The Bible Software
bible.software › ယေရမိအနာဂတ္တိကျမ်း › ယေရမိအနာဂတ္တိကျမ်း 14 › ယေရမိအနာဂတ္တိကျမ်း 14:17

ယေရမိအနာဂတ္တိကျမ်း 14:17

ငါ​၏​ကြေ​ကွဲ​မှု​ကို​ပြည်​သူ​တို့​အား​ဤ​သို့ ပြော​ပြ​ရန်​ငါ့​အား​ထာ​ဝ​ရ​ဘု​ရား​အ​မိန့် ပေး​တော်​မူ​၏။ ``ငါ​၏​မျက်​စိ​များ​သည်​နေ့​ညဥ့်​မ​ပြတ် မျက်​ရည်​ထွက်​လျက်​နေ​ပါ​စေ​သော။ ငါ့​အ​မျိုး​သား​တို့​သည်​ပြင်း​စွာ ဒဏ်​ရာ​ရ​လျက် များ​စွာ​နာ​ကျင်​လျက်​ရှိ​သ​ဖြင့်၊ငါ​သည်​အ​ဘယ် အ​ခါ​၌​မျှ​အ​ငို​မ​တိတ်​နိုင်​ဘဲ​ရှိ​ပါ​စေ​သော။

Common Language Bible

In The King James Version

Therefore thou shalt say this word unto them; Let mine eyes run down with tears night and day, and let them not cease: for the virgin daughter of my people is broken with a great breach, with a very grievous blow.

In Context

16သူ​တို့​ဟော​ပြော​သည်​ကို​ကြား​နာ​ကြ​သူ​တို့ သည်​လည်း သူ​တို့​ကဲ့​သို့​သေ​ကြ​လိမ့်​မည်။ ငတ် မွတ်​ခေါင်း​ပါး​ခြင်း​ဘေး​နှင့် စစ်​ဘေး​တို့​ကြောင့် သူ​တို့​၏​အ​လောင်း​များ​ကို​ယေ​ရု​ရှ​လင်​မြို့ လမ်း​များ​ပေါ်​တွင်​စွန့်​ပစ်​၍​ထား​ကြ​လိမ့်​မည်။ ယင်း​တို့​ကို​အ​ဘယ်​သူ​မျှ​သင်္ဂြိုဟ်​ကြ​လိမ့်​မည် မ​ဟုတ်။ ဇ​နီး​သား​သ​မီး​များ​ပါ​မ​ကျန်၊ ထို သူ​အား​လုံး​ပင်​ဤ​နည်း​အ​တိုင်း​ဖြစ်​ရ​ကြ လိမ့်​မည်။ မိ​မိ​တို့​၏​ယုတ်​မာ​မှု​များ​အ​တွက် သူ​တို့​အား​ငါ​ဒဏ်​ခတ်​မည်'' ဟု​မိန့်​တော်​မူ​၏။

18လယ်​ပြင်​များ​သို့​သွား​သော​အ​ခါ​စစ်​ပွဲ​တွင် ကျ​ဆုံး​သူ​များ​ကို​ငါ​မြင်​ရ​၏။ မြို့​များ​သို့​ဝင်​သော​အ​ခါ​လူ​တို့​အ​စာ​ငတ်​၍ သေ​ကြ​သည်​ကို​မြင်​ရ​၏။ ပ​ရော​ဖက်​များ​နှင့်​ယဇ်​ပု​ရော​ဟိတ်​များ​သည် မိ​မိ​တို့​အ​ဘယ်​သို့​သော​အ​မှု​ကို​ပြု​လျက် နေ​မှန်း​မ​သိ​ဘဲ၊ အ​လုပ်​တာ​ဝန်​များ​ကို​ထမ်း​ဆောင်​နေ​ကြ​၏။''

Read all of ယေရမိအနာဂတ္တိကျမ်း 14

Cross References

Psalms 80:4အ​နန္တ​တန်​ခိုး​ရှင်​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​ရှင်​သည်​အ​ဘယ်​မျှ​ကာ​လ​ပတ်​လုံး မိ​မိ​၏​လူ​စု​တော်​ပြု​သည့်​ဆု​တောင်း​ပတ္ထနာ များ​ကို အ​မျက်​ထွက်​၍​နေ​တော်​မူ​ပါ​မည်​နည်း။

Isaiah 37:22ထာ​ဝ​ရ​ဘု​ရား​က``အ​ချင်း​သ​နာ​ခ​ရိပ်၊ ယေ​ရု ရှ​လင်​မြို့​သည်​သင့်​ကို​ကြည့်​၍​ပြုံး​ကာ​ပြက် ရယ်​ပြု​လေ​ပြီ။-

Jeremiah 8:21ငါ​၏​အ​မျိုး​သား​တို့​သည်​အ​ချေ​မှုန်း​ခံ​ရ ကြ​သ​ဖြင့် ငါ​၏​စိတ်​နှ​လုံး​သည်​ကြေ​မွ​လျက်​ရှိ​၏။ ငါ​သည်​ငို​ကြွေး​မြည်​တမ်း​လျက်၊အ​လွန့်​အ​လွန် တုန်​လှုပ်​ချောက်​ချား​လျက်​ရှိ​၏။

Jeremiah 10:19ယေ​ရု​ရှ​လင်​မြို့​သား​တို့​က``ငါ​တို့​သည် ပြင်း​ပြ​စွာ ဝေ​ဒ​နာ​ခံ​ရ​ကြ​ပါ​ပြီ။ ငါ​တို့​၏​အ​နာ​များ​သည်​ပျောက်​လိမ့်​မည် မ​ဟုတ်​ပါ။ သို့​ရာ​တွင်​ဝေ​ဒ​နာ​ကို​ခံ​နိုင်​လိမ့်​မည်​ဟု ငါ​တို့​ထင်​မှတ်​ခဲ့​ကြ​ပါ​သည်​တ​ကား။

Jeremiah 30:14သင်​တို့​၏​ချစ်​ခင်​သူ​များ​သည်​သင်​တို့​အား မေ့​ပျောက်​၍ သွား​ကြ​လေ​ကုန်​ပြီ။ သူ​တို့​သည်​ဂ​ရု​မ​စိုက်​ကြ​တော့​ပေ။ သင်​တို့​အ​ပြစ်​သည်​များ​ပြား​လှ​၍​သင်​တို့ ဒု​စ​ရိုက်​သည် ကြီး​မား​လှ​သ​ဖြင့် ငါ​သည်​ရန်​သူ​သ​ဖွယ်​သင်​တို့​အား​ဒဏ်​ရာ​ရ စေ​ခဲ့​၏။ သင်​တို့​ခံ​ရ​သည့်​အ​ပြစ်​ဒဏ်​သည်​ပြင်း​ထန်​၏။

Lamentations 2:11ငါ​၏​မျက်​စိ​များ​သည်​ငို​ရ​လွန်း​သ​ဖြင့် နွမ်း​နယ်​လျက်​နေ​ပါ​၏။ ငါ​၏​စိတ်​ဝိ​ညာဉ်​သည်​လည်း​ပူ​ဆွေး​လျက်​ရှိ​ပါ​၏။ ငါ​သည်​မိ​မိ​အ​မျိုး​သား​တို့​ဆုံး​ပါး​ပျက်​စီး ကြ​သည့်​အ​တွက်​ဝမ်း​နည်း​ကြေ​ကွဲ​မှု​ဖြင့် အား​အင်​ကုန်​ခန်း​လျက်​နေ​ပေ​သည်။ သူ​ငယ်​နှင့်​နို့​စို့​က​လေး​တို့​သည်​မြို့​တွင်း​ရှိ လမ်း​များ​ပေါ်​တွင်​မေ့​မြော​၍​နေ​ကြ​၏။

This Verse In Other Editions

King James VersionBíblia Portuguesa MundialLuther Bibel (Deutsch)Bible Louis Segond (Français)Библия (Русский)新标点和合本성경 (한국어)الكتاب المقدس باللغة العربية، فان دايكBibbia Diodati (Italiano)Kinh Thánh (Tiếng Việt)Biblia Cornilescu (Română)Polish Biblia Gdanska (1881)Statenvertaling (Nederlands)

Study ယေရမိအနာဂတ္တိကျမ်း 14:17

Matthew HenryJamieson-Fausset-BrownAdam ClarkeJohn WesleyJohn CalvinKeil and DelitzschScofieldFamily Bible NotesGeneva Bible Notes (1599)
← ယေရမိအနာဂတ္တိကျမ်း 14:16ယေရမိအနာဂတ္တိကျမ်း 14ယေရမိအနာဂတ္တိကျမ်း 14:18 →