The Bible Software
bible.software › Isaiah › Isaiah 62 › Isaiah 62:2

Isaiah 62:2

အို ယေ​ရု​ရှ​လင်​မြို့၊လူ​မျိုး​တ​ကာ​တို့​သည် သင်​၏​အောင်​မြင်​ခြင်း​ကို​တွေ့​မြင် ရ​ကြ​လိမ့်​မည်။ ဘု​ရင်​အ​ပေါင်း​တို့​သည်​လည်း​သင်​၏​ဘုန်း အ​သ​ရေ​ကို တွေ့​မြင်​ရ​ကြ​လိမ့်​မည်။ သင်​သည်​ထာ​ဝ​ရ​ဘု​ရား​ကိုယ်​တော်​တိုင် ပေး​တော်​မူ​သည့်​နာ​မည်​သစ်​ကို​ရ​ရှိ​လိမ့်​မည်။

Common Language Bible

In The King James Version

And the Gentiles shall see thy righteousness, and all kings thy glory: and thou shalt be called by a new name, which the mouth of the LORD shall name.

In Context

1ငါ​သည်​ယေ​ရု​ရှ​လင်​မြို့​ကို​အား​ပေး​စ​ကား ဖွင့်​ဟ​ပြော​ဆို​မည်။ ထို​မြို့​သည်​ကယ်​တင်​ခြင်း​ကို​ခံ​ရ​၍​သူ​၏ အောင်​မြင်​ခြင်း​သည် မီး​ရှူး​တိုင်​သ​ဖွယ်​ထွန်း​တောက်​၍ မ​လာ​မ​ချင်း၊ငါ​သည်​ဇိ​အုန်​မြို့​အ​တွက် ဆိတ်​ဆိတ်​နေ​လိမ့်​မည်​မ​ဟုတ်။

3သင်​သည်​ထာ​ဝ​ရ​ဘု​ရား​အ​တွက် အ​လွန်​လှ​ပ​တင့်​တယ်​သော​ဦး​ရစ်​သ​ရ​ဖူ​သ​ဖွယ် ဖြစ်​လိမ့်​မည်။

Read all of Isaiah 62

Cross References

Genesis 17:5ငါ​သည်​သင့်​အား​လူ​မျိုး​များ​စွာ​တို့​၏​ဖ​ခင် ဖြစ်​စေ​မည်​ဖြစ်​သော​ကြောင့် သင်​၏​နာ​မည်​ကို အာ​ဗြံ​ဟု​မ​ခေါ်​တော့​ဘဲ​အာ​ဗြ​ဟံ​ဟု​ခေါ် ရ​မည်။-

Genesis 32:28ထို​သူ​က``နောင်​တွင်​သင်​၏​နာမည်​ကို`ယာ​ကုပ်' ဟူ ၍​မ​ခေါ်​စေ​ရ။ သင်​သည်​ဘု​ရား​နှင့်​သော်​လည်း ကောင်း၊ လူ​နှင့်​သော်​လည်း​ကောင်း​ဆိုင်​ပြိုင်​၍​အ​နိုင် ရ​ခဲ့​သော​ကြောင့်​သင်​၏​နာ​မည်​မှာ`ဣ​သ​ရေ​လ' ဟူ​၍​ဖြစ်​ရ​မည်'' ဟု​ဆို​လေ​၏။

Psalms 138:4အို ထာ​ဝ​ရ​ဘု​ရား၊ ကမ္ဘာ​မြေ​ကြီး​ပေါ်​ရှိ​ဘု​ရင်​အ​ပေါင်း​တို့​သည် ကိုယ်​တော်​ရှင်​၏​က​တိ​တော်​များ​ကို​ကြား သိ​ရ​သ​ဖြင့် ကိုယ်​တော်​ရှင်​အား​ထော​မ​နာ​ပြု​ကြ​ပါ​လိမ့်​မည်။

Isaiah 49:23ရှင်​ဘု​ရင်​များ​သည်​သ​ခင်​သ​ဖွယ်​သင်​တို့​ကို စောင့်​ရှောက်​၍၊ မိ​ဖု​ရား​များ​သည်​လည်း​မိ​ခင်​သ​ဖွယ် ကျွေး​မွေး​ပြု​စု​ကြ​လိမ့်​မည်။ သူ​တို့​သည်​ဦး​ညွှတ်​ပျပ်​ဝပ်​လျက် သင့်​အား​အ​လေး​ပြု​ကြ​လိမ့်​မည်။ ထို​အ​ခါ​ငါ​သည်​ထာ​ဝ​ရ​ဘု​ရား ဖြစ်​တော်​မူ​ကြောင်း​သင်​တို့​သိ​ရှိ​ကြ​လိမ့်​မည်။ ငါ​ကူ​မ​တော်​မူ​မည်​ကို​စောင့်​မျှော်​သူ​မှန် သ​မျှ​သည် စိတ်​ပျက်​ရ​လိမ့်​မည်​မ​ဟုတ်​ဟု​မိန့်​တော်​မူ​၏။

Isaiah 60:1အို ယေ​ရု​ရှ​လင်​မြို့၊နိုး​ထ​၍​နေ​ကဲ့​သို့​ထွန်း​တောက်​လော့။ သင်​၏​အ​လင်း​ပေါ်​ထွန်း​လာ​ပြီ။ ထာ​ဝ​ရ​ဘု​ရား​၏​ဘုန်း​အ​သ​ရေ​တော်​သည် သင့်​အ​ပေါ်​၌​ထွန်း​လင်း​လျက်​နေ​၏။

Isaiah 60:16မိ​ခင်​သည်​သား​ငယ်​ကို​နို့​ချို​တိုက်​ကျွေး​သ​ကဲ့​သို့၊ လူ​မျိုး​တ​ကာ​တို့​၏​ဘု​ရင်​များ​သည် သင့်​ကို​ကြည့်​ရှု​ပြု​စု​ကြ​လိမ့်​မည်။ ငါ​ထာ​ဝ​ရ​ဘု​ရား​သည်​သင့်​ကို​ကယ်​တင်​တော် မူ​ပြီ ဖြစ်​ကြောင်း​ကို​လည်း​ကောင်း၊ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​အ​နန္တ​တန်​ခိုး​ရှင် ဘု​ရား​သ​ခင်​သည် သင့်​အား​ကျွန်​ဘဝ​မှ​လွတ်​မြောက်​စေ​တော်​မူ​ပြီ ဖြစ်​ကြောင်း​ကို​လည်း​ကောင်း၊ သင်​သည်​သိ​ရှိ​ရ​လိမ့်​မည်။

This Verse In Other Editions

King James VersionBíblia Portuguesa MundialLuther Bibel (Deutsch)Bible Louis Segond (Français)Библия (Русский)新标点和合本성경 (한국어)الكتاب المقدس باللغة العربية، فان دايكBibbia Diodati (Italiano)Kinh Thánh (Tiếng Việt)Biblia Cornilescu (Română)Polish Biblia Gdanska (1881)Statenvertaling (Nederlands)

Study Isaiah 62:2

Matthew HenryJamieson-Fausset-BrownAdam ClarkeJohn WesleyJohn CalvinKeil and DelitzschScofieldFamily Bible NotesGeneva Bible Notes (1599)
← Isaiah 62:1Isaiah 62Isaiah 62:3 →