Isaiah 66:11
သင်တို့သည်မိခင်ရင်ခွင်ရှိ ကလေးငယ်ကဲ့သို့၊ ကျေနပ်အားရလျက်ယေရုရှလင်မြို့၏ စည်းစိမ် ချမ်းသာကိုခံစားရကြလိမ့်မည်။
Common Language Bible
In The King James Version
In Context
Cross References
Psalms 36:8ကျွန်တော်မျိုးတို့သည်ကိုယ်တော်ရှင်ပေါများစွာ ချပေးတော်မူသောအစာရေစာကို စားသုံးကြရပါ၏။ ကိုယ်တော်ရှင်သည်ကျွန်တော်မျိုးတို့အား ကိုယ်တော်၏ကောင်းမြတ်တော်မူခြင်းတည်းဟူသော မြစ်ရေမှသောက်သုံးခွင့်ကိုပေးတော်မူပါ။
Isaiah 60:16မိခင်သည်သားငယ်ကိုနို့ချိုတိုက်ကျွေးသကဲ့သို့၊ လူမျိုးတကာတို့၏ဘုရင်များသည် သင့်ကိုကြည့်ရှုပြုစုကြလိမ့်မည်။ ငါထာဝရဘုရားသည်သင့်ကိုကယ်တင်တော် မူပြီ ဖြစ်ကြောင်းကိုလည်းကောင်း၊ ဣသရေလအမျိုးသားတို့၏အနန္တတန်ခိုးရှင် ဘုရားသခင်သည် သင့်အားကျွန်ဘဝမှလွတ်မြောက်စေတော်မူပြီ ဖြစ်ကြောင်းကိုလည်းကောင်း၊ သင်သည်သိရှိရလိမ့်မည်။
1 Peter 2:2မွေးစကလေးသူငယ်ကဲ့သို့ဝိညာဉ်နို့ရည် စစ်ကိုအမြဲလိုလားတောင့်တကြလော့။ သို့ မှသာသင်တို့သည်ကြီးထွား၍ကယ်တင် ခြင်းခံရလိမ့်မည်။-