ယေရမိအနာဂတ္တိကျမ်း 12:3
သို့ရာတွင် အို ထာဝရဘုရား၊ကိုယ်တော်ရှင်သည် ကျွန်တော်မျိုး၏အကြောင်းကိုသိတော်မူပါ၏။ ကျွန်တော်မျိုးပြုကျင့်သည့်အမှုကိုလည်းကောင်း၊ ကိုယ်တော်ရှင်အား၊ကျွန်တော်မျိုး၏အကြံ အစည် ကိုလည်းကောင်းသိမြင်တော်မူပါ၏။ ထိုဆိုးညစ်သူတို့အားအသတ်ခံရမည့်သိုး များကဲ့သို့ ဆွဲထုတ်သွားတော်မူပါ၏။ အသတ်ခံရချိန်မတိုင်မီသူတို့အား စောင့်ကြပ်ထားတော်မူပါ၏။
Common Language Bible
In The King James Version
In Context
Read all of ယေရမိအနာဂတ္တိကျမ်း 12
Cross References
1 Chronicles 29:17ကိုယ်တော်ရှင်သည်လူတိုင်း၏စိတ်နှလုံး ကိုစစ်ဆေးကြည့်ရှုတော်မူ၍ သမာဋ္ဌိ ရှိသူတို့အားနှစ်သက်တော်မူသည်ကို ကျွန်တော်မျိုးသိပါ၏။ ကျွန်တော်မျိုး သည်ရိုးဖြောင့်မှန်ကန်သောစေတနာ စိတ်ဖြင့် ဤဘဏ္ဍာကိုကိုယ်တော်ရှင်အား ဆက်သပါ၏။ ဤအရပ်တွင်စုရုံးလျက် ရှိသောကိုယ်တော်ရှင်၏လူမျိုးတော်သည် လည်း ကိုယ်တော်ရှင်အားပေးလှူပူဇော် ရသဖြင့်အဘယ်မျှဝမ်းမြောက်ကြ သည်ကိုကျွန်တော်မျိုးတွေ့ရှိရပါပြီ။-
Psalms 7:9ကိုယ်တော်ရှင်သည်ဖြောင့်မတ်တော်မူသောဘုရားဖြစ်တော်မူပါ၏။ လူတို့၏အကြံအစည်များနှင့်လိုအင်ဆန္ဒများကိုလည်းစစ်ဆေးတော်မူပါ၏။ သူယုတ်မာတို့၏ဆိုးညစ်မှုကိုဆီးတားတော်မူလျက်၊ သူတော်ကောင်းတို့အားကောင်းကျိုးကိုပေးသနားတော်မူပါ။
Psalms 17:3ကိုယ်တော်သည်ကျွန်တော်မျိုး၏စိတ်နှလုံးကို သိတော်မူပါ၏။ ညဥ့်အခါ၌ကျွန်တော်မျိုးထံသို့ကြွလာ၍ ကျွန်တော်မျိုး၏စိတ်နှလုံးကိုသေချာစွာ စစ်ဆေးကြည့်တော်မူသောအခါ ဆိုးယုတ်သောအကြံအစည်ကိုတွေ့ရှိတော် မမူပါ။ ကျွန်တော်မျိုးသည်အခြားသူတို့ကဲ့သို့ ညစ်ညမ်းသည့် စကားကိုမပြောမဆိုပါ။ ကိုယ်တော်၏ပညတ်တော်ကိုလိုက်လျှောက်ပါ၏။ အဋ္ဌမ္မလမ်းစဉ်ကိုမလိုက်မလျှောက်ခဲ့ပါ။
Psalms 44:21ဧကန်မုချကိုယ်တော်ရှင်သိတော်မူမည်သာ ဖြစ်ပါ၏။ အဘယ်ကြောင့်ဆိုသော်ကိုယ်တော်ရှင်သည် လူတို့၏လျှို့ဝှက်သောအကြံအစည်များကို သိတော်မူသောကြောင့်ဖြစ်ပါ၏။
Psalms 139:23အို ဘုရားသခင်၊ ကျွန်တော်မျိုးကိုစစ်ဆေးတော်မူ၍ကျွန်တော်မျိုး၏ စိတ်နှလုံးကိုသိမှတ်တော်မူပါ။ ကျွန်တော်မျိုးကိုစစ်ကြောတော်မူ၍ကျွန်တော်မျိုး၏ အကြံအစည်များကိုသိမှတ်တော်မူပါ။
Jeremiah 17:18ကျွန်တော်မျိုးအားနှိပ်စက်ညှင်းဆဲသူတို့ကို အရှက်ကွဲစေတော်မူ၍ ကျွန်တော်မျိုးအား အရှက်ရမှုမှချမ်းသာပေးတော်မူပါ။ ထို သူတို့အားထိတ်လန့်တုန်လှုပ်စိတ်နှင့်ပြည့်ဝ စေတော်မူ၍ ကျွန်တော်မျိုးကိုထိတ်လန့်တုန် လှုပ်စေတော်မမူပါနှင့်။ သူတို့၏အပေါ်သို့ ဘေးအန္တရာယ်ဆိုးကိုသက်ရောက်စေတော် မူ၍သူတို့အားကျိုးပဲ့ကြေမွစေတော် မူပါ။