Isaiah 61:11
မျိုးစေ့များသည်အညှောက်ထိုး၍အပင် ပေါက်သကဲ့သို့၊ ထာဝရအရှင်ဘုရားသခင်သည် မိမိ၏လူမျိုးတော်အားအမှန်ပင် ကယ်တင်တော်မူလိမ့်မည်။ လူမျိုးတကာတို့သည်လည်းကိုယ်တော်ကို ထောမနာပြုကြလိမ့်မည်။
Common Language Bible
In The King James Version
In Context
Cross References
Genesis 1:11ထိုနောက်``ကောက်ပဲသီးနှံနှင့်သစ်သီးပင်အမျိုး မျိုးကိုမြေကြီးမှပေါက်စေ'' ဟုအမိန့်ပေး သည့်အတိုင်းပေါက်လာကြ၏။-
Psalms 72:16တိုင်းပြည်အတွင်း၌စားနပ်ရိက္ခာပေါများပါ စေသော။ လေဗနုန်တောင်တွင်သစ်တောများဖြင့် ဖုံးအုပ်လျက်ရှိသကဲ့သို့ တောင်ကုန်းများသည်ကောက်ပဲသီးနှံများ ဖြင့် ဖုံးအုပ်လျက်ရှိပါစေသော။ မြို့ကြီးများရှိလူဦးရေသည်ကွင်းပြင်ရှိ မြက်ကဲ့သို့ထူထပ်ပေါများပါစေသော။
Isaiah 55:10``ငါ၏နှုတ်ကပတ်တော်သည်ကမ္ဘာမြေကြီးကို ရေပေးရန်သက်ရောက်လာသည့် မိုးနှင့်မိုးပွင့်များကဲ့သို့ဖြစ်၏။ ထိုအရာတို့သည်ကောက်ပဲသီးနှံပင်များကို ပေါက်စေတတ်၏။ စိုက်ပျိုးရန်မျိုးစေ့များနှင့်စားသုံးရန် အစားအစာများကိုဖြစ်ပွားစေတတ်၏။
Isaiah 60:18အကြမ်းဖက်မှုအသံဗလံများပေါ်ထွက် ရတော့မည်မဟုတ်။ သင်၏ပြည်သည်လည်းနောက်တစ်ဖန်လုယက် ဖျက်ဆီးခြင်းကိုခံရလိမ့်မည်မဟုတ်။ ငါသည်မြို့ရိုးသဖွယ်သင့်ကိုကာကွယ်စောင့် ရှောက်မည်။ သင်သည်လည်းမိမိကိုကယ်တင်သည့်အတွက် ငါ့ကိုချီးမွမ်းလိမ့်မည်။
Isaiah 62:2အို ယေရုရှလင်မြို့၊လူမျိုးတကာတို့သည် သင်၏အောင်မြင်ခြင်းကိုတွေ့မြင် ရကြလိမ့်မည်။ ဘုရင်အပေါင်းတို့သည်လည်းသင်၏ဘုန်း အသရေကို တွေ့မြင်ရကြလိမ့်မည်။ သင်သည်ထာဝရဘုရားကိုယ်တော်တိုင် ပေးတော်မူသည့်နာမည်သစ်ကိုရရှိလိမ့်မည်။