The Bible Software
bible.software › Isaiah › Isaiah 62 › Isaiah 62:6

Isaiah 62:6

အို ယေ​ရု​ရှ​လင်​မြို့၊ငါ​သည်​သင်​၏​မြို့​ရိုး​များ ပေါ်​တွင် အ​စောင့်​တပ်​သား​များ​ကို​ချ​ထား​၏။ သူ​တို့​သည်​နေ့​ရော​ညဥ့်​ပါ​အ​ခါ​ခပ်​သိမ်း ဆိတ်​ဆိတ်​နေ​ရ​ကြ​လိမ့်​မည်​မ​ဟုတ်။ သူ​တို့​သည်​ထာ​ဝ​ရ​ဘု​ရား​အား မိ​မိ​၏​က​တိ​တော်​များ​ကို​အောက်​မေ့ သ​တိ​ရ​အောင် ပြု​ရ​ကြ​မည်။ အ​ဘယ်​အ​ခါ​၌​မျှ​မ​မေ့​လျော့​စေ​ရန် သ​တိ​ပေး​ရ​ကြ​မည်။

Common Language Bible

In The King James Version

I have set watchmen upon thy walls, O Jerusalem, which shall never hold their peace day nor night: ye that make mention of the LORD, keep not silence,

In Context

5ထာ​ဝ​ရ​ဘု​ရား​သည်​သင့်​ကို​မင်္ဂ​လာ​ဆောင် သ​တို့​သ​မီး​သ​ဖွယ်​သိမ်း​ပိုက်​တော်​မူ​လိမ့်​မည်။ မင်္ဂ​လာ​ဆောင်​သ​တို့​သ​မီး​ကို​သ​တို့​သား​သည် နှစ်​သက်​သ​ကဲ့​သို့၊ ဘု​ရား​သ​ခင်​သည်​သင့်​ကို​နှစ်​သက်​တော်​မူ လိမ့်​မည်။

7ကိုယ်​တော်​သည်​ယေ​ရု​ရှ​လင်​မြို့​ကို​ပြန်​လည် ထူ​ထောင်​ကာ၊ ကမ္ဘာ​တစ်​ဝှမ်း​လုံး​က​ချီး​မွမ်း​ထော​မ​နာ​ပြု​ရာ​မြို့ အ​ဖြစ်​သို့​ရောက်​စေ​တော်​မ​မူ​မီ​တိုင်​အောင်၊ သူ​တို့​သည်​ကိုယ်​တော်​အား​အ​ငြိမ်​နေ​စေ ကြ​လိမ့်​မည်​မ​ဟုတ်။

Read all of Isaiah 62

Cross References

Genesis 32:26ထို​သူ​က``ငါ့​ကို​လွှတ်​ပါ။ မိုး​လင်း​လု​ပြီ'' ဟု​ဆို​လေ​၏။ ယာ​ကုပ်​က``အ​ကျွန်ုပ်​ကို​ကောင်း​ချီး​ပေး​မှ​လွှတ် မည်'' ဟု​ပြော​၏။

2 Chronicles 8:14ခ​မည်း​တော်​ဒါဝိဒ်​ချ​မှတ်​ထား​ခဲ့​သည့်​စည်း မျဉ်း​များ​အ​တိုင်း​မင်း​ကြီး​သည် ယဇ်​ပု​ရော ဟိတ်​တို့​နေ့​စဉ်​လုပ်​ဆောင်​ရန်​တာ​ဝန်​များ​ကို လည်း​ကောင်း၊ ယဇ်​ပု​ရော​ဟိတ်​တို့​အ​မှု​တော် ဆောင်​ရာ​တွင်​ပါ​ဝင်​ကူ​ညီ​ကာ ဋ္ဌမ္မ​သီ​ချင်း များ​အေး​ကူး​ကြ​ရ​သူ​လေ​ဝိ​အ​နွယ်​ဝင် တို့​၏​အ​လုပ်​တာ​ဝန်​များ​ကို​လည်း​ကောင်း စီ​စဉ်​ပေး​တော်​မူ​၏။ ဘု​ရား​သ​ခင်​၏​အ​စေ​ခံ ဒါ​ဝိဒ်​အ​မိန့်​ရှိ​တော်​မူ​ခဲ့​သည့်​အ​တိုင်း​ဗိ​မာန် တော်​အ​စောင့်​တပ်​သား​များ​ကို​လည်း​နေ့​စဉ် တာ​ဝန်​ဝတ္တ​ရား​များ​ထမ်း​ဆောင်​ရန်​အ​ဖွဲ့ များ​ဖွဲ့​စည်း​ပေး​တော်​မူ​၏။-

Psalms 74:18သို့​ရာ​တွင် အို ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​ရှင်​၏​ရန်​သူ​တို့​သည်​ကိုယ်​တော်​ရှင် အား ပြက်​ရယ်​ပြု​ကြ​သည်​ကို​လည်း​ကောင်း၊ သူ​တို့​သည်​ဘု​ရား​မဲ့​၍​ကိုယ်​တော်​ရှင်​အား မ​ထီ​မဲ့​မြင် ပြု​ကြ​သည်​ကို​လည်း​ကောင်း​သ​တိ​ရ​တော်​မူ​ပါ။

Song of Solomon 3:3သူတို့မှ အနည်းငယ်လွန်ပြန်လျှင်၊ ငါဝိညာဉ် ချစ်သော သူကိုတွေ့၏။ ငါသည် သူ့ကိုမလွှတ်။ အမြဲကိုင် ၍ ငါ့ကိုဘွားမြင်သော မိခင်၏အိမ်၌ အိပ်ရာအခန်းထဲသို့ ဆောင်ခဲ့ ၏။

Isaiah 43:26``တ​ရား​ရုံး​တော်​သို့​ငါ​တို့​သွား​ကြ​ကုန်​အံ့။ သင်​တို့​၏​စွပ်​စွဲ​ချက်​ကို​ယူ​ဆောင်​ခဲ့​ကြ​လော့။ သင်​တို့​ဘက်​မှ​မှန်​ကန်​ကြောင်း​သက်​သေ​ခံ အ​ထောက်​အ​ထား​ပြ​နိုင်​ရန်၊ သင်​တို့​၏​အမှု​ကို​တင်​ပြ​ကြ​လော့။

Isaiah 56:10ကိုယ်​တော်​က``ငါ​၏​လူ​မျိုး​တော်​အား​ကြို​တင် သ​တိ​ပေး​သင့်​သူ​များ​ဖြစ်​သည့်​ခေါင်း​ဆောင် တို့​သည်​မျက်​စိ​ကန်း​လျက်​နေ​ကြ​၏။ သူ​တို့ သည်​အ​ဘယ်​အ​ရာ​ကို​မျှ​မ​သိ။ မ​ဟောင်​တတ် သည့်​အိမ်​စောင့်​ခွေး​များ​နှင့်​တူ​ကြ​၏။ သူ​တို့ သည်​လဲ​လျောင်း​ကာ​အိပ်​မက်​ဝင်​လျက်​သာ နေ​တတ်​ကြ​၏။ သူ​တို့​သည်​အ​လွန်​အ​အိပ် မက်​သူ​များ​ဖြစ်​ပါ​သည်​တ​ကား။-

This Verse In Other Editions

King James VersionBíblia Portuguesa MundialLuther Bibel (Deutsch)Bible Louis Segond (Français)Библия (Русский)新标点和合本성경 (한국어)الكتاب المقدس باللغة العربية، فان دايكBibbia Diodati (Italiano)Kinh Thánh (Tiếng Việt)Biblia Cornilescu (Română)Polish Biblia Gdanska (1881)Statenvertaling (Nederlands)

Study Isaiah 62:6

Matthew HenryJamieson-Fausset-BrownAdam ClarkeJohn WesleyJohn CalvinKeil and DelitzschScofieldFamily Bible NotesGeneva Bible Notes (1599)
← Isaiah 62:5Isaiah 62Isaiah 62:7 →