Isaiah 7:11
``နိမိတ်လက္ခဏာတစ်ခုကိုပြတော်မူရန် သင်၏ဘုရားသခင်ထာဝရဘုရားအား တောင်းလျှောက်လော့။ ထိုနိမိတ်လက္ခဏာသည် မရဏာနိုင်ငံမှလည်းကောင်း၊ အထက်ကောင်း ကင်ဘုံမှလည်းကောင်းဖြစ်နိုင်ပါသည်'' ဟု ပြောကြားစေတော်မူ၏။
Common Language Bible
In The King James Version
Ask thee a sign of the LORD thy God; ask it either in the depth, or in the height above.
In Context
10ထာဝရဘုရားသည်အာခတ်ထံသို့ မိမိ ၏စေတမန်ကိုလွှတ်တော်မူပြန်၍၊-
Cross References
Judges 6:40ထိုည၌လည်းဘုရားသခင်သည်ဂိဒေါင် လျှောက်ထားသည့်အတိုင်းပင်ဖြစ်စေတော် မူ၏။ နောက်တစ်နေ့နံနက်၌သိုးမွေးသည် ခြောက်သွေ့လျက်မြေကြီးမှာမူစွတ်စို လျက်နေ၏။
2 Kings 19:29ထိုနောက်ဟေရှာယသည်ဟေဇကိမင်း အား``နောင်အခါဖြစ်ပျက်မည့်အမှုအရာ များ၏ရှေ့ပြေးနိမိတ်ကားဤသို့တည်း။ သင်သည်ယခုနှစ်နှင့်နောင်နှစ်ခါ၌ စပါး ရိုင်းကိုသာလျှင်စားရလိမ့်မည်။ သို့ရာတွင် တတိယနှစ်၌မူဂျုံစပါးကိုစိုက်ပျိုး ရိတ်သိမ်းရလိမ့်မည်။ စပျစ်ပင်များကိုလည်း စိုက်၍ စပျစ်သီးများကိုစားရလိမ့်မည်။-
Isaiah 37:30ထိုနောက်ဟေရှာယသည်ဟေဇကိမင်း အား``နောင်အခါဖြစ်ပျက်မည့်အမှုအရာ များ၏ရှေ့ပြေးနိမိတ်ကားဤသို့တည်း။ သင် သည်ယခုနှစ်၌လည်းကောင်း၊ နောင်နှစ်ခါ၌ လည်းကောင်းစပါးရိုင်းကိုသာလျှင်စားရ လိမ့်မည်။ သို့ရာတွင်တတိယနှစ်၌မူဂျုံ စပါးကိုစိုက်ပျိုးရိတ်သိမ်းရလိမ့်မည်။ စပျစ်ပင်များကိုလည်းစိုက်၍စပျစ် သီးများကိုစားရလိမ့်မည်။-
Isaiah 38:22ထိုအခါမင်းကြီးက``ငါသည်ဗိမာန်တော် သို့သွားရောက်နိုင်လိမ့်မည်ဖြစ်ကြောင်း အဘယ် နိမိတ်လက္ခဏာကိုထောက်၍သိရှိနိုင်ပါမည် နည်း'' ဟုမေးတော်မူ၏။
Jeremiah 19:10ထိုနောက်ထာဝရဘုရားသည် ငါ့ကိုမိမိ နှင့်အတူလိုက်ပါလာသူတို့၏ရှေ့တွင်အိုး ကိုခွဲစေတော်မူပြီးလျှင်၊-
Matthew 12:38အချို့သောကျမ်းတတ်ဆရာများနှင့်ဖာရိရှဲများ က ``ဆရာတော်၊ အကျွန်ုပ်တို့အားနိမိတ်လက္ခဏာ တစ်ခုကိုပြတော်မူပါ'' ဟုလျှောက်ထားကြ၏။