ယေရမိအနာဂတ္တိကျမ်း 15:7
``လေတွင်လွင့်ပါသွားသည့်ဖွဲကဲ့သို့သင်တို့ အား ဤပြည်ရှိအမြို့မြို့တို့၌ကွဲလွင့်သွားစေလေပြီ။ ငါ၏လူမျိုးတော်၊ သင်တို့သည်မိမိတို့၏ ဆိုးညစ်သည့် လမ်းစဉ်ကိုမစွန့်ကြသဖြင့်၊ သင်တို့အားဝမ်းနည်းကြေကွဲစေ၍ ငါသုတ်သင်ပယ်ရှင်းခဲ့လေပြီ။
Common Language Bible
In The King James Version
In Context
Read all of ယေရမိအနာဂတ္တိကျမ်း 15
Cross References
Deuteronomy 28:18``ထာဝရဘုရားသည် သင်တို့တွင်သားသမီး အနည်းငယ်မျှသာထွန်းကားစေရန်လည်း ကောင်း၊ သင်တို့၏ကောက်ပဲသီးနှံကိုညံ့ဖျင်း စေရန်လည်းကောင်း၊ သိုးနွားအနည်းငယ်မျှ ကိုသာရရှိစေရန်လည်းကောင်း သင်တို့အား ကျိန်စာသင့်စေတော်မူမည်။
Deuteronomy 28:41သင်တို့တွင်သားသမီးများပေါက်ဖွားမည် ဖြစ်သော်လည်း ရန်သူကသူတို့ကိုသုံ့ပန်း အဖြစ်ဖမ်းဆီးသွားမည်ဖြစ်သောကြောင့် သင်တို့သည်သားမဲ့သမီးမဲ့ဖြစ်လိမ့်မည်။-
Psalms 1:4သို့ရာတွင်၊သူယုတ်မာတို့မူကားအဘယ်နည်းနှင့်မျှဤသို့မဖြစ်နိုင်။ သူတို့သည်လေတိုက်ရာတွင်လွင့်ပါသွားတတ်သောဖွဲနှင့်တူကြ၏။
Isaiah 9:13ဣသရေလအမျိုးသားတို့သည်နောင်တ မရကြ။ မိမိတို့အားအနန္တတန်ခိုးရှင် ထာဝရဘုရားသည် အပြစ်ဒဏ်ခတ်တော်မူ ပြီဖြစ်သော်လည်းသူတို့သည်အထံတော် သို့မပြန်ကြ။-
Jeremiah 4:11သဲကန္တာရမှလေပူကြီးသည် တိုက်ခတ်လာ လိမ့်မည်ဖြစ်ကြောင်းယေရုရှလင်မြို့သား တို့ကြားသိရမည့်နေ့ရက်ကာလသည်ကျ ရောက်လာလိမ့်မည်။ ထိုလေသည်သူတို့အား ဂျုံစပါးလှေ့ရန်တိုက်ခတ်လာခြင်းမဟုတ်။-
Jeremiah 8:4လူတို့အားဆင့်ဆိုရန် ထာဝရဘုရားမိန့် တော်မူသည်မှာ``အဘယ်သူသည်လဲကျပြီး နောက်ပြန်မထဘဲနေသနည်း။ အဘယ်သူ သည်လမ်းမှားသွားပြီးနောက်ပြန်မလှည့် ဘဲနေသနည်း။-