ယေရမိအနာဂတ္တိကျမ်း 13:17
အကယ်၍သင်တို့နားမထောင်ကြပါမူ ငါသည်သင်တို့၏မာန်မာနထောင်လွှားမှု အတွက် ကြိတ်၍ငိုကြွေးမည်။ ငါသည်ဝမ်းနည်းပက်လက်ငိုကြွေးမည်။ ထာဝရဘုရား၏သိုးစုတော်သည်ဖမ်းဆီး ခေါ်ဆောင် သွားခြင်းကိုခံရပြီဖြစ်၍ငါ့မျက်ရည်စီး ကျမည်။
Common Language Bible
In The King James Version
In Context
Read all of ယေရမိအနာဂတ္တိကျမ်း 13
Cross References
Psalms 80:1ဣသရေလအမျိုးသားတို့၏သိုးထိန်းတော် ကြီး၊ ကျွန်တော်မျိုးတို့၏ပန်ကြားချက်ကို နားထောင်တော်မူပါ။ သိုးစုတော်ကိုရှေ့ဆောင်လမ်းပြတော်မူသော အရှင်၊ ကျွန်တော်မျိုးတို့လျှောက်ထားချက်ကို နားညောင်းတော်မူပါ။ ခေရုဗိမ်ရုပ်အထက်စံတော်မူသောအရှင်၊
Isaiah 63:11ထိုအခါသူတို့သည်အတိတ်ကာလ၊ ထာဝရ ဘုရား၏အစေခံမောရှေ၏ခေတ်ကိုအောက်မေ့ သတိရကြလျက်``မိမိလူမျိုးတော်၏ခေါင်း ဆောင်များကိုပင်လယ်မှကယ်တော်မူသော ထာဝရဘုရားသည်အဘယ်မှာနည်း။ မောရှေ အားထူးကဲသည့်တန်ခိုးကို ပေးတော်မူသော ထာဝရဘုရားကားအဘယ်မှာနည်း။-
Jeremiah 13:19တောင်ဘက်ယုဒမြို့တို့သည်အဝိုင်းခံလျက် ရှိ၏။ ယင်းတို့ထံသို့အဘယ်သူမျှမသွား နိုင်။ ယုဒပြည်သားအပေါင်းတို့သည်အဖမ်း ခံရကြလေပြီ။ သူတို့အားလုံးပင်ပြည်နှင် ဒဏ်သင့်ကြလေကုန်ပြီ'' ဟုမိန့်တော်မူ၏။
Jeremiah 17:16သို့ရာတွင်``အို ထာဝရဘုရား၊ ကျွန်တော်မျိုး သည်သိုးထိန်းအဖြစ်မှရှောင်လွှဲခဲ့ခြင်းမရှိပါ။ ဆင်းရဲဒုက္ခရောက်မည့်နေ့ကိုမတောင့်တခဲ့ ကြောင်းကိုလည်း ကိုယ်တော်ရှင်သိတော်မူပါ၏။ ကျွန်တော်မျိုးနှုတ်မှထွက်သည့်စကားများ ကိုကိုယ်တော်ရှင်သိတော်မူပါ၏။-
Jeremiah 23:1ကိုယ်တော်၏လူမျိုးတော်အားဖျက်ဆီး၍ကွဲ လွင့်စေသည့်မင်းစိုးရာဇာများအပေါ်သို့ ထာ ဝရဘုရားချမှတ်တော်မူမည့်တရားစီရင် ချက်သည်အဘယ်မျှကြောက်လန့်ဖွယ်ကောင်း လိမ့်မည်နည်း။-