ယေရမိအနာဂတ္တိကျမ်း 10:9
သူတို့ကိုးကွယ်သည့်ရုပ်တုများသည်တာရှု ပြည်မှ ထွက်သည့်ငွေနှင့်လည်းကောင်း၊ ဥဖတ်မြို့မှထွက်သည့်ရွှေနှင့်လည်းကောင်း မွမ်းမံထားသဖြင့်၊ အနုပညာသည်တို့၏လက်ရာဖြစ်ပေသည်။ ထိုရုပ်တုများသည်ကျွမ်းကျင်သူယက်ကန်း သည်တို့၊ ယက်လုပ်ထားသောခရမ်းရောင်ထည်၊ အပြာရောင်ထည်တို့ဖြင့်တန်ဆာဆင်၍ ထား၏။
Common Language Bible
In The King James Version
In Context
Read all of ယေရမိအနာဂတ္တိကျမ်း 10
Cross References
2 Chronicles 9:21မင်းကြီး၌ဟိရံမင်း၏သင်္ဘောစုနှင့်အတူပင် လယ်သွားသင်္ဘောများရှိ၏။ သူ၏သင်္ဘောတို့ သည် ရွှေ၊ ငွေ၊ ဆင်စွယ်၊ လူဝံနှင့်မျောက်များကို တင်ဆောင်၍သုံးနှစ်တစ်ကြိမ်ပြန်လည်ရောက် ရှိလေသည်။-
Isaiah 40:19ကိုယ်တော်သည်အတတ်ပညာသည်များသွန်း လုပ်၍၊ ပန်းထိမ်ဆရာတို့ရွှေဖြင့်မွမ်းမံကာ၊ငွေ အခြေခံတွင် တပ်ဆင်ထားသည့်ရုပ်တုနှင့်မတူ။
Daniel 10:5မော်၍ကြည့်လိုက်သောအခါပိတ်ချော အင်္ကျီကိုဝတ်၍ ရွှေခါးပတ်ကိုပတ်ထား သူလူတစ်ယောက်ကိုငါမြင်ရ၏။-