Isaiah 63:6
ငါသည်မိမိ၏အမျက်ဒေါသအလျောက် လူမျိုးတကာတို့ကိုနှိမ်နင်းချေမှုန်းခဲ့၏။ သူတို့၏သွေးကိုမြေပေါ်သို့သွန်းလောင်း ခဲ့၏'' ဟုမိန့်တော်မူ၏။
Common Language Bible
In The King James Version
In Context
Cross References
Job 21:20ကိုယ်ပျက်စီးခြင်းကိုကိုယ် မျက်စိနှင့် မြင်လျက်၊ အနန္တတန်ခိုးရှင်၏အမျက်တော်ကို သောက်စိမ့်သောငှါ၊ သူ၏အပြစ်ကို ဘယ်နှစ်ကြိမ်ဆပ်ပေးတော်မူဘူးသည်ကို ၎င်းသိမှတ်ကြလော့။
Psalms 75:8ထာဝရဘုရားသည်အမျက်တော်တည်းဟူသော အလွန်ပြင်းသည့်စပျစ်ရည်ထည့်ထားသော ခွက်ဖလားကိုလက်တော်တွင်ကိုင်ထားတော်မူ၏။ ထိုစပျစ်ရည်ကိုကိုယ်တော်လောင်းချ တော်မူသောအခါ သူယုတ်မာအပေါင်းတို့သည်သောက်ကြကုန်၏။ သူတို့သည်တစ်စက်မျှမကျန်အောင်သောက် ကြကုန်၏။
Isaiah 26:5ကိုယ်တော်သည်မာန်မာနကြီးသူတို့ကို ရှုတ်ချတော်မူပြီးလျှင်၊ သူတို့နေထိုင်ရာခိုင်ခန့်သည့်မြို့ကို ဖျက်ဆီးတော်မူ၍၊ မြို့ရိုးများကိုဖုတ်ထဲသို့ပြိုကျစေတော်မူလေပြီ။
Isaiah 49:26ငါသည်သင့်ကိုနှိပ်စက်ညှဉ်းဆဲသူတို့အား အချင်းချင်းသတ်ဖြတ်စေမည်။ ထိုအခါငါသည်သင်တို့ကိုကယ်တင်ရွေးနုတ် တော်မူသောအရှင်၊ ထာဝရဘုရားဖြစ်တော်မူကြောင်းလူအပေါင်းတို့ သိရှိကြလိမ့်မည်။ ငါသည်ဣသရေလအမျိုးသားတို့၏တန်ခိုး တော်ရှင် ဘုရားသခင်ဖြစ်တော်မူသည်ကို သူတို့သိရှိကြလိမ့်မည်'' ဟုမိန့်တော်မူ၏။
Isaiah 51:21ဒုက္ခရောက်လျက်နေသောအချင်းယေရုရှလင် မြို့သူမြို့သားတို့၊ သေသောက်ကြူးသဖွယ် ယိမ်းယိုင်လျက်နေကြသူတို့၊
Jeremiah 25:16ထိုအမျက်တော်ရည်ကိုသောက်ကြသောအခါ သူတို့သည်ငါစေလွှတ်သည့်စစ်မက်အန္တရာယ် ကြောင့် မူးယစ်ယိမ်းယိုင်ကာရူးသွပ်၍သွားကြ လိမ့်မည်'' ဟုမိန့်တော်မူ၏။