Isaiah 65:14
ငါ၏ကျွန်တို့သည်ရွှင်လန်းဝမ်းမြောက်စွာ သီချင်းဆိုရကြလျက် သင်တို့မူကားစိတ် နှလုံးကြေကွဲကျိုးပဲ့လျက်ငိုကြွေးရ ကြလိမ့်မည်။-
Common Language Bible
In The King James Version
In Context
Cross References
Psalms 66:4ကမ္ဘာမြေကြီးပေါ်ရှိလူအပေါင်းတို့သည် ကိုယ်တော်ရှင်ကိုရှိခိုးဝတ်ပြုကြပါ၏။ သူတို့သည်ကိုယ်တော်ရှင်အားထောမနာပြု ကြပါ၏။ ကိုယ်တော်ရှင်၏နာမတော်အား ထောမနာသီချင်းဆိုကြပါ၏'' ဟု ဘုရားသခင်အားလျှောက်ထားကြလော့။
Isaiah 24:14အသက်မသေဘဲကျန်ရှိကြသူတို့သည် ရွှင် လန်းဝမ်းမြောက်လျက်သီချင်းဆိုကြလိမ့် မည်။ အနောက်အရပ်မှလူတို့သည်ဘုရားသခင်၏ကြီးမြတ်တော်မူပုံကိုဖော်ပြ၍၊-
Isaiah 52:8မြို့စောင့်တပ်သားများသည်အသံကျယ်စွာနှင့် အားရရွှင်လန်းစွာတညီတညွတ်တည်း ကြွေးကြော်လျက်နေကြ၏။ ဇိအုန်မြို့သို့ထာဝရဘုရားပြန်လည် ကြွလာတော်မူမည်ကို၊သူတို့ကိုယ်တိုင်ပင် တွေ့မြင်နိုင်ကြလေသည်။
Jeremiah 31:7ထာဝရဘုရားက၊ ``လူမျိုးတကာတို့တွင်အထွတ်အထိပ် ဖြစ်သည့် ဣသရေလအမျိုးသားတို့အတွက်ဝမ်းမြောက် စွာ ကြွေးကြော်ကြလော့။ `ထာဝရဘုရားသည်မိမိ၏လူမျိုးတော်အား ကယ်တင်တော်မူပြီ။ ဣသရေလအမျိုးမှကြွင်းကျန်သူအပေါင်း တို့အား ကယ်ဆယ်တော်မူပြီ' ဟူသော ထောမနာသီချင်းကိုသီဆိုကြလော့။
Matthew 13:42တောက်လောင်သောမီးဖိုထဲသို့ပစ်ချစေတော်မူ မည်။ ထိုသူအပေါင်းတို့သည်ငိုကြွေးမြည်တမ်း ၍အံသွားခဲကြိတ်ကြလိမ့်မည်။-
Luke 13:28သင်တို့သည်ဘုရားသခင်၏နိုင်ငံတော်ထဲတွင် အာဗြဟံ၊ ဣဇာက်၊ ယာကုပ်နှင့်ပရောဖက်အပေါင်း တို့ရောက်ရှိကြသည်ကိုမြင်လျက် မိမိတို့ကိုယ် တိုင်ကမူနိုင်ငံတော်၏ပြင်ပသို့နှင်ထုတ်ခြင်း ခံရကြသောအခါအဘယ်မျှငိုကြွေးမြည် တမ်းခြင်း၊ အံသွားကြိတ်ခြင်းရှိကြလိမ့်မည်နည်း။-