The Bible Software
bible.software › ယေရမိအနာဂတ္တိကျမ်း › ယေရမိအနာဂတ္တိကျမ်း 12 › ယေရမိအနာဂတ္တိကျမ်း 12:2

ယေရမိအနာဂတ္တိကျမ်း 12:2

ကိုယ်​တော်​ရှင်​သည်​သူ​တို့​အား​စိုက်​ပျိုး​တော် မူ​သ​ဖြင့် သူ​တို့​သည်​အ​မြစ်​စွဲ​ကာ​ကြီး​ပွား​လျက် အ​သီး​အ​နှံ​များ​အောင်​ကြ​ပါ​၏။ သူ​တို့​သည်​အ​စဉ်​ပင်​ကိုယ်​တော်​ရှင်​ကောင်း မြတ် တော်​မူ​ကြောင်း​ကို​ပြော​ဆို​ကြ​သော်​လည်း၊ အ​မှန်​အား​ဖြင့်​ကိုယ်​တော်​ရှင်​ကို​ပ​မာ​ဏ မပြု​ကြ​ပါ။

Common Language Bible

In The King James Version

Thou hast planted them, yea, they have taken root: they grow, yea, they bring forth fruit: thou art near in their mouth, and far from their reins.

In Context

1အို ထာ​ဝ​ရ​ဘု​ရား၊ကျွန်​တော်​မျိုး​၏​အ​မှု​ကို အ​ထံ​တော်​တွင်​လျှောက်​လဲ​ရ​သော် ကိုယ်​တော်​ရှင်​သာ​လျှင်​ဖြောင့်​မတ်​သော​အ​ရှင် ဖြစ်​ပါ​သည်။ သို့​ရာ​တွင်​တ​ရား​မျှ​တ​မှု​ရှိ​မ​ရှိ​နှင့်​ပတ် သက်​၍ ကျွန်​တော်​မျိုး​လျှောက်​ထား​လို​ပါ​၏။ အ​ဘယ်​ကြောင့်​သူ​ယုတ်​မာ​တို့​သည် ချမ်း​သာ​ကြွယ်​ဝ​ကြ​ပါ​သ​နည်း။ မ​ရိုး​မ​ဖြောင့်​သူ​တို့​သည်​အ​ဘယ်​ကြောင့် အေး​ချမ်း​စွာ​နေ​ရ​ပါ​သ​နည်း။

3သို့​ရာ​တွင် အို ထာ​ဝ​ရ​ဘု​ရား၊ကိုယ်​တော်​ရှင်​သည် ကျွန်​တော်​မျိုး​၏​အ​ကြောင်း​ကို​သိ​တော်​မူ​ပါ​၏။ ကျွန်​တော်​မျိုး​ပြု​ကျင့်​သည့်​အ​မှု​ကို​လည်းကောင်း၊ ကိုယ်​တော်​ရှင်​အား၊ကျွန်​တော်​မျိုး​၏​အ​ကြံ အ​စည် ကို​လည်း​ကောင်း​သိ​မြင်​တော်​မူ​ပါ​၏။ ထို​ဆိုး​ညစ်​သူ​တို့​အား​အ​သတ်​ခံ​ရ​မည့်​သိုး များ​ကဲ့​သို့ ဆွဲ​ထုတ်​သွား​တော်​မူ​ပါ​၏။ အ​သတ်​ခံ​ရ​ချိန်​မ​တိုင်​မီ​သူ​တို့​အား စောင့်​ကြပ်​ထား​တော်​မူ​ပါ​၏။

Read all of ယေရမိအနာဂတ္တိကျမ်း 12

Cross References

Job 24:12လူတို့သည်မြို့ထဲမှာ ညည်းတွားကြ၏။ နာသောသူတို့သည် အော်ဟစ်ကြ၏။ နာသောသူတို့သည် အော်ဟစ်ကြ၏။ သို့သော်လည်း သူတို့ဆုတောင်းသော စကားကိုဘုရားသခင်သည် ပမာဏပြုတော်မမူ။

Isaiah 29:13ထာ​ဝ​ရ​ဘု​ရား​က``ဤ​သူ​တို့​သည်​ငါ့​အား နှုတ်​ဖြင့် ဝတ်​ပြု​ကိုး​ကွယ်​ပါ​သည်​ဟု​ဆို​သော် လည်း​သူ​တို့​၏​စ​ကား​များ​သည်​အ​ဋ္ဌိ​ပ္ပါယ် မ​ရှိ။ သူ​တို့​၏​စိတ်​သည်​လည်း​အ​ရပ်​တစ်​ပါး သို့​ရောက်​၍​နေ​၏။ သူ​တို့​၏​ဘာ​သာ​တ​ရား သည် မိ​မိ​တို့​အ​လွတ်​ကျက်​မှတ်​ထား​သည့်​လူ့ ထုံး​တမ်း​စဉ်​လာ​နှင့်​နည်း​ဥ​ပ​ဒေ​များ​သာ လျှင်​ဖြစ်​ပေ​သည်။-

Jeremiah 11:17``အ​နန္တ​တန်​ခိုး​ရှင်​ငါ​ထာ​ဝ​ရ​ဘု​ရား​သည် ဣ​သ​ရေ​လ​ပြည်​နှင့်​ယု​ဒ​ပြည်​ကို​ပြု​စု ပျိုး​ထောင်​ပေး​ခဲ့​၏။ သို့​ရာ​တွင်​ယ​ခု​အ​ခါ ငါ​သည်​ထို​ပြည်​များ​အ​ပေါ်​သို့ ဘေး​အန္တ​ရာယ် ဆိုး​ကို​သက်​ရောက်​စေ​မည်။ သူ​တို့​သည်​ဒု​စ ရိုက်​ကို​ပြု​ခဲ့​ကြ​သည်​ဖြစ်​၍​ဗာ​လ​ဘု​ရား ကို​ယဇ်​ပူ​ဇော်​ခြင်း​အား​ဖြင့်​သူ​တို့​သည် ငါ ၏​အ​မျက်​တော်​ကို​လှုံ့​ဆော်​ကြ​လေ​ပြီ။''

Ezekiel 17:5ထို​နောက်​သူ​သည်​ဣသ​ရေ​လ​နိုင်​ငံ​တွင်​ရှိ​သည့် သစ်​စေ့​တစ်​စေ့​ကို​ယူ​၍ မိုး​မ​ခ​ပင်​ကဲ့​သို့ ပေါက်​နိုင်​ရန် ရေ​အ​စဉ်​ရ​၍​မြေ​ကောင်း​မြေ သန့်​ရှိ​ရာ​ကွင်း​တွင်​စိုက်​ပျိုး​၏။-

Ezekiel 33:31သို့​ဖြစ်​၍​ငါ​၏​လူ​မျိုး​တော်​သည်​သင်​ပြန် ကြား​ရန် ရှိ​သည့်​အ​မိန့်​တော်​ကို​နား​ထောင် ရန်​သင့်​ရှေ့​သို့​စု​ရုံး​လာ​ကြ​၏။ သို့​ရာ​တွင် သူ​တို့​သည်​သင်​ပြော​သည့်​အ​တိုင်း​မ​လုပ် ကြ။ ချစ်​ဖွယ်​သော​စ​ကား​များ​ပြော​ဆို​နေ ကြ​သော်​လည်း​လော​ဘ​စိတ်​အ​တိုင်း​ကျင့် ကြံ​ကြ​၏။-

Matthew 15:8`ဤ​လူ​မျိုး​သည်​ငါ့​အား​နှုတ်​ဖြင့်​ဂုဏ်​ပြု​ချီး​ကူး ကြ​၏။ သူ​တို့​၏​စိတ်​နှ​လုံး​မူ​ကား​ငါ​နှင့်​ဝေး​လှ​၏။ သူ​တို့​သည်​လူ့​ပ​ညတ်​များ​ကို​ဘု​ရား​ပေး​ပ​ညတ် သ​ဖွယ် သင်​ကြား​ပို့​ချ​ကြ​၏။

This Verse In Other Editions

King James VersionBíblia Portuguesa MundialLuther Bibel (Deutsch)Bible Louis Segond (Français)Библия (Русский)新标点和合本성경 (한국어)الكتاب المقدس باللغة العربية، فان دايكBibbia Diodati (Italiano)Kinh Thánh (Tiếng Việt)Biblia Cornilescu (Română)Polish Biblia Gdanska (1881)Statenvertaling (Nederlands)

Study ယေရမိအနာဂတ္တိကျမ်း 12:2

Matthew HenryJamieson-Fausset-BrownAdam ClarkeJohn WesleyJohn CalvinKeil and DelitzschScofieldFamily Bible NotesGeneva Bible Notes (1599)
← ယေရမိအနာဂတ္တိကျမ်း 12:1ယေရမိအနာဂတ္တိကျမ်း 12ယေရမိအနာဂတ္တိကျမ်း 12:3 →