The Bible Software
bible.software › Isaiah › Isaiah 60 › Isaiah 60:8

Isaiah 60:8

မိုး​တိမ်​များ​ကဲ့​သို့​လည်း​ကောင်း၊အိပ်​တန်း​ပြန် ချိုး​ငှက်​များ​ကဲ့​သို့​လည်း​ကောင်း၊ ရေ​မျက်​နှာ​ပြင်​ကို​လျှပ်​၍​လာ​နေ​သော​သ​င်္ဘော​များ ကား​အ​ဘယ်​သင်္ဘော​များ​နည်း။

Common Language Bible

In The King James Version

Who are these that fly as a cloud, and as the doves to their windows?

In Context

7ကေ​ဒါ​ပြည်​နှင့်​န​ဗာ​ယုတ်​ပြည်​တို့​မှ​သိုး​ရှိ သ​မျှ​ကို ယဇ်​ကောင်​များ​အ​ဖြစ်​ဖြင့်​သင်​၏​ထံ​သို့ ယူ​ဆောင်​လာ​ပြီး​လျှင်၊ ထာ​ဝ​ရ​ဘု​ရား​နှစ်​သက်​တော်​မူ​စေ​ရန် ယဇ်​ပလ္လင်​ပေါ်​တွင်​တင်​လှူ​ပူ​ဇော်​ကြ​လိမ့်​မည်။ ထာ​ဝ​ရ​ဘု​ရား​သည်​မိ​မိ​၏​ဗိ​မာန်​တော်​ကို အ​ဘယ်​အ​ခါ​နှင့်​မျှ​မ​တူ​အောင်​ဘုန်း အ​သ​ရေ​ထွန်း​တောက်​စေ​တော်​မူ​လိမ့်​မည်။

9ထို​သ​င်္ဘော​တို့​သည်​ရပ်​ဝေး​မှ ဘု​ရား​သ​ခင်​၏​လူ​မျိုး​တော်​အား မိ​မိ​တို့​ပြည်​သို့​တင်​ဆောင်​လာ​သည့် သ​င်္ဘော​များ​ဖြစ်​၏။ ယင်း​တို့​သည်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏ သန့်​ရှင်း​သော​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ကို​ချီး​မြှောက်​ရန်၊ ရွှေ​နှင့်​ငွေ​များ​ကို​ယူ​ဆောင် လာ​ကြ​ခြင်း​ဖြစ်​၏။ ကိုယ်​တော်​သည်​မိ​မိ​၏​လူ​မျိုး​တော်​ကို ချီး​မြှောက်​စေ​တော်​မူ​ပြီ။

Read all of Isaiah 60

Cross References

Isaiah 45:22``ကမ္ဘာ​ပေါ်​ရှိ​လူ​အ​ပေါင်း​တို့၊​ငါ့​ထံ​သို့​လာ​၍ ကယ်​တင်​ခြင်း​ကျေး​ဇူး​ကို​ခံ​ယူ​ကြ​လော့။ တစ်​ဆူ​တည်း​ရှိ​တော်​မူ​သော​ဘု​ရား​ကား ငါ​ပင်​တည်း။

Isaiah 60:4သင်​၏​ပတ်​ဝန်း​ကျင်​တွင်​အ​ဘယ်​သို့​ဖြစ်​ပျက်​လျက် ရှိ​သည်​ကို​ကြည့်​ရှု​လော့။ သင်​၏​အ​မျိုး​သား​များ​သည်​မိ​မိ​တို့​ပြည်​သို့ ပြန်​လာ​ရန်​စု​ရုံး​လျက်​ရှိ​ကြ​၏။ သင်​၏​သား​တို့​သည်​ရပ်​ဝေး​မှ​ပြန်​လာ​ကြ လိမ့်​မည်။ သင်​၏​သ​မီး​များ​အား​ပွေ့​ချီ​လျက်​လာ​ကြ လိမ့်​မည်။

Hebrews 12:1ထို့​ကြောင့်​ဤ​မျှ​များ​စွာ​သော​သက်​သေ​အ​ပေါင်း တို့​သည်​ငါ​တို့​အား​ဝိုင်း​ရံ​လျက်​ရှိ​သည်​ဖြစ်​၍ ငါ​တို့​သည်​အ​နှောင့်​အ​ယှက်​ဖြစ်​သော​ဝန်​ရှိ​သ​မျှ ကို​လည်း​ကောင်း၊ မိ​မိ​တို့​အား​တွယ်​ကပ်​လျက်​နေ သည့်​အ​ပြစ်​ဟူ​သ​မျှ​ကို​လည်း​ကောင်း​ဖယ်​ရှား ပြီး​လျှင် ငါ​တို့​မျက်​မှောက်​၌​ထား​သော​ပန်း​တိုင် သို့​ရောက်​ခြင်း​ငှာ​ဇွဲ​လုံ့​လ​ဖြင့်​ပြေး​ကြ​ကုန် အံ့။-

This Verse In Other Editions

King James VersionBíblia Portuguesa MundialLuther Bibel (Deutsch)Bible Louis Segond (Français)Библия (Русский)新标点和合本성경 (한국어)الكتاب المقدس باللغة العربية، فان دايكBibbia Diodati (Italiano)Kinh Thánh (Tiếng Việt)Biblia Cornilescu (Română)Polish Biblia Gdanska (1881)Statenvertaling (Nederlands)

Study Isaiah 60:8

Matthew HenryJamieson-Fausset-BrownAdam ClarkeJohn WesleyJohn CalvinKeil and DelitzschScofieldFamily Bible NotesGeneva Bible Notes (1599)
← Isaiah 60:7Isaiah 60Isaiah 60:9 →