Isaiah 60:6
ဝန်တင်ကုလားအုပ်တပ်ကြီးများသည် မိဒျန်ပြည်နှင့်ဧဖာပြည်မှရောက်ရှိလာ၍ သင်၏ဒေသကိုလွှမ်းမိုးလိမ့်မည်။ ရှေဘပြည်မှရွှေနှင့်နံ့သာပေါင်းကိုယူဆောင် လာကြလိမ့်မည်။ လူတို့သည်ဘုရားသခင်ပြုတော်မူသော အမှုတော်အကြောင်းသတင်းကောင်းကို ချီးမွမ်းကြလိမ့်မည်။
Common Language Bible
In The King James Version
In Context
Cross References
Genesis 25:3ယုတ်ရှန်၏သားများမှာရှေဘနှင့်ဒေဒန်တို့ ဖြစ်ကြသည်။ ဒေဒန်၏အဆက်အနွယ်များမှာ အာရှုရိမ်အမျိုးသား၊ လေတုရှိမ်အမျိုးသား၊ လုမ်မိမ်အမျိုးသားတို့ဖြစ်ကြသည်။-
Genesis 25:13ဣရှမေလ၏ကြီးစဉ်ငယ်လိုက်သားများ၏ နာမည်များမှာသားဦးနဗာယုတ်၊ ကေဒါ၊ အာဒဗေလ၊ မိဗသံ၊-
Judges 6:5သူတို့သည်မိမိတို့၏တဲရှင်များ၊ သိုးနွားများ နှင့်ပြန်လာတတ်ကြ၏။ သူတို့၏အရေအတွက် မှာကျိုင်းကောင်အုပ်ကဲ့သို့များသတည်း။ သူတို့ နှင့်သူတို့၏ကုလားအုတ်များမှာလည်းမရေ မတွက်နိုင်အောင်များပြားသည်။ သူတို့သည် ဝင်ရောက်လာ၍ရှိသမျှကိုဖျက်ဆီးပစ် ကြ၏။-
1 Kings 10:2ဘုရင်မသည်နံ့သာမျိုး၊ ကျောက်မျက်ရတနာ၊ ရွှေအမြောက်အများတင်ဆောင်ထားသည့် ကုလားအုတ်များနှင့်တကွ များစွာသော အခြံအရံလိုက်ပါလျက်ရောက်ရှိလာလေ သည်။ သူသည်မင်းကြီးရှေ့တော်သို့ရောက်သော အခါမိမိစဉ်းစားရသမျှသောပုစ္ဆာတို့ကို မေးတော်မူ၏။-
1 Chronicles 1:33မိဒျန်တွင်ဧဖာ၊ ဧဖေရ၊ ဟာနုတ်၊ အဘိဒ နှင့်ဧလဒါဟူသောသားငါးယောက်ရှိ၏။
Psalms 67:4ကိုယ်တော်ရှင်သည်လူတို့အားဖြောင့်မှန်စွာ တရားစီရင်တော်မူ၍ လူမျိုးတကာတို့အားလမ်းပြပို့ဆောင်တော် မူသဖြင့် သူတို့သည်ဝမ်းမြောက်ရွှင်လန်းစွာ သီချင်းဆိုကြပါစေသော။