Isaiah 66:24
``ထိုသူတို့သည်မိမိတို့ပြည်များသို့ပြန် ကြသောအခါငါ့ကိုပုန်ကန်သူတို့၏ အလောင်းများကိုတွေ့မြင်ကြလိမ့်မည်။ ထိုအလောင်းများကိုဖျက်ဆီးသည့်လောက် ကောင်တို့သည်အဘယ်အခါ၌မျှသေကြ လိမ့်မည်မဟုတ်။ အလောင်းတို့ကိုလောင် လျက်နေသောမီးသည်လည်းအဘယ်အခါ ၌မျှငြိမ်းလိမ့်မည်မဟုတ်။ လူအပေါင်းတို့ သည်ထိုအချင်းအရာကိုမြင်၍စက်ဆုတ် ရွံရှာကြလိမ့်မည်။ ပရောဖက်ဟေရှာယစီရင်ရေးထားသော အနာဂတ္တိကျမ်းပြီး၏။
Common Language Bible
In The King James Version
In Context
Cross References
Psalms 58:10သူတော်ကောင်းတို့သည်အပြစ်ကူးသူများ အပြစ်ဒဏ်သင့်ကြသည်ကိုမြင်သောအခါ ဝမ်းမြောက်ကြလိမ့်မည်။ သူတို့သည်သူယုတ်မာတို့၏သွေးအိုင်တွင် ခြေဆေးကြလိမ့်မည်။
Isaiah 14:11အခါတစ်ပါးကသင်သည်စောင်းသံများ ဖြင့်ဂုဏ်ပြုဖျော်ဖြေခြင်းကိုခံခဲ့ရသော် လည်း ယခုအခါမရဏနိုင်ငံသို့ရောက်ရှိ နေပါပြီတကား။ လောက်ကောင်များကိုအိပ် ရာလုပ်၍လဲလျောင်းကာတီကောင်များကို စောင်လုပ်၍ခြုံရလေပြီတကား' ဟုဟစ် အော်ပြောဆိုကြ၏။''
Isaiah 48:22``သူယုတ်မာတို့သည်ငြိမ်းချမ်းစွာနေရ ကြလိမ့်မည် မဟုတ်'' ဟုထာဝရဘုရားမိန့်တော်မူပါ၏။
Isaiah 66:16အပြစ်ရှိကြောင်းတွေ့ရှိရသူအပေါင်းတို့ အား ကိုယ်တော်သည်မီးအားဖြင့်လည်းကောင်း၊ ဋ္ဌားလက်နက်အားဖြင့်လည်းကောင်းဆုံးမ တော်မူလိမ့်မည်။ ထိုသူတို့သည်လည်းသေ ကြေရကြလိမ့်မည်။
Daniel 12:2သေလွန်သူအမြောက်အမြားတို့သည်ပြန် ၍ အသက်ရှင်လာကြလိမ့်မည်။ ထိုသူတို့ အနက်အချို့သောသူတို့သည်ထာဝရ အသက်ကိုခံစားရကြလိမ့်မည်။ အချို့ တို့မှာမူထာဝရအသရေပျက်ခြင်း ကိုခံစားရကြလိမ့်မည်။-
Zechariah 14:18အကယ်၍အီဂျစ်အမျိုးသားတို့သည်သစ် ခက်တဲနေပွဲတော်ကိုကျင်းပရန်ငြင်းဆန် ကြပါမူ သူတို့သည်ယင်းသို့ငြင်းဆန်သူ များအတွက်ထာဝရဘုရားစေလွှတ်တော် မူသောအနာရောဂါဘေးနှင့်ကြုံတွေ့ရ လိမ့်မည်။-