ယေရမိအနာဂတ္တိကျမ်း 14:2
``ယုဒပြည်သည်ငိုကြွေးလျက်နေ၏။ ယုဒမြို့တို့သည်နွမ်းလျလျက်နေ၏။ ယုဒပြည်အတွက်ဝမ်းနည်းကြေကွဲကြ၏။ ယေရုရှလင်မြို့သည်အော်ဟစ်လျက် အကူအညီတောင်းခံ၍နေ၏။
Common Language Bible
In The King James Version
In Context
1မိုးခေါင်ခြင်းနှင့်ပတ်သက်၍ထာဝရဘုရား သည် ငါ့အားမိန့်တော်မူသည်ကား၊
Read all of ယေရမိအနာဂတ္တိကျမ်း 14
Cross References
1 Samuel 5:12သေဘေးနှင့်လွတ်သောသူများပင်လျှင် အနာစိမ်းများပေါက်ကြသဖြင့် လူတို့သည် မိမိတို့၏ဘုရားများအားကူမရန်ဟစ် အော်လျှောက်ထားကြ၏။
Job 34:28ထိုသို့ပြုသောကြောင့် ဆင်းရဲသားငိုကြွေးသံသည် ရှေ့တော်သို့ တက်၍၊ ညှဉ်းဆဲခံရသောသူ၏ ငိုကြွေး သံကိုကြားတော်မူရ၏။
Isaiah 5:7ဣသရေလပြည်သည်အနန္တတန်ခိုးရှင် ထာဝရဘုရား၏ဥယျာဉ်ဖြစ်၏။ ယုဒပြည်သူတို့မှာကိုယ်တော်စိုက်ပျိုးသည့် စပျစ်ပင်များဖြစ်ကြ၏။ သူတို့သည်သုစရိုက်ကိုပြုလိမ့်မည်ဟု ကိုယ်တော်မျှော်လင့်တော်မူခဲ့၏။ သို့ရာတွင်သူတို့ကလူသတ်မှုကို ကူးလွန်ကြလေသည်။ သူတို့သည်ဖြောင့်မှန်ရာကိုပြုလိမ့်မည်ဟု ကိုယ်တော်မျှော်လင့်တော်မူခဲ့၏။ သို့ရာတွင်သူတို့၏အနှိပ်အစက်ခံရကြ သူတို့သည် တရားမျှတမှုရရှိရန်အော်ဟစ်လျက် နေကြလေသည်။
Isaiah 24:4ကမ္ဘာမြေကြီးသည်ခြောက်သွေ့နွမ်းနယ်လျက် ရှိ၏။ ချီးမြှောက်ခြင်းခံရသောကမ္ဘာသူကမ္ဘာ သားအပေါင်းတို့သည်ချည့်နဲ့၍နေကြ၏။ မိုးကောင်းကင်သည်လည်းကမ္ဘာမြေကြီး နှင့်အတူဆွေးမြေ့လျက်ရှိပေသည်။-
Isaiah 24:11လူတို့သည်လမ်းများပေါ်တွင်ရပ်၍စပျစ် ရည်ကိုအော်ဟစ်တောင့်တလျက်နေကြ၏။ ဝမ်းမြောက်ရွှင်လန်းမှုကားထာဝစဉ်ကွယ် ပျောက်သွားတော့၏။ ယင်းကိုပြည်တွင်းမှ နှင်ထုတ်လိုက်ကြလေပြီ။-
Jeremiah 4:28ကမ္ဘာမြေကြီးသည်ဝမ်းနည်းပူဆွေးလျက်နေ လိမ့်မည်။ မိုးကောင်းကင်သည်လည်းမှောင်မဲ၍လာလိမ့် မည်။ ထာဝရဘုရားသည်မိန့်မြွက်တော်မူပြီးနောက် မိမိ၏စိတ်ကိုပြောင်းလဲတော်မူလိမ့်မည်မဟုတ်။ စိတ်ပိုင်းဖြတ်တော်မူပြီးနောက်ကိုယ်တော်သည် နောက်ဆုတ်တော်မူလိမ့်မည်မဟုတ်။