Isaiah 64:11
ကျွန်တော်မျိုးတို့၏ဗိမာန်တော်၊ ကိုယ်တော် ရှင်အားကျွန်တော်မျိုးတို့ဘိုးဘေးများ ထောမနာပြုရာ မြင့်မြတ်တင့်တယ်သန့်ရှင်း သည့်ဌာနတော်သည်မီးသင့်လောင်၍သွား ပါပြီ။ ကျွန်တော်မျိုးတို့ချစ်မြတ်နိုးသည့် အဆောက်အဦမှန်သမျှသည်လည်း ယိုယွင်းပျက်စီးလျက်ရှိပါ၏။-
Common Language Bible
In The King James Version
In Context
Cross References
1 Kings 8:56မင်းကြီးက``ကတိတော်ရှိသည့်အတိုင်းမိမိ၏ လူမျိုးတော်အားငြိမ်းချမ်းသာယာမှုကိုပေးတော် မူသောထာဝရဘုရားကိုထောမနာပြုကြလော့။ ကိုယ်တော်သည်မိမိ၏အစေခံမောရှေအားဖြင့် ပေးတော်မူခဲ့သောကတိတော်အပေါင်းကို တစ်သဝေမတိမ်းတည်စေတော်မူပြီ။-
2 Chronicles 6:4ထိုနောက်မင်းကြီးက``ဣသရေလအမျိုးသား တို့၏ဘုရားသခင်ထာဝရဘုရားကိုထောမနာ ပြုကြလော့။ ကိုယ်တော်သည်ငါ၏ခမည်းတော် ဒါဝိဒ်အားငါသည် ငါ၏လူမျိုးတော်အားပေး အပ်ခဲ့သည့်ကတိတော်ကိုတည်မြဲစေလေပြီ။-
2 Chronicles 7:6ယဇ်ပုရောဟိတ်များသည်မိမိတို့အတွက် သတ်မှတ်ထားသည့်နေရာတွင်ရပ်လျက်နေ ကြ၏။ လေဝိအနွယ်ဝင်တို့သည်ယဇ်ပုရော ဟိတ်တို့နှင့်မျက်နှာချင်းဆိုင်ရပ်လျက် ဒါဝိဒ် မင်းပြုလုပ်ခဲ့သောတူရိယာများဖြင့် ထာဝရဘုရား၏ဂုဏ်တော်ကိုချီးမွမ်း၍ ဒါဝိဒ်မင်းစီမံခဲ့သည့်အတိုင်း``ကိုယ်တော် ၏မေတ္တာတော်သည်ထာဝစဉ်တည်၏'' ဟူ သောဋ္ဌမ္မသီချင်းကိုသီဆိုကြလေသည်။ လူအပေါင်းတို့ရပ်လျက်နေစဉ်ယဇ်ပုရော ဟိတ်တို့သည်တံပိုးခရာများကိုမှုတ်ကြ၏။
2 Chronicles 36:19သူသည်ဗိမာန်တော်နှင့်မြို့တော်ကိုမီးရှို့ လျက်ယေရုရှလင်မြို့ရိုးတို့ကိုဖြိုဖျက်၍ နန်းတော်အဆောက်အအုံများကိုအဖိုး တန်ပစ္စည်းများနှင့်အတူမီးရှို့ဖျက်ဆီး တော်မူ၏။-
Jeremiah 52:13သူသည်ဗိမာန်တော်နှင့်နန်းတော်ကိုလည်း ကောင်း၊ ယေရုရှလင်မြို့ရှိအရေးပါအရာ ရောက်သူလူအပေါင်းတို့၏နေအိမ်များကို လည်းကောင်းမီးရှို့ပစ်လေသည်။-
Lamentations 1:10ရန်သူများသည်သူ၏ဥစ္စာဘဏ္ဍာရှိသမျှကို တိုက်ခိုက်လုယူကြ၏။ သူသည်လူမျိုးခြားတို့အားထာဝရဘုရား ပိတ်ပင်တားမြစ်ထားရာဖြစ်သည့် ဗိမာန်တော်သို့ပင်လျှင် ထိုသူတို့ဝင်ရောက်ကြသည်ကိုတွေ့မြင်ရ၏။