ယေရမိအနာဂတ္တိကျမ်း 15:2
သူတို့ကမိမိတို့သည်အဘယ်အရပ်သို့ သွားရပါမည်နည်းဟု သင့်အားမေးသော အခါဤသို့ပြောကြားလော့။ ``သင်တို့အချို့သည်အနာရောဂါဘေး သင့်ပြီး သေရကြမည်ဖြစ်၍ အနာရောဂါဖြစ်ပွားရာသို့လည်းကောင်း၊ အချို့တို့မှာစစ်ပွဲတွင်ကျဆုံးရကြမည်ဖြစ်၍ စစ်မက်ဖြစ်ပွားရာသို့၊အချို့တို့ကားငတ်မွတ် ခေါင်းပါးခြင်းဘေးသင့်၍ သေရကြမည်ဖြစ်၍ငတ်မွတ်ခေါင်းပါးရာသို့၊ အချို့သူတို့မှာမူသုံ့ပန်းအဖြစ်ဖမ်းဆီး ခေါ်ဆောင်ခြင်းခံရကြမည်ဖြစ်၍၊ အဖမ်းခံရကြမည့်အရပ်သို့သွားရမည်ဟု'' ငါအားမိန့်တော်မူ၏။''
Common Language Bible
In The King James Version
In Context
Read all of ယေရမိအနာဂတ္တိကျမ်း 15
Cross References
Isaiah 24:18ထိတ်လန့်ဖွယ်ရာဘေးဥပဒ်မှလွတ်မြောက် ရန်ကြိုးစားသူသည်မြေတွင်းထဲသို့ကျ လိမ့်မည်။ မြေတွင်းမှလွတ်မြောက်လာသူသည် ကျော့ကွင်းတွင်မိလိမ့်မည်။ ကောင်းကင်မှမိုး ကြီးသည်းထန်စွာရွာသွန်း၍ ကမ္ဘာမြေကြီး ၏အုတ်မြစ်များသည်တုန်လှုပ်လိမ့်မည်။-
Jeremiah 16:4ထိုသူတို့သည်ကြောက်မက်ဖွယ်ကောင်းသည့် အနာရောဂါဘေးသင့်၍သေရကြလိမ့်မည်။ အဘယ်သူမျှသူတို့အတွက်ငိုကြွေးမြည် တမ်းကြလိမ့်မည်မဟုတ်။ သူတို့၏အလောင်း များကိုလည်းသင်္ဂြိုဟ်ကြလိမ့်မည်မဟုတ်။ ထို အလောင်းတို့သည်မြေပေါ်တွင်နောက်ချေးပုံ များကဲ့သို့ရှိနေကြလိမ့်မည်။ ထိုသူတို့သည် စစ်ပွဲတွင်ကျဆုံးရကြလိမ့်မည်။ သို့မဟုတ် လျှင်လည်းအစာငတ်မွတ်ခေါင်းပါးခြင်းဘေး သင့်၍သေရကြလျက် သူတို့၏အလောင်း များသည်ငှက်များနှင့်တောသားရဲများ ၏အစာဖြစ်လိမ့်မည်။''
Jeremiah 43:11နေဗုခဒ်နေဇာသည်လာ၍အီဂျစ်ပြည်ကို နှိမ်နင်းအောင်မြင်လိမ့်မည်။ သူသည်အနာ ရောဂါဘေးဖြင့်သေရကြမည့်သူတို့အား အနာရောဂါဘေးဖြင့်သေစေလိမ့်မည်။ သုံ့ ပန်းများအဖြစ်နှင့်ခေါ်ဆောင်ခြင်းခံရကြ မည့်သူတို့အားသုံ့ပန်းများအဖြစ်ခေါ်ဆောင် သွားလိမ့်မည်။ စစ်ပွဲတွင်ကျဆုံးရကြမည့် သူတို့အားစစ်ပွဲတွင်ကျဆုံးစေလိမ့်မည်။-
Ezekiel 5:12သင်တို့အနက်သုံးပုံတစ်ပုံသောလူတို့ မြို့တွင်း၌အနာရောဂါဘေး၊ ငတ်မွတ်ခြင်း ဘေးတို့ဖြင့်သေကြလိမ့်မည်။ အခြားသုံး ပုံတစ်ပုံမှာမြို့ပြင်၌ဋ္ဌားဘေးသင့်၍သေ ကြလိမ့်မည်။ ကျန်သုံးပုံတစ်ပုံကိုမူလေ တွင်လွင့်စင်သွားစေလျက်ငါသည်ဋ္ဌားဖြင့် လိုက်လံတိုက်ခိုက်မည်။
Daniel 9:12ကိုယ်တော်သည်မိမိမိန့်တော်မူခဲ့သည် အတိုင်း အကျွန်ုပ်တို့နှင့်အကျွန်ုပ်တို့ကို အုပ်စိုးသူတို့အား အပြစ်ဒဏ်ပေးတော် မူပါပြီ။ ယေရုရှလင်မြို့အားကမ္ဘာပေါ် ရှိအခြားမြို့များထက်ပို၍ ပြင်းထန်စွာ အပြစ်ပေးတော်မူပါ၏။-
Zechariah 11:9ထိုနောက်ငါ၏သိုးအုပ်အား``ငါသည်သင် တို့၏သိုးထိန်းမလုပ်လိုတော့ပါ၊ သေရ မည့်သိုးတို့သည်သေကြပါလေစေ။ အသတ် ခံရမည့်သိုးများသည်လည်းအသတ်ခံရ ကြပါလေစေ။ အသက်မသေဘဲကျန်ရှိ သည့်သိုးများသည်လည်း မိမိတို့အချင်း ချင်းသတ်ဖြတ်ကြပါလိမ့်မည်'' ဟုပြော ဆို၏။-