Isaiah 65:20
နို့စို့သူငယ်တို့သည်လည်းအရွယ်မရောက်မီ သေကြရတော့မည်မဟုတ်။ လူတိုင်းပင်သက် တမ်းစေ့နေရကြလိမ့်မည်။ အသက်တစ်ရာနေရ သူတို့ကိုပင်ငယ်ရွယ်သူများဟုထင်မှတ်ရ ကြလိမ့်မည်။ အသက်တစ်ရာမတိုင်မီသေဆုံး သူတို့ကိုမူကား ငါ၏အပြစ်ဒဏ်ခံရသည့် လက္ခဏာဟုမှတ်ယူကြလိမ့်မည်။-
Common Language Bible
In The King James Version
In Context
Cross References
Job 5:26အချိန်တန်လျှင် သိမ်းယူသောကောက်လှိုင်းကဲ့သို့၊ သင်သည် အသက်ကြီးရင့်၍ သင်္ချိုင်းသို့ ရောက်ရ လိမ့်မည်။
Ecclesiastes 8:12အဓမ္မလူသည် အကြိမ်တရာတိုင်အောင် အဓမ္မ အမှုကိုပြု၍၊ အသက်တာရှည်သော်လည်း၊ ဘုရားသခင် ကို ကြောက်ရွံ့သောသူတို့သည် ရှေ့တော်၌ ကြောက်ရွံ့ သောကြောင့်၊ ကောင်းသောအကျိုးကို ခံရကြမည်ဟု ငါအမှန်သိ၏။
Isaiah 3:11သူယုတ်မာတို့မူကားအမင်္ဂလာရှိလိမ့်မည်။ မိမိတို့၏ဆိုးယုတ်သည့်အကျင့်အကြံ အပြုအမူများအတွက်အပြစ်ဒဏ်သင့် ကြလိမ့်မည်။
Romans 2:5သို့သော်လည်းသင်သည်ခေါင်းမာလျက် နောင်တမရ။ ထို့ကြောင့်အမျက်တော်ပေါ် လွင်ထင်ရှားရာ၊ ဖြောင့်မှန်စွာတရားစီရင် ရာနေ့ရက်၌သင်သည်ပိုမိုကြီးလေးသော အပြစ်ဒဏ်ကိုခံရလိမ့်မည်။-