ယေရမိအနာဂတ္တိကျမ်း 12:7
ထာဝရဘုရားက၊ ``ငါသည်ငါ၏အိမ်ကိုစွန့်ပစ်လိုက်လေပြီ။ ငါရွေးချယ်ထားသည့်ငါ၏အမွေခံကိုပစ်ပယ် လိုက်လေပြီ။ ငါချစ်မြတ်နိုးသည့်လူတို့အားရန်သူများ၏ လက်သို့ အပ်နှံလိုက်လေပြီ။
Common Language Bible
In The King James Version
In Context
Read all of ယေရမိအနာဂတ္တိကျမ်း 12
Cross References
Deuteronomy 33:12ဗင်္ယာမိန်အနွယ်ကိုရည်သန်၍ဤသို့ဖွဲ့ဆိုလေ သည်။ ``ဗင်္ယာမိန်အနွယ်ကိုထာဝရဘုရားချစ်၍ ကွယ်ကာစောင့်ရှောက်တော်မူ၏။ ကိုယ်တော်သည်သူတို့အားတစ်နေကုန် စောင့်ရှောက်တော်မူ၏။ သူတို့သည်ကိုယ်တော်၏အကာအကွယ် အောက်တွင်လုံခြုံစွာနေကြရ၏။''
Psalms 78:59မိမိ၏လူစုတော်ယင်းသို့ပြုကြသည်ကို တွေ့မြင်တော်မူသောအခါ ကိုယ်တော်သည်အမျက်ထွက်လျက်သူတို့အား လုံးလုံးစွန့်ပစ်တော်မူ၏။
Psalms 106:40သို့ဖြစ်၍ထာဝရဘုရားသည်မိမိ၏လူစု တော်အား အမျက်ထွက်တော်မူ၏။ သူတို့အားစက်ဆုပ်ရွံရှာတော်မူ၏။
Jeremiah 7:14သို့ဖြစ်၍သင်တို့ယုံကြည်အားထားသည့် ဤငါ၏ဗိမာန်၊ ငါ၏နာမကိုဆောင်သော ဤအိမ်တော်ကိုရှိလောရွာနည်းတူငါပြု မည်။ သင်တို့ဘိုးဘေးများနှင့်သင်တို့အား ငါပေးခဲ့သည့်ဤအရပ်ဌာနကိုရှိလော ရွာနည်းတူငါပြုမည်။-
Jeremiah 11:15ထာဝရဘုရားက``ငါချစ်မြတ်နိုးသည့် လူတို့သည် မကောင်းမှုများကိုပြုကျင့် လျက်နေကြ၏။ သူတို့မှာအဘယ်သို့လျှင် ငါ၏ဗိမာန်တော်သို့ဝင်ရောက်ခွင့်ရှိသနည်း။ တိရစ္ဆာန်များကိုယဇ်ပူဇော်ခြင်းအားဖြင့် သက်ရောက်လတ္တံ့သောဘေးအန္တရာယ်ဆိုးကို ဖယ်ရှားနိုင်မည်ဟုထင်မှတ်ကြသလော။ သူ တို့သည်ဆိုးညစ်မှုများကိုပြုလုပ်လျက် ဝမ်းမြောက်ကြမည်လော။-
Jeremiah 22:5သို့ရာတွင်အကယ်၍သင်တို့သည်ငါ၏ စကားကိုနားမထောင်ကြပါမူ ဤနန်း တော်သည်ယိုယွင်းပျက်စီး၍သွားလိမ့်မည် ဖြစ်ကြောင်းသင်တို့အားကျိန်ဆိုပြောကြား ၏။ ဤကားငါထာဝရဘုရားမြွက်ဟ သည့်စကားဖြစ်၏ဟုမိန့်တော်မူ၏။