ယေရမိအနာဂတ္တိကျမ်း 13:10
ဤဆိုးညစ်သူတို့သည်ငါ့စကားကို နားမထောင်၊ ခေါင်းမာမြဲခေါင်းမာလျက်၊ အခြားဘုရားတို့အားဝတ်ပြုကိုးကွယ်၍ အစေခံလျက်နေကြလေပြီ။ သို့ဖြစ်၍ ထိုသူတို့သည်အသုံးမဝင်တော့သည့် ခါးဝတ်ကဲ့သို့ဖြစ်ကြလိမ့်မည်။-
Common Language Bible
In The King James Version
In Context
Read all of ယေရမိအနာဂတ္တိကျမ်း 13
Cross References
Numbers 14:11ထာဝရဘုရားကမောရှေအား``ဤလူတို့ သည်မည်မျှကာလပတ်လုံးငါ့ကိုပစ်ပယ် ကြမည်နည်း။ ငါသည်သူတို့တွင်အံ့သြဖွယ် အမှုများစွာတို့ကိုပြခဲ့သော်လည်း သူတို့ သည်မည်မျှကာလပတ်လုံးငါ့ကိုမယုံ ကြည်မကိုးစားဘဲနေကြမည်နည်း။-
Psalms 78:8သူတို့သည်ဘုရားစကားကိုနားမထောင်ဘဲ ပုန်ကန်တတ်သောဘိုးဘေးတို့ကဲ့သို့မဖြစ် တော့ပေ။ ထိုဘိုးဘေးတို့ကားအဘယ်အခါကမျှ ဘုရားသခင်ကိုစွဲမြဲစွာကိုးစားမှုမရှိ ခဲ့ကြ။ ကိုယ်တော်၏အပေါ်၌လည်းအစဉ်အမြဲ သစ္စာမစောင့်ကြ။
Isaiah 3:24သူတို့သည်ရေမွှေးနံ့မရဘဲပုပ်စပ်နံစော် ၍နေလိမ့်မည်။ လှပသည့်ခါးပတ်များအစား ကြိုးကြမ်းများကိုအသုံးပြုရကြလိမ့်မည်။ ရှုချင်စဖွယ်ကောင်းသောဆံထုံးများအစား ဦးပြည်းခေါင်းတုံးထားရကြလိမ့်မည်။ တင့် တယ်လှပသောဝတ်စားတန်ဆာများအစား အဝတ်စုတ်များကိုဝတ်ဆင်ရကြလိမ့်မည်။ သူတို့၏နှစ်လိုဖွယ်ရာအဆင်းသည်လည်း ရှက်ဖွယ်ရာအဖြစ်သို့ပြောင်းလဲ၍သွား လိမ့်မည်။
Jeremiah 5:23သို့ရာတွင်အချင်းလူတို့၊ သင်တို့သည်ခေါင်းမာပုန်ကန်ကာလမ်းလွဲ၍ငါ၏ထံမှထွက်ခွာသွားကြလေပြီ။-
Jeremiah 7:24သို့ရာတွင်သူတို့သည်ငါ၏စကားကိုနား မထောင်၊ အလေးဂရုလည်းမပြုကြ။ သူတို့ သည်မိမိတို့၏ခိုင်မာဆိုးညစ်သည့်စိတ်နှ လုံးမှပေါ်ထွက်လာသည့်အကြံအစည်များ အတိုင်းပြုမူကြကုန်သည်။ သူတို့သည်ပိုမို ကောင်းမွန်လာမည့်အစားဆိုးယုတ်၍လာ ကြ၏။-
Jeremiah 9:13ထာဝရဘုရားက``ဤအမှုအရာဖြစ်ပျက် လာသည်မှာ ငါ၏လူမျိုးတော်သည်မိမိတို့ အားငါပေးအပ်ခဲ့သည့်သြဝါဒကိုစွန့်ပယ် ခဲ့ကြသောကြောင့်ဖြစ်၏။ သူတို့သည်ငါ၏ စကားကိုနားမထောင်။ ငါပြောဆိုသည့် အတိုင်းလည်းမပြုမလုပ်ကြ။-