Isaiah 8:9
အချင်းနိုင်ငံခြားသားအပေါင်းတို့ကြောက်ရွံ့ လျက်စုဝေးကြလော့။ ရပ်ဝေးဒေသမှလူ အပေါင်းတို့၊ နားထောင်ကြလော့။ စစ်တိုက်ရန် အသင့်ပြင်ဆင်ကြလော့။ သို့ရာတွင်ကြောက် လန့်လျက်နေကြလော့။ သင်တို့သည်ယင်းသို့ အသင့်ပြင်ဆင်ကြသော်လည်းကြောက်လန့် လျက်နေရကြ၏။-
Common Language Bible
In The King James Version
In Context
Cross References
1 Kings 20:11အာဟပ်မင်းကလည်း``စစ်သူရဲပီသသူသည် တိုက်ပွဲပြီးမှဝါကြွားတတ်၏။ တိုက်ပွဲမပြီး မီဝါကြွားလေ့မရှိကြောင်း ဗင်္ဟာဒဒ်မင်းအား ပြန်ကြားလျှောက်ထားကြလော့'' ဟုဆို၏။
Proverbs 11:21လူဆိုးတို့သည် အသင်းဖွဲ့သော်လည်း၊ အပြစ် ဒဏ်နှင့်မလွတ်ရကြ။ ဖြောင့်မတ်သောသူတို့၏ အမျိုး အနွှယ်မူကား လွတ်ရ၏။
Isaiah 14:5ပြည်သူတို့အားအမျက်ဒေါသနှင့်ဖိနှိပ်ချုပ် ချယ်ကာ၊ မိမိနှိမ်နင်းအောင်မြင်သည့်လူမျိုး တို့အားလည်း အဆက်မပြတ်ညှင်းဆဲနှိပ် စက်တတ်သူမင်းဆိုးမင်းညစ်များ၏တန်ခိုး အာဏာကိုထာဝရဘုရားပျက်သုဉ်းစေ တော်မူပြီ။-
Isaiah 28:13သို့ဖြစ်၍ထာဝရဘုရားသည်သင်တို့အား ကျောင်းမှန်းကန်မှန်းသိအောင်လုံးစေ့ပတ်စေ့ တစ်ကြောင်းပြီးတစ်ကြောင်းတစ်ပိုဒ်ပြီးတစ် ပိုဒ် သွန်သင်တော်မူလိမ့်မည်။ ထိုအခါသင်တို့ သည်ခြေလှမ်းလိုက်တိုင်းလဲကျကြလိမ့်မည်။ သင်တို့သည်ထိခိုက်ဒဏ်ရာရလျက်ကျော့ ကွင်းတွင်မိကာအဖမ်းခံရကြလိမ့်မည်။
Isaiah 54:15အကယ်၍သင့်အားထိပါးတိုက်ခိုက်လာသူ တစ်စုံတစ်ယောက်ရှိပါမူ၊ ထိုသူသည်ငါ၏ခွင့်ပြုချက်ကိုရရှိလိမ့်မည်မဟုတ်။ သင့်အားစစ်ပြိုင်လာသူမှန်သမျှသည် ကျဆုံးရကြလိမ့်မည်။
Jeremiah 46:4သင်တို့၏မြင်းများကိုကြိုးတန်ဆာဆင်စီး ကြလော့။ စီတန်းပြီးလျှင်သင်တို့၏သံခမောက်များ ကို ဆောင်းကြလော့။ လှံများကိုသွေးကြလော့။ သံချပ်အင်္ကျီကိုဝတ်ကြလော့' ဟုအော်ဟစ် ကြ၏။