Isaiah 66:16
အပြစ်ရှိကြောင်းတွေ့ရှိရသူအပေါင်းတို့ အား ကိုယ်တော်သည်မီးအားဖြင့်လည်းကောင်း၊ ဋ္ဌားလက်နက်အားဖြင့်လည်းကောင်းဆုံးမ တော်မူလိမ့်မည်။ ထိုသူတို့သည်လည်းသေ ကြေရကြလိမ့်မည်။
Common Language Bible
In The King James Version
In Context
Cross References
Isaiah 27:1ထိုကာလ၌ထာဝရဘုရားသည်ကြီးမား ထက်မြက်သောဋ္ဌားတော်ဖြင့် တွန့်လိမ်လျက်နေ သည့်မြွေကြီးလဝိသန်ကိုအပြစ်ဒဏ်ခတ် တော်မူ၍၊ ပင်လယ်နဂါးကြီးကိုလည်းသတ် တော်မူလိမ့်မည်။
Isaiah 34:2ထာဝရဘုရားသည်လူမျိုးတကာတို့အား လည်းကောင်း၊ သူတို့၏စစ်တပ်အပေါင်းအား လည်းကောင်း၊ အမျက်ထွက်တော်မူသဖြင့် ပျက်စီးစေရန်အပြစ်ဒဏ်စီရင်တော်မူ လေပြီ။-
Ezekiel 28:18သင်သည်ရောင်းဝယ်ဖောက်ကားရာတွင်ဆိုး ညစ်မှုကိုပြုသဖြင့် သင်၏အပြစ်များ ကြောင့်သင်၏ကိုးကွယ်ဝတ်ပြုရာဌာန များကိုညစ်ညမ်းစေ၏။ ထိုကြောင့်သင့်ကို ယခုကြည့်ကြသူအပေါင်းတို့ရှေ့တွင် ငါ သည်သင်၏မြို့ကိုပြာပုံဖြစ်အောင်မြေ အထိလောင်ကျွမ်းစေ၏။ ငါတို့သည်ပြာ ကိုသာလျှင်မြင်ရကြမည်။-
Ezekiel 38:22ငါသည်ဋ္ဌားဘေး၊ အနာရောဂါဘေးတို့ အားဖြင့်သူ့ကိုဆုံးမမည်။ သူနှင့်တကွ သူ၏စစ်သည်ဗိုလ်ခြေများ၊ အပေါင်းပါ လူအမျိုးမျိုးတို့အပေါ်သို့ကန့်နှင့်မီး အပါအဝင်မိုးသီးမိုးပေါက်ကြီးများ ကိုပြင်းထန်စွာရွာသွန်းစေမည်။-
Revelation 19:11ထိုနောက်ကောင်းကင်ဘုံပွင့်လျက်နေသည်ကိုငါ မြင်ရ၏။ ထိုအရပ်တွင်မြင်းဖြူတစ်စီးရှိ၏။ ထို မြင်းကိုစီးသူသည်သစ္စာသမ္မာဟူ၍နာမည်တွင်၏။ ထိုအရှင်သည်ဖြောင့်မှန်စွာတရားစီရင်တတ်၏။ တရားသဖြင့်စစ်တိုက်တတ်၏။-