ရှင်ယာကုပ်ဩဝါဒစာ 5:17
ဧလိယသည်ငါတို့နည်းတူသာမန်လူသား ဖြစ်ပေသည်။ သူသည်မိုးမရွာစေရန်စိတ်အား ထက်သန်စွာဆုတောင်းသောအခါ ကမ္ဘာမြေ ပေါ်သို့သုံးနှစ်နှင့်ခြောက်လတိုင်တိုင်မိုးမရွာ ဘဲနေ၏။-
Common Language Bible
In The King James Version
In Context
Read all of ရှင်ယာကုပ်ဩဝါဒစာ 5
Cross References
1 Kings 17:1ဂိလဒ်ပြည်တိရှဘိမြို့သားဧလိယဆိုသူ ပရောဖက်က အာဟပ်မင်းအား``မိုးရွာမည်ဟု ငါမပြောမချင်းလာမည့်နှစ်နှစ်သုံးနှစ်တွင် မိုးခေါင်လိမ့်မည်။ ဆီးနှင်းလည်းကျလိမ့်မည် မဟုတ်ကြောင်း ငါကိုးကွယ်၍အသက်ရှင်တော် မူသောဣသရေလအမျိုးသားတို့၏ဘုရားသခင်ထာဝရဘုရားကိုတိုင်တည်၍သင့် အားငါဆို၏'' ဟုဆင့်ဆိုလေသည်။
Luke 4:25ဧလိယလက်ထက်၌ဣသရေလနိုင်ငံတွင် သုံး နှစ်နှင့်ခြောက်လပတ်လုံးမိုးခေါင်၍အစာ ငတ်မွတ်ခေါင်းပါးခြင်းဘေးဆိုက်ခဲ့၏။-
Acts 14:15အချင်းလူတို့၊ သင်တို့သည်အဘယ်ကြောင့်ဤ သို့ပြုကြသနည်း။ ငါတို့သည်လည်းသင်တို့ကဲ့ သို့ပင်လူသာမန်များသာဖြစ်ကြ၏။ သင်တို့ သည်ဤသို့အကျိုးမရှိသည့်အမှုအရာများ ကိုစွန့်ပစ်၍ အသက်ရှင်တော်မူသောဘုရား သခင်အားဆည်းကပ်ကြစေရန် ငါတို့သည် သင်တို့အားသတင်းကောင်းကိုကြေညာရန် ရောက်ရှိလာကြ၏။ အသက်ရှင်တော်မူသော ဘုရားသခင်သည်မိုးမြေကိုလည်းကောင်း ပင်လယ်နှင့်အရပ်ခပ်သိမ်းတွင်ရှိလေသမျှ သောအရာတို့ကိုလည်းကောင်းဖန်ဆင်းတော် မူ၏။-
Revelation 11:6ထိုသူတို့မှာဗျာဒိတ်တော်ကိုဟောပြော သည့်အချိန်ကာလအတွင်း မိုးမရွာစေရန် မိုးကောင်းကင်ကိုပိတ်နိုင်သောတန်ခိုးရှိ၏။ ရေကိုသွေးအဖြစ်သို့ပြောင်းလဲစေနိုင် သောတန်ခိုးလည်းရှိ၏။ သူတို့သည်မိမိ တို့အလိုရှိသည့်အခါတိုင်းကမ္ဘာမြေကြီး ကိုဘေးဒဏ်အမျိုးမျိုးသင့်စေနိုင်၏။-