Isaiah 65:1
ထာဝရဘုရားက``ငါသည်မိမိလူမျိုး တော်၏ဆုတောင်းပတ္ထနာများကိုနားညောင်း ရန်အသင့်ရှိသော်လည်း သူတို့သည်ဆုတောင်း ပတ္ထနာမပြုကြ။ ငါသည်သူတို့ရှာလျှင် တွေ့မြင်နိုင်ရန်အသင့်စောင့်၍နေသော်လည်း သူတို့သည်ငါ့ကိုရှာရန်ပင်မကြိုးစားကြ။ ငါသည်ဤအရပ်တွင်ရှိ၏။ ငါသည်ကူမမည် ဟုဖြေကြားရန်အသင့်ရှိသော်လည်း၊ ဣသ ရေလအမျိုးသားတို့သည်ငါ့ထံသို့ဆု တောင်းပတ္ထနာမပြုကြ။-
Common Language Bible
In The King James Version
In Context
Cross References
Psalms 22:27လူမျိုးတကာတို့သည်ထာဝရဘုရားကို သတိရကြလိမ့်မည်။ ကမ္ဘာအရပ်ရပ်မှလူမျိုးအပေါင်းတို့သည် စိတ်သဘောပြောင်းလဲ၍ကိုယ်တော်ကို ကိုးကွယ်ဆည်းကပ်ကြလိမ့်မည်။
Isaiah 11:10ဒါဝိဒ်မင်းဆက်မှပေါ်ထွန်းလာသည့်ဘုရင် သည် လူမျိုးတကာတို့အဖို့အချက်ပြအမှတ် လက္ခဏာတစ်ရပ်ဖြစ်သည့်အချိန်ကာလကျ ရောက်လာလိမ့်မည်။ သူတို့သည်သူ၏မြို့တော် သို့လာရောက်စုရုံးကြလျက် သူ့အားဂုဏ်ပြု ချီးမြှင့်ကြလိမ့်မည်။-
Isaiah 41:27ဇိအုန်မြို့သတင်းကောင်းကိုဦးစွာပထမ ပြောကြားသူမှာငါထာဝရဘုရားပင်တည်း။ ငါသည်ယေရုရှလင်မြို့သို့တမန်တစ်ဦးကို စေလွှတ်၍ ``သင်တို့၏အမျိုးသားများသည်ပြန်လာ ကြလိမ့်မည်။ သူတို့သည်မိမိတို့ပြည်သို့ပြန်လာကြလိမ့် မည်'' ဟု ပြောကြားစေခဲ့၏။
Isaiah 45:22``ကမ္ဘာပေါ်ရှိလူအပေါင်းတို့၊ငါ့ထံသို့လာ၍ ကယ်တင်ခြင်းကျေးဇူးကိုခံယူကြလော့။ တစ်ဆူတည်းရှိတော်မူသောဘုရားကား ငါပင်တည်း။
Isaiah 63:19ကိုယ်တော်ရှင်သည်ကျွန်တော်မျိုးတို့၏ဘုရင် မဟုတ်ဘိသကဲ့သို့လည်းကောင်း၊ ကျွန်တော် မျိုးတို့သည်ကိုယ်တော်ရှင်၏လူမဟုတ်ဘိ သကဲ့သို့လည်းကောင်းကျွန်တော်မျိုးတို့ကို ကိုယ်တော်ရှင်ဆက်ဆံတော်မူပါ၏။
Zechariah 2:11ထိုအခါလူမျိုးပေါင်းမြောက်မြားစွာတို့ သည်ထာဝရဘုရားထံတော်သို့ချဉ်းကပ် ကြလျက် ကိုယ်တော်၏လူမျိုးတော်ဖြစ်လာ ကြလိမ့်မည်။ ကိုယ်တော်သည်သင်တို့အလယ် တွင်ကျိန်းဝပ်တော်မူလိမ့်မည်။ ငါ့အားကိုယ် တော်စေလွှတ်တော်မူလိုက်ကြောင်းကိုလည်း သင်တို့သိကြလိမ့်မည်။-