြဲ​သည့်​စည်း​စိမ်​ချမ်း​သာ​ကို​ပေး​မည်။ လူ​မျိုး​တ​ကာ​တို့​၏​ပစ္စည်း​ဥစ္စာ​များ​သည် အ​ဘယ်​အ​ခါ​၌​မျှ​မ​ခန်း​မ​ခြောက်​သည့် မြစ်​ရေ​ကဲ့​သို့ သင်​တို့​ထံ​သို့​စီး​ဆင်း​လာ လိမ့်​မည်။ သင်​တို့​သည်​မိ​ခင်​ဖြစ်​သူ​က​ချစ် ခင်​ယု​ယ​စွာ​ပိုက်​ပွေ့​လျက်​နို့​တိုက်​ကျွေး သည့်​က​လေး​နှင့်​တူ​လိမ့်​မည်။-

This Verse In Other Editions

King James VersionBíblia Portuguesa MundialLuther Bibel (Deutsch)Bible Louis Segond (Français)Библия (Русский)新标点和合本성경 (한국어)الكتاب المقدس باللغة العربية، فان دايكBibbia Diodati (Italiano)Kinh Thánh (Tiếng Việt)Biblia Cornilescu (Română)Polish Biblia Gdanska (1881)Statenvertaling (Nederlands)

Study Isaiah 60:5

Matthew HenryJamieson-Fausset-BrownAdam ClarkeJohn WesleyJohn CalvinKeil and DelitzschScofieldFamily Bible NotesGeneva Bible Notes (1599)
← Isaiah 60:4Isaiah 60Isaiah 60:6 →