ယေရမိအနာဂတ္တိကျမ်း 11:16
အခါတစ်ပါးကထာဝရဘုရားသည်ထို သူတို့အားအရွက်များဖြင့်စိမ်းလန်းဝေဆာ ၍ လှပသောအသီးများနှင့်ပြည့်နှက်လျက် ရှိသည့်သံလွင်ပင်ဟုခေါ်ဆိုသမုတ်ခဲ့၏။ သို့ရာတွင်ယခုအခါ၌သူသည်မိုးကြိုး သံနှင့်တူသောအသံဖြင့် ထိုအပင်အရွက် များကိုမီးရှို့၍အကိုင်းအခက်များကို ချိုးတော်မူမည်။
Common Language Bible
In The King James Version
In Context
Read all of ယေရမိအနာဂတ္တိကျမ်း 11
Cross References
Psalms 80:16ကျွန်တော်မျိုးတို့၏ရန်သူများသည်ထိုအပင်ကို မီးရှို့ခုတ်လှဲကြပါပြီ။ ထိုသူတို့ကိုအမျက်တော်နှင့်ကြည့်တော် မူ၍ သုတ်သင်ဖျက်ဆီးတော်မူပါ။
Psalms 83:2ကိုယ်တော်ရှင်၏ရန်သူတို့သည်သောင်း ကျန်း ထကြွလျက်နေကြပါ၏။ ကိုယ်တော်ရှင်ကိုမုန်းသောသူတို့သည် တော်လှန်ပုန်ကန်လျက်နေကြပါ၏။
Isaiah 27:11သစ်ပင်များမှအကိုင်းအခက်တို့သည်ကျိုး ကျခြောက်သွေ့လျက်ရှိသဖြင့် အမျိုးသမီး များသည်လာ၍ထင်းခွေကြလေသည်။ လူတို့ သည်အသိတရားမရှိကြသဖြင့် သူတို့၏ ဖန်ဆင်းတော်မူရှင်ဘုရားသခင်သည်သူတို့ အားသနားကြင်နာကရုဏာထားတော်မူ လိမ့်မည်မဟုတ်။
Jeremiah 21:14သို့ရာတွင်ငါသည်သင်ပြုခဲ့သည့်အမှု များအတွက်အပြစ်ဒဏ်ခတ်တော်မူမည်။ ငါသည်သင်၏နန်းတော်ကိုမီးသင့်လောင် စေမည်။ ထိုမီးသည်နီးနားပတ်လည်တွင်ရှိ သမျှသောအရာတို့ကိုကျွမ်းလောင်သွားစေ လိမ့်မည်။ ဤကားငါထာဝရဘုရားမြွက် ဟသည့်စကားဖြစ်၏'' ဟုမိန့်တော်မူ၏။
Ezekiel 20:47တောင်အရပ်မှသစ်တောအားအရှင်ထာဝရ ဘုရားကထာဝရဘုရား၏နှုတ်ကပတ် တော်ကိုနားထောင်လော့။ ငါသည်မီးမွှေးလျက် ရှိ၏။ ထိုမီးသည်သင်၏သစ်ပင်ခြောက်ရှိ သမျှနှင့်သစ်ပင်စိုရှိသမျှတို့ကိုကျွမ်း လောင်စေလိမ့်မည်။ မီးတောက်များကိုအဘယ် အရာမျှမငြိမ်းမသတ်နိုင်ရာ။ ထိုမီးသည် တောင်အရပ်မှမြောက်အရပ်သို့ပျံ့နှံ့သွား ကာ မြေတစ်ပြင်လုံးကိုကျွမ်းလောင်စေ လိမ့်မည်။-
John 15:6ငါ၌မတည်နေသောသူသည်အပြင်သို့ပစ် ထုတ်ခြင်းကိုခံရ၍ ခြောက်သွေ့သွားသည့် အကိုင်းအခက်ကဲ့သို့ဖြစ်လိမ့်မည်။ လူတို့ သည်ထိုသို့သောအကိုင်းအခက်များကို စုသိမ်း၍မီးရှို့တတ်ကြ၏။-