ရှင်ယာကုပ်ဩဝါဒစာ 2:18
သို့ရာတွင်တစ်စုံတစ်ယောက်က``လူတစ်ဦး မှာယုံကြည်ခြင်းရှိ၍အခြားတစ်ဦးမှာ အကျင့်ရှိသည်'' ဟုစောဒကတက်လျှင်``အကျင့် နှင့်ကင်းသည့်ယုံကြည်ခြင်းကိုငါ့အားပြလော့။ ငါမူကားအကျင့်အားဖြင့်ငါ၏ယုံကြည် ခြင်းကိုပြမည်'' ဟုငါဆိုပေအံ့။-
Common Language Bible
In The King James Version
In Context
Read all of ရှင်ယာကုပ်ဩဝါဒစာ 2
Cross References
Matthew 7:16သူတို့သည်မိစ္ဆာပရောဖက်များဖြစ်ကြောင်းကို သူတို့၏အပြုအမူအားဖြင့် သင်တို့သိရှိကြ လိမ့်မည်။ စပျစ်သီးကိုဆူးပင်မှလည်းကောင်း၊ သင်္ဘောသဖန်းသီးကိုဆူးချုံမှလည်းကောင်း လူတို့ဆွတ်ခူးကြသလော။-
Romans 4:6အကျင့်သီလကိုမထောက်ဘဲဘုရားသခင် သည်ဖြောင့်မတ်သောသူအဖြစ်လက်ခံတော်မူ ခြင်းကို ခံရသောသူသည်မင်္ဂလာရှိကြောင်း ဖော်ပြရာ၌ဒါဝိဒ်မင်းက၊
Romans 14:23သို့ရာတွင်သံသယရှိသောစိတ်နှင့်အစား အစာတစ်စုံတစ်ရာကိုစားသုံးသောသူအား ဘုရားသခင်ပြစ်ဒဏ်စီရင်တော်မူလိမ့်မည်။ အဘယ်ကြောင့်ဆိုသော်ယုံကြည်မှုပေါ်၌ တည်၍မပြုသောကြောင့်ဖြစ်၏။ ယုံကြည်မှု ပေါ်၌မတည်ဘဲပြုလေသမျှသည်အပြစ် ဖြစ်၏။
2 Corinthians 5:17ခရစ်တော်နှင့်တစ်လုံးတစ်ဝတည်းရှိသူသည် သတ္တဝါသစ်ဖြစ်၏။ သူသည်ဘဝဟောင်းကိုစွန့် ၍ဘဝသစ်သို့ဝင်စားပြီ။-
Galatians 5:6ငါတို့သည်ခရစ်တော်နှင့်တစ်လုံးတစ်ဝတည်း ဖြစ်ပါက အရေဖျားလှီးမင်္ဂလာခံသည်မခံ သည်မှာအရေးမကြီးပေ။ အရေးကြီးသည့် အရာမှာမေတ္တာတရားကိုပေါ်လွင်စေသည့် ယုံကြည်ခြင်းပင်ဖြစ်သတည်း။
1 Timothy 1:5ဤသို့ပညတ်ရခြင်းအကြောင်းမှာသန့်စင် သောမေတ္တာ၊ ကြည်လင်သောသြတ္တပ္ပစိတ်နှင့် စစ်မှန်သောယုံကြည်ခြင်းကိုနှိုးဆွပေး လို၍ဖြစ်၏။-