ယေရမိအနာဂတ္တိကျမ်း 16:11
ထိုအခါသူတို့အားထာဝရဘုရားက`သင် တို့ဘိုးဘေးများသည် ငါ့ကိုစွန့်ပစ်၍အခြား ဘုရားများကိုဝတ်ပြုကိုးကွယ်ကြ၏။ သူ တို့သည်ငါ့ကိုစွန့်ပစ်ကာငါ၏သြဝါဒ များကိုမလိုက်နာကြ။-
Common Language Bible
In The King James Version
In Context
Read all of ယေရမိအနာဂတ္တိကျမ်း 16
Cross References
Judges 2:11ထိုအခါ၌ဣသရေလအမျိုးသားတို့သည် ထာဝရဘုရားအားပြစ်မှားကာဗာလ ဘုရားများကိုကိုးကွယ်ကြလေသည်။-
Judges 2:13သူတို့သည်ထာဝရဘုရားအားကိုးကွယ်မှု ကိုစွန့်၍ ဗာလဘုရားများနှင့်အာရှတရက် ဘုရားများကိုရှိခိုးကြ၏။-
1 Kings 9:9ထိုအခါလူတို့ကဤသူတို့သည်မိမိတို့ ဘိုးဘေးများအား`အီဂျစ်ပြည်မှထုတ်ဆောင် လာတော်မူသောဘုရားသခင်ထာဝရဘုရား ကိုစွန့်၍ အခြားဘုရားများထံမှီဝဲဆည်း ကပ်ကြသောကြောင့် ထာဝရဘုရားသည်သူ တို့အပေါ်ဘေးဆိုးကိုသင့်ရောက်စေတော်မူ ခြင်းဖြစ်သည်' ဟုပြန်လည်ဖြေကြားကြ လိမ့်မည်'' ဟုမိန့်တော်မူ၏။
Psalms 106:35ထိုသူတို့နှင့်ထိမ်းမြားမင်္ဂလာပြုလျက်သူတို့၏ ဋ္ဌလေ့ထုံးစံများကိုလိုက်နာကျင့်သုံးကြ၏။
Jeremiah 5:7``ငါသည်မိမိလူမျိုးတော်၏အပြစ်များကိုအဘယ်ကြောင့်ဖြေလွှတ်ရမည်နည်း။ သူတို့၏သားသမီးများသည်ငါ့ကိုစွန့်ပစ်ကာ ဘုရားအတုအယောင်များကိုတိုင်တည်လျက်ကျိန်ဆိုကြလေပြီ။ ငါသည်မိမိလူမျိုးတော်အားဝစွာကျွေးသော်လည်း သူတို့သည်သူတစ်ပါးအိမ်ရာကိုပြစ်မှားကာပြည့်တန်ဆာများနှင့်မှားယွင်းကြ၏။
Jeremiah 9:14သူတို့သည်ခေါင်းမာလျက်မိမိဘိုးဘေး များသွန်သင်ထားခဲ့သည့်အတိုင်း ဗာလ ဘုရားကိုဝတ်ပြုရှိခိုးကြ၏။-