Isaiah 9:18
လူတို့၏ယုတ်မာမှုသည် ဆူးပင်အမျိုးမျိုး ကိုကျွမ်းလောင်စေသည့်မီးကဲ့သို့တောက် လောင်တတ်၏။ တောမီးကဲ့သို့တောက်လောင်၍ မီးခိုးလုံးကြီးများကိုတက်စေတတ်၏။-
Common Language Bible
In The King James Version
In Context
Cross References
Numbers 11:1လူအပေါင်းတို့သည်မိမိတို့တွေ့ကြုံရသော ဆင်းရဲဒုက္ခများကြောင့် ထာဝရဘုရားထံ တော်သို့ညည်းညူသံကိုကြားရသောအခါ အမျက်တော်ထွက်၍သူတို့အပေါ်တွင်လောင် မီးကျစေ၏။ မီးသည်စခန်းတစ်ဘက်စွန်း တွင်ရှိသောလူများကိုလောင်ကျွမ်းစေ၏။-
1 Kings 16:21ဣသရေလပြည်သူတို့သည် စိတ်ဝမ်းကွဲ ပြားလျက်နေကြ၏။ အချို့တို့သည်ဂိနက် ၏သားတိဗနိကိုမင်းမြှောက်လိုကြ၏။ အချို့ကမူသြမရိကိုလိုလားကြ၏။-
Psalms 37:20သူယုတ်မာတို့မူကားသေကြလိမ့်မည်။ ထာဝရဘုရားအားရန်ဘက်ပြုသူတို့သည် တောပန်းများကဲ့သို့ပျောက်ကွယ်ကြလိမ့်မည်။ မီးခိုးကဲ့သို့လွင့်ပျောက်ကြလိမ့်မည်။
Isaiah 1:31သစ်ခြောက်သည်မီးပွားကြောင့်မီးစွဲလောင်ရသည်နည်းတူတန်ခိုးကြီးမားသူတို့သည်လည်း မိမိတို့၏ဒုစရိုက်များကြောင့်ဆုံးပါးပျက်စီးရကြလိမ့်မည်။ ယင်းသို့ဆုံးပါးပျက်စီးမှုကိုလည်းအဘယ်သူမျှဆီးတား၍ရလိမ့်မည်မဟုတ်'' ဟုမြွက်ဆိုလေသည်။
Isaiah 5:24ထို့ကြောင့်ကောက်ရိုးနှင့်မြက်ခြောက်တို့သည် မီး လျှံတွင်တွန့်လိမ်လောင်ကျွမ်းသွားသကဲ့သို့၊ သင်တို့၏အမြစ်များသည်ဆွေးမြေ့လျက် အပွင့်များသည်လည်းခြောက်သွေ့လွင့်စင်လျက် သွားလိမ့်မည်။ အဘယ်ကြောင့်ဆိုသော်သင်တို့ သည်ငါတို့အား ဣသရေလအမျိုးသားတို့ ၏သန့်ရှင်းမြင့်မြတ်တော်မူသောအနန္တတန်ခိုး ရှင်ထာဝရဘုရားဟောပြောသွန်သင်တော်မူ သည့်တရားတော်ကိုပစ်ပယ်ကြသောကြောင့် ဖြစ်၏။-
Isaiah 27:4စပျစ်ဥယျာဉ်အပေါ်၌ငါအမျက်မထွက် တော့ပြီ။ ငါခုတ်ထွင်ပစ်ရန်ဆူးပင်မျိုးစုံရှိ စေချင်ပါဘိ။ ယင်းတို့ကိုငါသည်လုံးဝ မီးရှို့ပစ်မည်။-