Isaiah 66:23
``လဆန်းပွဲတော်နေ့များနှင့်ဥပုသ်နေ့ကျ ရောက်သည့်အခါတိုင်း လူမျိုးတကာတို့သည် ယေရုရှလင်မြို့သို့လာ၍ငါ့အားဝတ်ပြု ကိုးကွယ်ကြလိမ့်မည်'' ဟု ထာဝရဘုရား မိန့်တော်မူသည်။-
Common Language Bible
In The King James Version
In Context
Cross References
2 Kings 4:23ခင်ပွန်းဖြစ်သူက``အဘယ်ကြောင့်ယနေ့သွား လိုပါသနည်း။ ယနေ့သည်ဥပုသ်နေ့မဟုတ်။ လဆန်းပွဲနေ့လည်းမဟုတ်'' ဟုဆို၏။ ဇနီးဖြစ်သူက``ယင်းသို့ပင်မဟုတ်သော်လည်း ကိစ္စမရှိပါ'' ဟုပြန်ပြော၏။-
Psalms 81:3လဆန်းနေ့နှင့်လပြည့်နေ့တွင်ပွဲသဘင် ကျင်းပရန်အတွက်တံပိုးခရာမှုတ်ကြ လော့။
Isaiah 1:13သင်တို့၏အသုံးမကျသောပူဇော်သကာများကို နောက်တစ်ဖန်ငါအလိုမရှိ။ သင်တို့ပူဇော်သည့်နံ့သာပေါင်း၏ရနံ့ကိုငါရွံမုန်း၏။ သင်တို့၏လဆန်းပွဲနေ့များ၊ ဥပုသ်နေ့များနှင့်ဘာသာရေးပွဲနေ့များကိုငါစက်ဆုပ်၏။ သင်တို့၏အပြစ်များကြောင့်ထိုအရာများသည်ဖောက်ပြန်ပျက်စီးနေသည်။-
Isaiah 19:21ထာဝရဘုရားသည်မိမိကိုအီဂျစ်အမျိုး သားတို့သိရှိလာအောင်ပြုတော်မူလိမ့်မည်။ ထိုအခါသူတို့သည်ကိုယ်တော်အားသိမှတ် လာကြလျက်ဝတ်ပြုကိုးကွယ်ကြလိမ့်မည်။ အထံတော်သို့လည်းယဇ်နှင့်ပူဇော်သကာ များကိုယူဆောင်လာကြလိမ့်မည်။ သူတို့သည် ကိုယ်တော်၏ရှေ့တော်၌သစ္စာကတိထားပြီး လျှင်ယင်းသစ္စာကတိအတိုင်းပြုမူကြ လိမ့်မည်။-
Ezekiel 46:6လဆန်းနေ့၌သူသည်အပြစ်အနာအဆာ ကင်းသည့်နွားသိုးပျိုတစ်ကောင်၊ သိုးငယ် ခြောက်ကောင်နှင့်အတူ သိုးထီးတစ်ကောင် ကိုပူဇော်ရမည်။ ဘောဇဉ်ပူဇော်သကာ အဖြစ်မုန့်ညက်တင်းဝက်နှင့်နွားသိုးပျို တစ်ကောင်ကိုလည်းကောင်း၊ မုန့်ညက်တင်း ဝက်နှင့်သိုးထီးတစ်ကောင်ကိုလည်းကောင်း၊ သိုးငယ်များနှင့်အတူမိမိပေးလှူလို သမျှကိုပူဇော်ရမည်။ မုန့်ညက်တင်း တစ်ဝက်လျှင်သံလွင်ဆီတစ်ပိဿာငါး ဆယ်သားကိုပေးလှူရမည်။-