The Bible Software
bible.software › Isaiah › Isaiah 61 › Isaiah 61:8

Isaiah 61:8

ထာ​ဝ​ရ​ဘု​ရား​က ``ငါ​သည်​တ​ရား​မျှ​တ​မှု​ကို​နှစ်​သက်​မြတ်​နိုး​၍ လု​ယက်​မှု​နှင့်​နှိပ်​စက်​ညှဉ်း​ဆဲ​မှု​ကို​မုန်း​၏။ ငါ​၏​လူ​မျိုး​တော်​အား​သစ္စာ​ရှိ​စွာ ဆု​လာဘ်​များ​ကို​ပေး​အပ်​မည်။ သူ​တို့​နှင့်​လည်း​ထာ​ဝ​ရ​ပ​ဋိ​ညာဉ်​ကို​ငါ​ပြု​မည်။

Common Language Bible

In The King James Version

For I the LORD love judgment, I hate robbery for burnt offering; and I will direct their work in truth, and I will make an everlasting covenant with them.

In Context

7သင်​တို့​၏​အ​ရှက်​ကွဲ​အ​ကျိုး​နည်း​မှု​များ​သည် ဆုံး​ခန်း​တိုင်​ရောက်​လေ​ပြီ။ သင်​တို့​သည်​မိ​မိ​တို့​ကိုယ်​ပိုင်​ပြည်​တွင်​နေ​ထိုင်​ရ​လျက်၊ သင်​တို့​၏​ပစ္စည်း​ဥစ္စာ​များ​သည်​လည်း​နှစ်​ဆ တိုး​၍​လာ​လိမ့်​မည်။ သင်​တို့​သည်​ထာ​ဝ​စဉ်​ဝမ်း​မြောက်​ပျော်​ရွှင် ရ​ကြ​လိမ့်​မည်။

9သူ​တို့​သည်​လူ​မျိုး​တ​ကာ​တို့​တွင်​ထင်​ပေါ် ကျော်​ကြား​ကြ​လိမ့်​မည်။ သူ​တို့​ကား​ငါ​၏​ကောင်း​ချီး​မင်္ဂ​လာ​ကို ခံ​စား​ရ​ကြ​သူ​များ​ဖြစ်​ကြောင်း သူ​တို့​ကို​မြင်​သူ​အ​ပေါင်း​တို့​သိ​ရှိ​ကြ​လိမ့်​မည်'' ဟု မိန့်​တော်​မူ​၏။

Read all of Isaiah 61

Cross References

Genesis 17:7သင်​နှင့်​သင်​၏​အ​မျိုး​အ​နွယ်​အ​စဉ်​အ​ဆက်​တို့ အား ငါ​ထား​သော​က​တိ​တော်​ကို​ထာ​ဝ​ရ​တည် မြဲ​သော​ပ​ဋိ​ညာဉ်​ဖြစ်​စေ​မည်။ ငါ​သည်​သင်​၏ ဘု​ရား၊ သင်​၏​အ​ဆက်​အ​နွယ်​တို့​၏​ဘု​ရား ဖြစ်​မည်။-

2 Samuel 23:5ထို​နည်း​တူ​စွာ​ဘု​ရား​သ​ခင်​သည်​ငါ​၏​သား မြေး​တို့​ကို ကောင်း​ချီး​ပေး​တော်​မူ​လိမ့်​မည်။ အ​ဘယ်​ကြောင့်​ဆို​သော်​ကိုယ်​တော်​သည် မ​ပျက်​နိုင်​မ​ပြောင်း​လဲ​နိုင်​သော၊ထာ​ဝ​ရ ပ​ဋိ​ညာဉ်​ကို ငါ​နှင့်​ပြု​ထား​တော်​မူ​သော​ကြောင့်​ဖြစ်​၏။ သို့​ဖြစ်​၍​ငါ​၏​လို​အင်​ဆန္ဒ​ပြည့်​စုံ​ပြီ။ ဤ​ကား​ငါ​၏​အောင်​ပွဲ​ပေ​တည်း။ ယင်း​သို့​ဖြစ်​စေ​ရန်​ဘု​ရား​သ​ခင်​သည် ဧ​ကန်​မု​ချ​စီ​မံ​တော်​မူ​လိမ့်​မည်။

Psalms 25:8ထာ​ဝ​ရ​ဘု​ရား​သည်​ကောင်း​မြတ် ဖြောင့်​မှန်​တော်​မူ​သ​ဖြင့် အ​ပြစ်​ကူး​သူ​တို့​အား​လျှောက်​လိုက်​သင့်​သည် လမ်း​ကို​ပြ​ညွှန်​တော်​မူ​၏။

Psalms 33:5ထာ​ဝ​ရ​ဘု​ရား​သည်​ဖြောင့်​မတ်​မှန်​ကန်​မှု​ကို နှစ်​သက်​တော်​မူ​၏။ ကိုယ်​တော်​၏​ခိုင်​မြဲ​သော​မေတ္တာ​တော်​သည် ကမ္ဘာ​မြေ​ကြီး​ကို​ဖုံး​လွှမ်း​လျက်​ရှိ​၏။

Psalms 45:7အ​မှန်​တ​ရား​ကို​နှစ်​သက်​၍​ဆိုး​ညစ်​မှု​ကို မုန်း​တော်​မူ​ပါ​၏။ သို့​ဖြစ်​သော​ကြောင့်​အ​ရှင်​မင်း​ကြီး​၏ ဘု​ရား​တည်း​ဟူ​သော​ဘု​ရား​သ​ခင်​သည် အ​ရှင်​မင်း​ကြီး​အား​ရွေး​ချယ်​တော်​မူ​ပြီး​လျှင် အ​ခြား​ဘု​ရင်​အ​ပေါင်း​တို့​ထက် ချီး​မြှောက်​၍​ဝမ်း​မြောက်​ခြင်း​တည်း​ဟူ​သော ဆီ​ကို​သွန်း​တော်​မူ​ပါ​ပြီ။

Psalms 99:4တန်​ခိုး​ကြီး​တော်​မူ​သော​ဘု​ရင်​မင်း​မြတ်၊ ကိုယ်​တော်​သည်​အ​မှန်​တ​ရား​ကို မြတ်​နိုး​နှစ်​သက်​တော်​မူ​ပါ​၏။ ကိုယ်​တော်​သည်​ဣ​သ​ရေ​လ​နိုင်​ငံ​တွင် တ​ရား​မျှ​တ​မှု​စိုး​မိုး​စေ​တော်​မူ​ပါ​ပြီ။ အ​မှန်​တ​ရား​နှင့်​တ​ရား​မျှ​တ​မှု​ကို တည်​မြဲ​စေ​တော်​မူ​ပါ​ပြီ။

This Verse In Other Editions

King James VersionBíblia Portuguesa MundialLuther Bibel (Deutsch)Bible Louis Segond (Français)Библия (Русский)新标点和合本성경 (한국어)الكتاب المقدس باللغة العربية، فان دايكBibbia Diodati (Italiano)Kinh Thánh (Tiếng Việt)Biblia Cornilescu (Română)Polish Biblia Gdanska (1881)Statenvertaling (Nederlands)

Study Isaiah 61:8

Matthew HenryJamieson-Fausset-BrownAdam ClarkeJohn WesleyJohn CalvinKeil and DelitzschScofieldFamily Bible NotesGeneva Bible Notes (1599)
← Isaiah 61:7Isaiah 61Isaiah 61:9 →