The Bible Software
bible.software › Isaiah › Isaiah 9 › Isaiah 9:19

Isaiah 9:19

အ​နန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား​သည် အ​မျက်​ထွက်​တော်​မူ​သ​ဖြင့်​ကိုယ်​တော် ပေး​တော်​မူ​သော​အ​ပြစ်​ဒဏ်​သည် တစ်​ပြည် လုံး​တွင်​မီး​သ​ဖွယ်​တောက်​လောင်​ကာ​လူ တို့​အား​သုတ်​သင်​ဖျက်​ဆီး​ပစ်​လိမ့်​မည်။ ထို​အ​ခါ​လူ​တိုင်း​ပင်​ကိုယ်​လွတ်​ရုန်း ကြ​လိမ့်​မည်။-

Common Language Bible

In The King James Version

Through the wrath of the LORD of hosts is the land darkened, and the people shall be as the fuel of the fire: no man shall spare his brother.

In Context

18လူ​တို့​၏​ယုတ်​မာ​မှု​သည် ဆူး​ပင်​အ​မျိုး​မျိုး ကို​ကျွမ်း​လောင်​စေ​သည့်​မီး​ကဲ့​သို့​တောက် လောင်​တတ်​၏။ တော​မီး​ကဲ့​သို့​တောက်​လောင်​၍ မီး​ခိုး​လုံး​ကြီး​များ​ကို​တက်​စေ​တတ်​၏။-

20နေ​ရာ​တ​ကာ​တွင်​လူ​တို့​သည်​မိ​မိ​တို့​ရ​နိုင် သ​မျှ​သော​အ​စား​အ​စာ​များ​ကို​စား​ကြ သော်​လည်း အာ​သာ​မ​ပြေ​ဘဲ​ရှိ​လိမ့်​မည်။ သူ တို့​သည်​မိ​မိ​တို့​၏​သား​သ​မီး​များ​ကို​ပင် ပြန်​၍​စား​ကြ​ပါ​သည်​တ​ကား၊-

Read all of Isaiah 9

Cross References

Isaiah 1:31သစ်​ခြောက်​သည်​မီး​ပွား​ကြောင့်​မီး​စွဲ​လောင်​ရ​သည်​နည်း​တူ​တန်​ခိုး​ကြီး​မား​သူ​တို့​သည်​လည်း မိ​မိ​တို့​၏​ဒု​စ​ရိုက်​များ​ကြောင့်​ဆုံး​ပါး​ပျက်​စီး​ရ​ကြ​လိမ့်​မည်။ ယင်း​သို့​ဆုံး​ပါး​ပျက်​စီး​မှု​ကို​လည်း​အ​ဘယ်​သူ​မျှ​ဆီး​တား​၍​ရ​လိမ့်​မည်​မ​ဟုတ်'' ဟု​မြွက်​ဆို​လေ​သည်။

Isaiah 8:22မြေ​ကြီး​သို့​စိုက်​ကြည့်​သည့်​အ​ခါ​သော် လည်း​ကောင်း​ဆင်း​ရဲ​ဒုက္ခ​နှင့်​ကံ​ဆိုး​မိုး​မှောင် မှ​တစ်​ပါး အ​ဘယ်​အ​ရာ​ကို​မျှ​တွေ့​ရကြ လိမ့်​မည်​မ​ဟုတ်။ ထို​သူ​တို့​အ​ပေါ်​သို့​ထိတ် လန့်​ဖွယ်​ရာ​ကံ​ဆိုး​မိုး​မှောင်​ကျ​ရောက်​လာ လိမ့်​မည်။ ဤ​သို့​ဆင်း​ရဲ​ဒုက္ခ​ရောက်​ရာ​ကာ​လ နှင့်​သူ​တို့​ကင်း​လွတ်​ရန်​လမ်း​ရှိ​တော့​မည် မ​ဟုတ်။

Isaiah 13:13အ​နန္တ​တန်​ခိုး​ရှင်​ငါ​ထာ​ဝ​ရ​ဘု​ရား​သည် အ​မျက်​တော်​ကို​ပြ​တော်​မူ​သော​အ​ခါ မိုး ကောင်း​ကင်​သည်​တုန်​လှုပ်​၍​ကမ္ဘာ​မြေ​ကြီး သည်​လည်း​တည်​နေ​ရာ​မှ​ရွေ့​လျား​သွား လိမ့်​မည်။

Isaiah 24:6ထို့​ကြောင့်​ဘု​ရား​သ​ခင်​သည်​ကမ္ဘာ​မြေ​ကြီး ကို​ကျိန်​စာ​သင့်​စေ​တော်​မူ​၏။ ကမ္ဘာ​သူ​ကမ္ဘာ သား​တို့​သည်​လည်း​မိ​မိ​တို့​ပြု​ခဲ့​သည့်​မ ကောင်း​မှု​၏​အ​ကျိုး​ဆက်​ကို​ခံ​ယူ​ရကြ​ကုန် ၏။ အ​သက်​မ​သေ​ဘဲ​ကျန်​ရှိ​သူ​များ​သည် လည်း​နည်း​သည်​ထက်​နည်း​၍​လာ​တော့​၏။-

Isaiah 60:2အ​ခြား​အ​မျိုး​သား​တို့​နှင့်​ကမ္ဘာ​ပေါ်​တွင်​အ​မှောင် လွှမ်း​လျက်​နေ​မည်​ဖြစ်​သော်​လည်း၊ သင်​၏​အ​ပေါ်​၌​မူ​ထာ​ဝ​ရ​ဘု​ရား​၏​အ​လင်း​တော် ထွန်း​တောက်​လျက်​နေ​လိမ့်​မည်။ မျက်​နှာ​တော်​မှ​ဘုန်း​အ​သ​ရေ​ရောင်​ခြည်​တော်​သည် သင့်​အ​ပေါ်​သို့​သက်​ရောက်​၍ တည်​နေ​တော်​မူ​လိမ့်​မည်။

Ezekiel 9:5ထို​နောက်​ဘု​ရား​သ​ခင်​က​အ​ခြား​သူ​တို့ အား``ထို​သူ​၏​နောက်​သို့​လိုက်​၍​မြို့​တွင်း တစ်​လျှောက်​တွင်​သတ်​ဖြတ်​ကြ​လော့။ မည်​သူ့ ကို​မျှ​ချမ်း​သာ​မ​ပေး​နှင့်။ မည်​သူ့​ကို​မျှ မ​သ​နား​မ​ညှာ​တာ​နှင့်။-

This Verse In Other Editions

King James VersionBíblia Portuguesa MundialLuther Bibel (Deutsch)Bible Louis Segond (Français)Библия (Русский)新标点和合本성경 (한국어)الكتاب المقدس باللغة العربية، فان دايكBibbia Diodati (Italiano)Kinh Thánh (Tiếng Việt)Biblia Cornilescu (Română)Polish Biblia Gdanska (1881)Statenvertaling (Nederlands)

Study Isaiah 9:19

Matthew HenryJamieson-Fausset-BrownAdam ClarkeJohn WesleyJohn CalvinKeil and DelitzschScofieldFamily Bible NotesGeneva Bible Notes (1599)
← Isaiah 9:18Isaiah 9Isaiah 9:20 →