Isaiah 65:12
ဋ္ဌားနှင့်အသေသတ်ခြင်းခံရလိမ့်မည်။ သင် တို့သည်ငါခေါ်သောအခါမထူးကြ။ ငါ ပြောသောအခါနားမထောင်ကြ။ သင်တို့ သည်ငါ၏ရှေ့တွင်ဒုစရိုက်ပြုလျက် ငါမ နှစ်သက်သောအရာကိုလုပ်ဆောင်ကြ၏။-
Common Language Bible
In The King James Version
In Context
Cross References
Leviticus 26:25သင်တို့သည်ငါ၏ပဋိညာဉ်ကိုဖောက်ဖျက် သည့်အတွက် သင်တို့အားစစ်ဘေးစစ်ဒဏ်သင့် စေမည်။ ထိုအခါသင်တို့သည်မြို့များသို့ပြေး ၍ခိုလှုံကြလျှင် ငါသည်သင်တို့တွင်ကုသ၍ မရနိုင်သောရောဂါကပ်ဆိုက်ရောက်စေသဖြင့် သင်တို့သည်ရန်သူတို့လက်တွင်းသို့ကျရောက် လိမ့်မည်။-
2 Chronicles 36:15သူတို့ဘိုးဘေးများ၏ဘုရားသခင်ထာဝရ ဘုရားသည် မိမိ၏လူမျိုးတော်နှင့်ဗိမာန်တော် ကိုချမ်းသာပေးတော်မူလိုသဖြင့် သူတို့အား သတိပေးရန်စေတမန်များကိုဆက်လက် စေလွှတ်တော်မူခဲ့၏။-
Isaiah 1:16သင်တို့၏စိတ်နှလုံးကိုစင်ကြယ်အောင်ပြုကြလော့။ ငါ့ရှေ့တော်တွင်သင်တို့ပြုလျက်ရှိသည့်ဒုစရိုက်တို့ကိုရပ်စဲကြလော့။ ဒုစရိုက်ပြုမှုကိုရပ်စဲကာ၊-
Isaiah 10:4သင်တို့သည်တိုက်ပွဲတွင်ကျဆုံးရကြလိမ့် မည်။ သို့မဟုတ်လျှင်လည်းသုံ့ပန်းများအဖြစ် ဖြင့် ဆွဲသွားခြင်းကိုခံရကြလိမ့်မည်။ သို့နှင့် လည်းထာဝရဘုရားသည်အမျက်တော် မပြေဘဲအပြစ်ဒဏ်ခတ်တော်မူရန် လက် တော်ကိုချိန်ရွယ်လျက်ပင်ထားတော်မူ လိမ့်မည်။
Isaiah 41:28ငါသည်ဘုရားများကိုကြည့်လိုက်သောအခါ သူတို့သည်ငါ့အားစကားတစ်ခွန်းတစ်လေ ကိုမျှမပြောကြ။ ငါမေးသည့်မေးခွန်းများကိုလည်းအဘယ် သူမျှ ပြန်၍မဖြေနိုင်ကြ။
Isaiah 59:15ထိုအရပ်တွင်ရိုးသားဖြောင့်မှန်သူနည်းပါး လှသည်ဖြစ်၍ မကောင်းမှုကိုရှောင်ကြဉ်သူ သည်သူရူးဟုပင်အထင်ခံရတတ်ပါ၏။'' ဤအဖြစ်သနစ်ကိုမြင်တော်မူသဖြင့် ထာဝရဘုရားသည်တရားမျှတခြင်း ကင်းမဲ့မှုကိုနှစ်သက်တော်မမူ။-