Isaiah 66:20
``သူတို့သည်လူမျိုးတကာတို့ထံမှသင် တို့အမျိုးသားများကို ထာဝရဘုရား အတွက်လက်ဆောင်ပဏ္ဏာအဖြစ်ခေါ်ဆောင် လာကြလိမ့်မည်။ ဣသရေလအမျိုးသား တို့သည်အသီးအနှံများကို ထုံးတမ်းစဉ် လာအရသန့်စင်သည့်အိုးခွက်များတွင် ထည့်၍ ဗိမာန်တော်သို့ယူဆောင်လာကြ သကဲ့သို့၊ ထိုသူတို့သည်အဆိုပါလက် ဆောင်ပဏ္ဏာများကိုမြင်း၊ မြည်း၊ ကုလား အုပ်များမြင်းရထားနှင့်လှည်းများနှင့် တင်၍ယေရုရှလင်မြို့ရှိသန့်ရှင်းမြင့် မြတ်သောတောင်တော်ပေါ်သို့ယူဆောင် လာကြလိမ့်မည်။-
Common Language Bible
In The King James Version
In Context
21ငါသည်ထိုသူအချို့တို့ကိုယဇ်ပုရော ဟိတ်နှင့်လေဝိအနွယ်ဝင်များအဖြစ် ခန့်ထားမည်။''
Cross References
Isaiah 43:6သူတို့အားထွက်ခွာခွင့်ပြုရန် မြောက်အရပ်ကိုလည်းကောင်း၊ သူတို့အားဆီးတား၍မထားရန် တောင်အရပ်ကိုလည်းကောင်းငါပြောမည်။ ကမ္ဘာအရပ်ရပ်ရှိရပ်ဝေးနိုင်ငံများမှငါ၏ လူမျိုးတော်များပြန်လာကြပါစေ၊
Isaiah 49:22ထာဝရအရှင်ဘုရားသခင်ကမိမိ၏ လူမျိုးတော်အား ``ငါသည်လူမျိုးတကာတို့အားအချက် ပေးလိုက်သောအခါ၊ သူတို့သည်သင်တို့၏သားသမီးများကို ခေါ်ဆောင်လာကြလိမ့်မည်။
Isaiah 54:3သင်သည်မိမိ၏နယ်နိမိတ်များကိုအဘက်ဘက်မှ တိုးချဲ့ရလိမ့်မည်။ ယခုအခါ၊လူမျိုးခြားတို့နေထိုင်ရာပြည်ကို သင်၏အမျိုးသားတို့သည်ပြန်လည်ရရှိကြလိမ့်မည်။ ယခုအခါလူသူဆိတ်ငြိမ်လျက်နေသောမြို့တို့သည် စည်ကား၍လာလိမ့်မည်။
Isaiah 60:3လူမျိုးတကာတို့သည်သင်၏ အလင်းရှိရာသို့လည်းကောင်း၊ ရှင်ဘုရင်တို့သည်သင်၏တက်သစ်စ နေအရုဏ်ရောင်ခြည်သို့လည်းကောင်း လာရောက်ကြလိမ့်မည်။
Isaiah 65:11``သို့ရာတွင်ငါ့ကိုစွန့်ပစ်သူငါ၏သန့်ရှင်း မြင့်မြတ်သည့်ဇိအုန်တောင်ကိုဂရုမစိုက်ဘဲ ကံကြမ္မာဘုရား၊ ဂါဒနှင့်မေနိတို့ကိုဝတ် ပြုကိုးကွယ်သူသင်တို့အဖို့မှာမူကား၊-