ယေရမိအနာဂတ္တိကျမ်း 12:9
ငါရွေးချယ်ထားသည့်ငါ၏အမွေခံသည်သိမ်း ငှက်များ ဝိုင်းဝန်း၍ထိုးဆိတ်ခံရသည့်ငှက်နှင့်တူ၏။ သားရဲတိရစ္ဆာန်တို့လာ၍စားသောက်ကြရန် ခေါ်ဖိတ်လော့။
Common Language Bible
In The King James Version
In Context
Read all of ယေရမိအနာဂတ္တိကျမ်း 12
Cross References
2 Kings 24:2ထာဝရဘုရားသည်မိမိ၏အစေခံပရော ဖက်များအားဖြင့် မိန့်တော်မူခဲ့သည့်အတိုင်း ယုဒပြည်ကိုဖျက်ဆီးရန် ဗာဗုလုန်၊ ရှုရိ၊ မောဘနှင့်အမ္မုန်တပ်သားများကိုစေလွှတ် တော်မူ၏။-
Isaiah 2:12ထိုကာလ၌အနန္တတန်ခိုးရှင်ထာဝရဘုရား သည်တန်ခိုးကြီးသူ၊ မာန်မာနကြီးသူနှင့်စိတ် ကြီးဝင်သူမှန်သမျှကိုရှုတ်ချတော်မူလိမ့်မည်။-
Jeremiah 2:15ရန်သူများသည်သူ့အားခြင်္သေ့ကဲ့သို့ဟောက် ကြ၏။ သူ၏ပြည်ကိုခြောက်သွေ့စေကြ၏။ သူ၏မြို့များသည်ယိုယွင်းပျက်စီးကာ လူသူဆိတ်ညံလျက်ရှိ၏။
Jeremiah 15:3သူတို့အပေါ်သို့ ကြောက်မက်ဖွယ်ရာဘေးအန္တရာယ် လေးပါးသက်ရောက်စေရန် ငါထာဝရဘုရား ဆုံးဖြတ်ထားတော်မူလေပြီ။ သူတို့သည်စစ်ပွဲ တွင်အသတ်ခံရကြလိမ့်မည်။ သူတို့၏အလောင်း များကိုခွေးတို့ဆွဲယူသွားကြလိမ့်မည်။ ထို အသေကောင်တို့ကိုငှက်များထိုးကြလိမ့်မည်။ ကြွင်းကျန်သည့်အသားကိုတောသားရဲတို့ ကိုက်စားကြလိမ့်မည်။-
Ezekiel 23:22``သို့ဖြစ်၍အချင်းအဟောလိဗ၊ သင့်အားငါ အရှင်ထာဝရဘုရားမိန့်တော်မူသည်ကား သင် သည်ဤချစ်သူတို့ကိုငြီးငွေ့သွားပြီဖြစ်သော် လည်း ငါသည်သူတို့အားခေါ်ဆောင်ခဲ့မည်။ သူတို့ သည်သင့်ကိုအမျက်ထွက်၍ဝိုင်းရံထားကြ လိမ့်မည်။-
Ezekiel 39:17အရှင်ထာဝရဘုရားကငါ့အား``အချင်း လူသား၊ ပတ်ဝန်းကျင်အရပ်ရပ်မှငှက်များ နှင့်တိရစ္ဆာန်များအား သူတို့အတွက်ငါပြင် ဆင်ပေးမည့်ယဇ်ပူဇော်ပွဲသို့လာ၍စား သောက်ကြရန်ခေါ်ဖိတ်လော့။ ဣသရေလ တောင်ပေါ်မှကြီးမြတ်သောယဇ်ပူဇော်ပွဲ ကြီးဖြစ်၏။-